ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ Star City အိမ်ရာစီမံကိန်းရှိ အိမ်ရာအခန်း ပေါင်း ၁၆၉ ခန်းပါ၀င်
သည့် B1 အား ဧပြီ ၂၇ ရက်မှစတင်၍ အရောင်းဖွင့်လှစ် လိုက်ပြီဖြစ်ကြောင်း ဧပြီ ၂၆ ရက်တွင်
Grand Mee Ya Hta ဟိုတယ် မြက်ခင်းပြင်၌ ပြုလုပ်သော အခမ်းအနား မှ သိရှိရသည်။
"ဒီနေ့ (ဧပြီ ၂၆) ရက်နေ့အခမ်း အနားကတော့ Star City B1 Block အရောင်းဖွင့်လှစ်ဖို့ အတွက်
Customer တွေ၊ Client တွေကို ဖိတ်ခေါ်အသိပေး တဲ့ အခမ်းအနားပဲဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ ဧပြီ ၆
ရက်နဲ့ ရ ရက်တုန်းကတော့ VIP ပုဂ္ဂိုလ်တွေအတွက် Star City B1 ကို အရောင်းဖွင့်လှစ်ခဲ့တာ
အခန်း ပေါင်း ရ၂ ခန်း ရောင်းချခဲ့ပြီး ဖြစ်ပါ တယ်။ ဒါကြောင့် အခု ဧပြီ ၂၆ ရက် အရောင်းဖွင့်လှစ်
တဲ့အခါမှာလည်း ၁၀ ရက်အတွင်းမှာ B1 က အခန်းအားလုံး ရောင်းလို့ ကုန်သွားမယ်လို့ ယုံကြည်
ပါ တယ်။ B1 က ရောင်းချမှု ၈၀ ရာခိုင်နှုန်း ကျော်သွားပြီဆိုရင်တော့ B2ကို ဆက်လက်ရောင်းချ
သွားမှာ ဖြစ် ပါတယ်၊ နောက်တစ်လကျော်လောက် အတွင်းမှာပေါ့"ဟု Serge Pun and Asso-
ciates (Myanmar) Ltd rS Property Division and Development, Group Head of Sales
and Marketing ဖြစ်သူ Mr Gabriel Cheng က မြန်မာတိုင်း(မ်)ကို ပြောသည်။
"ကျွန်တော့်အနေနဲ့ Star City အိမ်ရာစီမံကိန်းကို အရမ်းဂုဏ်ယူမိ ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့
မြန်မာ ပြည်မှာ Star City အိမ်ရာစီမံကိန်း လိုမျိုး ကြီးမားတဲ့ အိမ်ရာစီမံကိန်းမျိုး မရှိနိုင်သေးဘူးလို့
ထင်ပါတယ်၊ ဒါ့ပြင် ပံ့ပိုးမှုအင်္ဂါရပ်တွေဖြစ်တဲ့ ဆေးရုံ၊ ကျောင်း၊ စူပါမားကက်၊ စားသောက်ဆိုင်
စတာတွေပြည့်စုံစွာပါရှိတဲ့အတွက် ကြောင့်လည်း ဖြစ်ပါတယ်၊ ဒါကြောင့် Star City အိမ်ရာစီမံ
ကိန်းကို ဆောင်ရွက် နေတာက တစ်နည်းအားဖြင့် လူဦးရေ သုံးသိန်းကျော် နေထိုင်လျက်ရှိတဲ့
သန်လျင်မြို့ကို ဖွံ့ဖြိုးစည်ကားလာ အောင် လုပ်ဆောင်ပေးနေတာလို့ပဲ ခံယူ မိပါတယ်"ဟုလည်း
Mr Gabriel Cheng က ပြောကြားခဲ့သည်။
Star City အိမ်ရာစီမံကိန်းတွင် City Mart ဖွင့်လှစ်ရန်အတွက် သေချာ သွားပြီဟု သိရှိရပြီး
YKKO, 50th Street Restaurant နှင့် ဂျပန်စား သောက်ဆိုင်တစ်ဆိုင်တို့ ဖွင့်လှစ်ရန် ညှိနှိုင်း
နေဆဲဖြစ်ကြောင်းလည်း ၎င်းက အဆိုပါ အခမ်းအနားနေ့တွင် ပြော ကြားခဲ့သည်။
Star City Unit B1 ရှိအခန်းဈေးနှုန်း များမှာ ကန်ဒေါ်လာ ၁၂၀,၀၀၀ မှ ဒေါ်လာ ၆၀၀,၀၀၀ အထိ
ရှိကြောင်း သိရှိရသည်။ အခန်းဝယ်ယူသူများအနေဖြင့် ငွေကို အရစ်ကျပေးသွင်းနိုင်ပြီး YOMA
Bank မှလည်း အတိုးနှုန်းဖြင့် ဘဏ်ချေး ငွေများရရှိနိုင်ကြောင်းလည်း သိရှိရ သည်။
B1, B2, B3, B4, B5 များဖြင့် ဖွဲ့စည်းထားသော Zone Bတစ်ခုလုံးတွင် အခန်းယူနစ်ပေါင်း
၁,၀၄၃ ယူနစ်ပါရှိ ပြီး တည်ဆောက်ချိန်တစ်နှစ်အတွင်း ပြီးစီးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
















