ရန်ကုန်မြို့ရှိ ကွန်ဒိုစီမံကိန်း ၁၃ ခုမှ ဆောက်လုပ်ရောင်းချသော ကွန်ဒိုအခန်းများကို
မန္တလေးမြို့တွင် လာမည့်သြဂုတ်လ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် နှစ်ရက်ကြာလာရောက်
ပြသရောင်းချမည်ဖြစ်ကြောင်း ပြပွဲကြီးမှူးကျင်းပမည့် iMyanmarHouse.com မှ အုပ်ချုပ်မှု
ဒါရိုက်တာ ဦးနေမင်းသူက ပြောသည်။
မန္တလေးမြို့ ဘူတာကြီးရှိ Hotel Marvel တွင် မနက် ၉ နာရီမှ ညနေ ရ နာရီအထိ ပြသ
ရောင်းချသွားမည်ဖြစ်ကာ၊ ရန်ကုန်မြို့အတွင်း ကမာရွတ်၊ မရမ်းကုန်း၊ စမ်းချောင်း၊
ကြည့်မြင်တိုင်နှင့် တောင်ဥက္ကလာမြို့နယ်အတွင်းရှိ စီမံကိန်းများမှ ကွန်ဒိုများကို အထူး
အစီအစဉ်များဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း ပြောသည်။
''ကျွန်တော်တို့ဆီကို ဆက်သွယ်မေးမြန်းတဲ့ မန္တလေးက မိတ်ဆွေတွေအဆင်ပြေပြေကြည့်
နိုင်ဖို့ ဒီပွဲကို စီစဉ်လိုက်တာပါ။ ကျွန်တော်တို့အနေနဲ့ ရန်ကုန်မှာလဲ တန်ဖိုးနည်း၊ တန်ဖိုးသင့်
တင့်တဲ့အိမ်ရာအရောင်းပြပွဲတွေ လုပ်ပေးနေပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်း
လက်လှမ်းမီတဲ့အတိုင်းအတာနဲ့ အိုးပိုင်အိမ်ပိုင် ဖြစ်စေဖို့လဲ အဓိကရည်ရွယ်ပါတယ်။ အခု
အရောင်းပြပွဲမှာ ဆောက်လုပ်ရေးကုမ္ပဏီတွေက အထူးလျှော့စျေး၊ အတိုးမပါ အရစ်ကျ
စနစ်တွေနဲ့ ရောင်းပေးသွားမယ်။ ပြပွဲနှစ်ရက်တွင်း ပထမဆုံးဝယ်ယူတဲ့ ၁ဝ ဦးကို ပရိဘောဂ
အပြည့်အစုံ ထည့်ပေးသွားမယ်''ဟု ဦးနေမင်းသူက ဇူလိုင်လ ၃၁ ရက်တွင် ပြောသည်။
ပြပွဲတွင် ကျပ်သိန်း ၅ဝဝ မှ ကျပ်သိန်း ၁, ဝဝဝ တန်ဖိုးရှိ ကွန်ဒိုအခန်းများ ပါဝင်မည်ဖြစ်ကာ၊
အတိုးမပါ လပေါင်း (၃ဝ) မှ (၅ဝ) အထိ ၆ လလျှင် တစ်ကြိမ်သာ ပေးသွင်းရမည့် အရစ်ကျ
စနစ်များ၊ ပြပွဲနှစ်ရက်အတွင်း ကျပ်သိန်း ၅ဝ မှ ကျပ်သိန်း ၅ဝဝ အထိလျှော့စျေးပေးမည့်
အစီအစဉ်များ ပါဝင်သည်။
















