မြို့အရှေ့တောင်ဘက်ရှိ အိမ်မြေများ အလားအလာကောင်း ပိုရှိနေ

မြို့အရှေ့တောင်ဘက်ရှိ အိမ်မြေများ အလားအလာကောင်း ပိုရှိနေ

မန္တလေးမြို့ရဲ့ အရှေ့တောင်ဘက်ခြမ်းဧရိယာမှာရှိနေတဲ့ အိမ်ခြံမြေတွေဟာ အလား
အလာကောင်းတွေ ပိုရှိနေပြီး လာမယ့်နှစ်တွေမှာအိမ်ခြံမြေစျေးကွက် ဖွံ့ဖြိုးမှုအပိုင်းမှာ 
ပိုမိုဦးဆောင်သွားဖွယ်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောတယ်။

မန္တလေးမြို့ရဲ့ မြို့ပြဧရိယာဟာ မြို့ရဲ့အရှေ့တောင်ဘက်ကို အကွက်အကွင်းအသစ်အဖြစ်
ရွေ့နေတယ်လို့ အိမ်ခြံမြေစျေးကွက်ကျွမ်းကျင်သူအများစုက သုံးသပ်နေကြရာမှာ လက်ရှိ
အကောင်အထည်ပေါ်လာတဲ့ အိမ်ခြံမြေဆိုင်ရာ အခြေခံအဆောက်အအုံတွေအရ အဲဒီ
သုံးသပ်ချက်တွေကို ပိုမို အားကောင်းလာစေပါတယ်။

အလားအလာကောင်းတဲ့ မြို့ရဲ့ အရှေ့တောင်ဘက် ဧရိယာလို့ ဆိုရာမှာ သိပ္ပံလမ်းကနေ
စတင်ပြီး တောင်ဘက်က ပြည်ကြီးတံခွန်မြို့နယ်ဧရိယာအတွင်းအထိ၊ အရှေ့နဲ့အနောက်
မှာ ရ၈ လမ်းကနေ ၄၈ လမ်းအပိုင်းအခြားလောက်အထိ တွေ့မြင်နိုင်ပါတယ်။ ဒီဧရိယာ
အဝန်းအဝိုင်းအတွင်း အရှေ့ထိပ်နဲ့ အနောက်ထိပ်မှာ အကောင်အထည်ဖော်ပြီးတဲ့
စီမံကိန်းတွေ ပေါ်ထွက်ပြီးဖြစ်သလို ဆက်လက်ပေါ်ပေါက်လာမယ့်အစီအစဉ်သစ်တွေဟာ
အနာဂတ်အိမ်မြေစျေးကွက်သစ်အတွက် အထောက်အပံ့ကောင်းတွေ ဖြစ်လာပါတယ်။

ဒီဧရိယာအတွင်း အရှေ့နဲ့ အနောက်သွယ်တန်းနေတဲ့ သိပ္ပံလမ်း၊ မနော်ဟရီလမ်း၊ သာယာ
ဝတီမင်းကြီးလမ်း၊ မင်းကြီးရန်နောင်လမ်း စတာတွေဟာ အားကောင်းနေသလို
တောင်မြောက်လမ်းတွေထဲမှာ ဧရိယာအလယ်လောက်မှာရှိတဲ့ ၆၂ လမ်းကို မူတည်ပြီး
အရှေ့ဘက်နဲ့ အနောက်ဘက်မှာရှိတဲ့လမ်းတွေဟာ ဖွံ့ဖြိုးမှု အားကောင်းလာပါတယ်။
တောင်မြောက်သွားလမ်းတွေထဲမှာ အထူးသဖြင့် ၆၂ လမ်း၊ ၆၅ လမ်း၊ ၆၆ လမ်း၊ ၆၈ လမ်း၊
၇၄ လမ်း၊ ရ၈ လမ်းတွေဟာ ပိုအားကောင်းလာဖို့ရှိပြီး အိမ်မြေစျေးကွက်သစ်အဖြစ်
ဦးတည်နေပါတယ်။

ဒီအဝန်းအဝိုင်းအတွင်း အခြေကျပြီး ဖြစ်တဲ့ မြို့သစ်ဧရိယာတွေထဲမှာ စာသင်ကျောင်းတွေ၊
စျေးတွေ၊ ဆေးရုံတွေ ပြည့်စုံပြီး ဖြစ်သလိုမကြာခင်က ပေါ်ပေါက်ပြီးဖြစ်တဲ့ မြို့ပြဆိုင်ရာ
အဆောက်အအုံတွေထဲမှာ တန်ဖိုးနည်းအိမ်ရာတွေ၊ ကွန်ဗင်းရှင်းစင်တာ၊ မင်္ဂလာမန္တလေး
စီမံကိန်း စတာတွေရှိနေပါတယ်။ မြို့အရှေ့ပိုင်းက တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေ
ကြောင့် အရှေ့ပိုင်းဧရိယာဟာ စည်ကားဖို့ အခွင့်အလမ်းပိုလာသလို မင်္ဂလာမန္တလေး
စီမံကိန်းကြောင့်လည်း မြို့အနောက်ဘက်ခြမ်းဟာ အိမ်ခြံမြေစျေးနှုန်းတွေ ပိုကောင်း
လာပြန်ပါတယ်။

လတ်တလောမှာ မြို့တောင်ဘက်ခြမ်း ပြည်ကြီးတံခွန်မြို့နယ်အတွင်းက မန္တလေးစက်မှု
ထုတ်ကုန် ကုန်သွယ်ရေးစင်တာ စီမံကိန်းအတွင်းမှာ အိမ်ရာစီမံကိန်းအသစ်တစ်ခုကို
စတင် အကောင်အထည်ဖော်နေတာကြောင့် မြို့အနောက်တောင်ဘက်ခြမ်းဟာ
အိမ်ခြံမြေစျေးကွက်မှာ စိတ်ဝင်စားသူ ပိုလာဖွယ် ရှိနေပါတယ်။ ဒီဧရိယာအတွင်းမှာ
အရေးပါနေတဲ့ လမ်းတွေရဲ့ အနေအထားနဲ့ ချိတ်ဆက်မှုက ပိုအားကောင်းလာတာကြောင့်
လတ်တလော အိမ်မြေစျေးကွက်က အရောင်းအဝယ် အေးနေပေမဲ့ အိမ်မြေနေရာကောင်း
တွေရဲ့စျေးနှုန်းတွေက လက်ရှိစျေးတန်းတွေကနေ ပြောင်းလဲကျဆင်းနိုင်ခြေ
နည်းပါးကြောင်း အိမ်မြေအကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်