မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှကြီးမှူးကာ ရန်ကုန်မြစ်အတွင်း သွားလာနေသော
စက်တပ်ရေယာဉ်ငယ်များအတွက် ပိုမိုဘေးကင်းစိတ်ချရန်နှင့် အသုံးပြုရ လွယ်ကူစေရန်
ခေတ်မီဆန်းသစ်သော ဒီဇိုင်းရေးဆွဲယှဉ်ပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းအဖွဲ့ဝင် ဦးမြင့်စိုးက ပြောသည်။
ပြိုင်ပွဲရက်အသေးစိတ်ကို မသတ်မှတ်ရသေးသော်လည်း မကြာမီကျင်းပမည်ဖြစ်သော
အဆိုပါဒီဇိုင်းသစ်ဆန်းသစ် တီထွင်သည့်ပြိုင်ပွဲကို မျိုးဆက်သစ် အင်ဂျင်နီယာများ တီထွင်
ဆန်းသစ်ခြင်းများ ပိုမိုပြုလုပ်စေရန်ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ပြီး၊ ''ပြိုင်ပွဲရက်ကို
အတိအကျကြေညာဖို့ လက်ရှိအချိန်မှာ စောနေသေးပေမဲ့ ယှဉ်ပြိုင်ချင်သူတွေ ဒီဇိုင်းကြိုတင်
စဉ်းစားထားလို့ရအောင် ပြိုင်ပွဲကျင်းပမှာကို ကြိုတင်ကြေညာပေးတာပါ။ လက်ရှိ ရန်ကုန်မြစ်
အတွင်းမှာ သွားလာနေရတဲ့ ရေယာဉ်ငယ်တွေကို ပိုဘေးကင်းစိတ်ချရတဲ့ အလွယ်တကူ
ထိန်းသိမ်းနိုင်မယ့် အသုံးပြုရလွယ်ကူမယ့် ဒီဇိုင်းသစ်တွေနဲ့ ရေးဆွဲယှဉ်ပြိုင်ရမှာ
ဖြစ်ပါတယ်'' ဟု ၄င်းက ပြောသည်။















