အိမ်ခြံမြေစျေးကွက်တစ်ခုလုံးကို ခြုံငုံကြည့်ရင် လတ်တလောမှာ အရောင်းအဝယ်ဖြစ်တာ
နည်းပါးသေးတယ်လို့ဆိုနိုင်ပေမဲ့ မြို့သစ်ဧရိယာအတွင်းမှာတော့ အရောင်းအဝယ်
စျေးကွက်ရော၊ အငှားစျေးကွက်မှာပါ ခေါ်စျေးတွေက မြင့်မားနေဆဲဖြစ်ကြောင်း အိမ်ခြံမြေ
အကျိုးဆောင်တချို့က ပြောပါတယ်။
မန္တလေးမြို့အတွင်း ဧရိယာတချို့မှာအိမ်ခြံမြေစျေးနှုန်း ပြောင်းလဲကျဆင်းတာတွေရှိနေပေမဲ့
စျေးကွက်တောင်းဆိုမှုကောင်းတဲ့ နေရာတွေကတော့ သိသာတဲ့အပြောင်းအလဲမျိုး မတွေ့ရ
သေးပါဘူး။ အထူးသဖြင့် မြို့သစ် (၁)၊ (၂)၊ (၃)၊ (၄) ရပ်ကွက်ကြီးတွေ၊ မြရည်နန္ဒာ၊
သင်ပန်းကုန်း၊ ထန်းကိုးပင်၊ မဟာမြိုင်စတဲ့ ရပ်ကွက်ကြီးတွေဟာစျေးကွက်မှာ စိတ်ဝင်စား
သူ များကြတာကြောင့် အရောင်းအဝယ်ဖြစ်စေ၊ အငှားစျေးနှုန်းဖြစ်စေ နှုန်းထားတွေက
မြင့်နေပါတယ်။
ဒီဧရိယာတွေထဲမှာ အိမ်ခြံမြေစျေးနှုန်းတွေကို အစားစား တွေ့နိုင်တာကလည်းစျေးကွက်
အတွက် အထောက်အပံ့ကောင်း ဖြစ်နေပါတယ်။ မြို့သစ်ဧရိယာထဲမှာ ကျပ်သိန်းရာဂဏန်း
သာနိုင်နင်းသူတွေလည်း စဉ်းစားနိုင်သလို အလယ်အလတ်တန်းဖြစ်တဲ့ ကျပ်သိန်း ၁,ဝဝဝ
ကနေ ကျပ်သိန်း ၃,၅ဝဝ၊ စျေးအမြင့်တန်းဖြစ်တဲ့ ကျပ်သိန်း ၈,ဝဝဝ ပတ်ချာလည်အထိ
စိတ်ဝင်စားသူတွေအတွက်လည်း မြို့သစ်ဧရိယာဟာ အဆင်ပြေမှု ရှိနေပါတယ်။
အဓိက အားသာချက်ကတော့ မြို့သစ်ဟာ ရွှေ့ပြောင်း အခြေချလိုသူတွေ ဦးစားပေး
စဉ်းစားဖို့ကောင်းတဲ့ နယ်ပယ်သစ် ဖြစ်နေတာကြောင့်လို့ အကျိုးဆောင်အများစုက
သုံးသပ်ကြပါတယ်။ မြို့တွင်းမှာအိမ်မြေရောင်းချလိုက်လို့ပဲဖြစ်ဖြစ်၊ လက်ထဲစုဆောင်းထား
တဲ့ငွေနဲ့ပဲဖြစ်ဖြစ် မြို့သစ်မှာအလားအလာကောင်းတဲ့ နေရာကို ပြန်ရှာဖွေဝယ်ယူထားမယ်
ဆိုရင် ကိုယ့်လက်ထဲမှာထားရင်ထားနိုင်သလို အကျိုးအမြတ်က သေချာမှု ရှိနေပါတယ်။
တတ်နိုင်တဲ့ ငွေပမာဏနဲ့ စဉ်းစားကြတာများတာကြောင့် အခုအခါမှာ မြေကွက်ပြည့်
မတတ်နိုင်သူတွေဟာ ပေ ၄ဝ x ပေ ၆ဝကွက်ပြည့်အစား ပေ ၂ဝ x ပေ ၆ဝလိုမြေတစ်ခြမ်း
မျိုးကို ဝယ်ယူကြတာတွေ ရှိတာကြောင့် မြို့သစ်ထဲမှာ ဒီလိုမြေကွက်တစ်ခြမ်းမှာပဲ
အဆောက်အအုံ ကောင်းကောင်းဆောက်ပြီး နေထိုင်မှုတွေ များပြားလာတာကိုလည်း
အခုနောက်ပိုင်းမှာ တွေ့လာရပါတယ်။ ငွေကြေးအင်အားတောင့်တင်းသူ၊ ငွေပူမရှိသူတွေ
ကတော့ နေရာကောင်းကို လက်လွှတ်ပြီးရင် ပြန်ရနိုင်ဖို့မလွယ်ဘူးဆိုတဲ့အတွေးမျိုးနဲ့
ပိုင်ဆိုင်မှုကို လက်ထဲဆုပ်ကိုင်ထားကြတာများတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။
နေရာအကွက်အကွင်း သိပ်မကောင်းတဲ့ကျပ်သိန်းရာဂဏန်းစျေးနှုန်းတန်းတွေက အပြောင်း
အလဲ အနည်းငယ်ရှိတာကအပ ခေါ်စျေးတွေမာနေဆဲဖြစ်တဲ့ မြို့သစ်ဧရိယာအိမ်မြေ
စျေးကွက်ဟာ အငှားစျေးနှုန်းတွေကလည်း တစ်နှစ်ထက်တစ်နှစ် မြင့်တက်နေပါတယ်။
၆၂ လမ်းလို၊ မနော်ဟရီလမ်းလို နေရာကောင်းတွေမှာ နေရာအကျယ်အဝန်း၊ အဆောက်
အအုံအနေအထားတွေအလိုက် တစ်လကိုအောက်ထစ် ကျပ် ၁ဝ သိန်းပတ်ချာလည်အထိ
စျေးနှုန်းတွေရှိနေပါတယ်။ ဒီအနေအထားတွေကြောင့် မြို့သစ်မှာနေထိုင်ဖို့၊ ဒါမှမဟုတ်
ရင်းနှီးမြှုပ်နှံဖို့ စိတ်ကူးထားတယ်ဆိုရင် စောစော အလုပ်လုပ်လေ၊ ကောင်းလေဖြစ်မယ်လို့
အကျိုးဆောင်တွေက သုံးသပ်ကြပါတယ်။
















