ကြယ်စင်မြို့တော်ရှိ ဂယ်လက်ဆီတာဝါအမှတ် (၄) တည်ဆောက်ပြီးစီး

ကြယ်စင်မြို့တော်ရှိ ဂယ်လက်ဆီတာဝါအမှတ် (၄) တည်ဆောက်ပြီးစီး

Yoma Strategic Holdings  ကုမ္ပဏီက အကောင်အထည်ဖော်တည်ဆောက်နေသော
ကြယ်စင်မြို့တော်ရှိ ဂယ်လက်ဆီတာဝါအမှတ်(၄) တည်ဆောက်ပြီးစီးကြောင်း 
ထိုကုမ္ပဏီက ကြေညာခဲ့သည်။

ကြယ်စင်မြို့တော်တွင် တိုက်ခန်းပေါင်း ၁,၈ဝဝ ကျော်ကို ဝယ်ယူသူများအား အပ်နှံပြီးဖြစ်၍
အိမ်ရာများ၏ ၂ဝ ရာခိုင်နှုန်းတွင် နေထိုင်သူများ ရှိနေပြီးဖြစ်ကြောင်းYoma Strategic 
ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ Cyrus Pun က ပြောသည်။

မြေ ၁၇ ဧကပေါ်တွင် သန်လျင်ကြယ်စင်အိမ်ရာ စီမံကိန်းဇုန်စီအတွက် အထပ် ၂ဝကျော်မြင့်
အဆောက်အအုံ ခြောက်လုံးကို အကောင်အထည်ဖော်တည်ဆောက်မည်ဖြစ်ပြီး
ဆောက်လုပ်ရေးလုပ်ငန်းများကို ၂ဝ၁၅ခုနှစ် နှစ်ကုန်ပိုင်းမှ စ၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကာ
ထိုအဆောက်အအုံများမှ အထပ် ၂၈ထပ်မြင့် အဆောက်အအုံတာဝါ (၁) ၊ ၂၅ ထပ်မြင့်
အဆောက်အအုံ တာဝါ (၃)နှင့် (၄)များကို၂ဝ၁၈ ခုနှစ်အပြီး တည်ဆောက်မည်ဖြစ်သည်။

လက်ရှိတွင် ဆောက်လုပ်ပြီးစီးသော သန်လျင်ကြယ်စင် အိမ်ရာစီမံကိန်း၏ ဇုန်အေတွင်
အထပ်မြင့်အဆောက်အအုံငါးလုံးနှင့် တိုက်ခန်းပေါင်း ၉၂၈ ခန်း ပါဝင်ပြီး ဇုန်ဘီတွင်
အထပ်မြင့် အဆောက်အအုံငါးလုံးနှင့် အခန်းပေါင်း ၁,ဝ၄၃ ခန်း ပါဝင်သည်။

သန်လျင်မြို့၏ ပဲခူးမြစ်ကမ်းဘေးတွင်ရှိပြီး ၂ဝ၁ဝပြည့်နှစ်က မြေ ၄၆၅ ဧကကျယ်ဝန်းသော
မြေပေါ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည့် ကြယ်စင်အိမ်ရာစီမံကိန်းသည် စီမံကိန်း
အားလုံး အကောင်အထည်ဖော်ပြီးပါက အခန်းပေါင်း ၉,ဝဝဝ ကျော် ထွက်ပေါ်လာမည်
ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်