တတိယအကြိမ်မြောက် မြန်မာအိမ်ခြံမြေဆိုင်ရာ ဆုပေးပွဲ ကျင်းပ

တတိယအကြိမ်မြောက် မြန်မာအိမ်ခြံမြေဆိုင်ရာ ဆုပေးပွဲ ကျင်းပ

တတိယအကြိမ်မြောက် မြန်မာအိမ်ခြံမြေဆိုင်ရာ ဆုပေး ပွဲကို ပြီးခဲ့သည့်ရက်သတ္တပတ်က ကျင်းပခဲ့ရာ
Marga Landmarkက ဆုအများဆုံးရရှိခဲ့ကြောင်း ထိုပွဲကို ဦးစီးကျင်းပသော Property Guru ထံမှ
သိရသည်။

အဆိုပါဆုပေးပွဲတွင် ဆုအမျိုးအစား ၁၈ ခု ပေးအပ်ခဲ့ပြီး Marga Landmark က ဆောက်လုပ်ရေး
ကဏ္ဍ၏ အမြင့်မားဆုံးဂုဏ်ပြုမှုဖြစ်သော အကောင်းဆုံး ဆောက်လုပ်သူဆုအပါအဝင် အကောင်းဆုံး
ကွန်ဒို ဆောက်လုပ်မှုဆု၊ ဒီဇိုင်းဆု၊ အရောင်းပြခန်း ဆောက်လုပ်မှုဆု၊ အမျိုးအစားစုံ ရောနှော
ဆောက်လုပ်မှုဆုနှင့် CSR ပိုင်းတွင် အထူးအသိအမှတ်ပြုခံရမှုဆုများကို ရရှိခဲ့သည်။

''၂ဝ၁၇ ခုနှစ်အတွက် အကောင်းဆုံးဆောက်လုပ် သူဆုရရှိသွားတဲ့သူက မြန်မာနိုင်ငံရဲ့ ရေရှည်
တည်တံ့မယ့် မြို့ပြတည်ဆောက်မှုမှာ လူနေအိမ်ခန်းတွေ၊ စီးပွားရေးအဆောက်အအုံတွေ ပါဝင်တဲ့
The Central လို ဆောက်လုပ်မှုမျိုးနဲ့ ထိပ်ဆုံးက ဦးဆောင်နေ ပါတယ်''ဟု Property Guru
ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ပြောသည်။

ယခုနှစ်တွင် The leaf Residence ၏ တည်ဆောက်သူဖြစ်သော IME Property က ကွန်ဒို
စီမံကိန်းဆိုင်ရာ ဆုနှစ်ဆုကို ရရှိခဲ့ပြီး ဒဂုံလုပ်ငန်းစု၏ MAEX က ဒညင်းကုန်း သစ်သီးဝလံ၊
ဟင်းသီး ဟင်းရွက်နှင့် ပန်းမန် လက်ကားစျေးဖြင့် အကောင်းဆုံး အထူးစီးပွားရေးအဆောက်အအုံ
ဆုကို ရရှိခဲ့သည်။

ထို့ပြင် ၂ဝ၁၇ ခုနှစ် မြန်မာအိမ်ခြံမြေ ဆောက်လုပ်ရေးတွင် အထင်ရှားဆုံးပုဂ္ဂိုလ်ဆုကို ရွှေတောင်
လုပ်ငန်းစု၏ အမှုဆောင်အရာရှိချုပ် ဦးအောင်ဇော်နိုင်က ရရှိခဲ့သည်။

မြန်မာနိုင်ငံက ဆုရရှိသူများသည် လာမည့် နိုဝင်ဘာလတွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည့် သတ္တမ
အကြိမ်မြောက် ၂ဝ၁၇ ဏမသစနမပ ွကမက အာရှအိမ်ခြံမြေ ဆောက်လုပ်ရေး နှစ်ပတ်လည်
ဆုပေးပွဲတွင် နောက်ထပ် ဒေသတွင်း အသိအမှတ်ပြုဆုရရှိသူများ နှင့် ထပ်မံယှဉ်ပြိုင်ရမည်
ဖြစ်သည်။

မြန်မာအိမ်ခြံမြေဆိုင်ရာ ဆုပေးပွဲ၏ ဒိုင်အဖွဲ့ဥက္ကဋ္ဌနှင့် Emerson Real Estate ၏ စီမံခန့်ခွဲမှု
ဒါရိုက်တာ က မြန်မာနိုင်ငံတွင် လူနေအိမ်ခန်းဆောက်လုပ်ခြင်း ကဏ္ဍမှာ နှေးကွေးသောကာလကို
ရောက်ရှိနေ သော်လည်း စီးပွားရေးအခန်းကဏ္ဍ၊ အထူးသဖြင့် အရောင်းပိုင်းတွင်မူ ဆက်လက်
အားကောင်းလျက် ရှိကြောင်း ပြောသည်။

''ရန်ကုန်မြို့မှာ ဝန်ဆောင်မှုပါတဲ့ တိုက်ခန်းတွေက နေထိုင်မှုမြင့်မားတဲ့အဆင့်ကို ပေးနိုင်ပြီး
ဒေသတွင်းမှာ အမြင့်ဆုံး အခန်းခနှုန်းထားတွေ ဖြစ်နေတာကို ကြည့်ပြီးတော့ ကုမ္ပဏီ
အဖွဲ့အစည်းကြီးတွေက နေထိုင်သူတွေကြားမှာတော့ ဝယ်လိုအားက ကောင်းနေဆဲပဲဆိုတာကို
သက်သေပြနေပါတယ်''ဟု ၄င်းက ပြောသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အစိုးရက ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများကို အားပေးပါက
တိုးတက်လာမှုကို အမီလိုက်ရန် အိမ်ခြံမြေကဏ္ဍနှင့် အခြေခံအဆောက်အအုံများကို မဖြစ်မနေ
ဆက်လက် ဆောက်လုပ်ရမည်ဖြစ်သောကြောင့် စီးပွားရေး ပိုမိုဖွံ့ဖြိုးလာသည်နှင့်အတူ
အိမ်ခြံမြေကဏ္ဍလည်း တိုးတက်လာမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

မြန်မာ့အိမ်ခြံမြေဆိုင်ရာ ဆုပေးပွဲများကို ပြည်တွင်း၌ သုံးနှစ်ဆက်တိုက်ကျင်းပခဲ့ပြီး
ပြီးခဲ့သော ၂ဝ၁၆ ခုနှစ် အာရှအိမ်ခြံမြေဆိုင်ရာ ဆုပေးပွဲတွင် လည်း မြန်မာနိုင်ငံမှ
ဆီဒိုးနားဟိုတယ်က အာရှအကောင်းဆုံး အတွင်းဒီဇိုင်းပြင်ဆင်မှုဆိုင်ရာဆု ကို ရရှိခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်