ရန်ကုန်က ကွန်ဒိုများကို မန္တလေးမြို့တွင် အရစ်ကျစနစ်ဖြင့် လာရောက်ရောင်းချမည်

ရန်ကုန်က ကွန်ဒိုများကို မန္တလေးမြို့တွင် အရစ်ကျစနစ်ဖြင့် လာရောက်ရောင်းချမည်

ရန်ကုန်မြို့ရှိ ကွန်ဒိုစီမံကိန်း ၁၃ ခုက ဆောက်လုပ်ရောင်းချသော ကွန်ဒိုအခန်းများကို 
မန္တလေးမြို့တွင် သြဂုတ် ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် နှစ်ရက်ကြာ ပြသရောင်းချမည်
ဖြစ်ကြောင်းပြပွဲကြီးမှူးကျင်းပမည့် iMyanmarHouse.com အုပ်ချုပ်မှုဒါရိုက်တာ 
ဦးနေမင်းသူကပြောသည်။

မန္တလေးမြို့ ဘူတာကြီးရှိ Hotel Marvel တွင် မနက် ၉ နာရီမှ ညနေ ရ နာရီအထိ ပြသ
ရောင်းချသွားမည်ဖြစ်ကာ ရန်ကုန်မြို့အတွင်း ကမာရွတ်၊ မရမ်းကုန်း၊ စမ်းချောင်း၊
ကြည့်မြင်တိုင်နှင့် တောင်ဥက္ကလာမြို့နယ်အတွင်းရှိ စီမံကိန်းများက ကွန်ဒိုများကို အထူး
အစီအစဉ်များဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြောသည်။

'' မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်း လက်လှမ်းမီတဲ့ အတိုင်းအတာနဲ့အိုးပိုင်အိမ်ပိုင် ဖြစ်စေဖို့
အဓိကရည်ရွယ်ပါတယ်။ အခုအရောင်းပြပွဲမှာ ဆောက်လုပ်ရေးကုမ္ပဏီတွေက အထူး
လျှော့စျေး၊ အတိုးမပါ အရစ်ကျစနစ်တွေနဲ့ရောင်းပေးပါမယ်။ ပြပွဲနှစ်ရက်တွင်း ပထမဆုံး
ဝယ်ယူတဲ့ ၁ဝ ဦးကို ပရိဘောဂအပြည့်အစုံ ထည့်ပေးသွားမယ်''ဟု ဦးနေမင်းသူက
ဇူလိုင်လ ၃၁ ရက်တွင် ပြောသည်။

ပြပွဲတွင် ကျပ်သိန်း ၅ဝဝ မှ ကျပ်သိန်း ၁, ဝဝဝ တန်ဖိုးရှိကွန်ဒိုအခန်းများ ပါဝင်မည်ဖြစ်ကာ
အတိုးမပါလပေါင်း ၃ဝ မှ ၅ဝ အထိ ခြောက်လလျှင် တစ်ကြိမ်သာ ပေးသွင်းရမည့် အရစ်ကျ
စနစ်များ၊ ပြပွဲနှစ်ရက်အတွင်း ကျပ်သိန်း ၅ဝ မှကျပ်သိန်း ၅ဝဝ အထိ စျေးလျှော့ပေးမည့်
အစီအစဉ်များ ပါဝင်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်