နှစ်သစ်အကြို အိမ်ရာအရောင်း ပြပွဲတွင် ၀ယ်ယူခဲ့သူများအား ရွှေတောင်ကုမ္ပဏီမှ ကံထူးရှင်ရွေးချယ်ပေးခဲ့

နှစ်သစ်အကြို အိမ်ရာအရောင်း ပြပွဲတွင် ၀ယ်ယူခဲ့သူများအား ရွှေတောင်ကုမ္ပဏီမှ ကံထူးရှင်ရွေးချယ်ပေးခဲ့

မတ်လ ၂၈ ရက်မှ ၃၁ ရက်ထိ ရွှေ တောင်ဖွ့ံဖြိုးတိုးတက်မှုကုမ္ပဏီမှကြီးမှူး ကျင်းပခဲ့သော နှစ်သစ်
အကြိုအိမ်ရာ အရောင်းပြပွဲတွင်ဝယ်ယူအားပေးခဲ့ကြ သူ ၄၉ ဦးအား ကံစမ်းမဲဆုချီးမြှင့်ပွဲ အခမ်းအ
နားကို ဧပြီ ၂၆ ရက်တွင် Junction Square (Promotion Area) ၌ ကျင်းပခဲ့ပြီး ကံထူးရှင်များကို
Honda Fit မော်တော်ကား ၃ စီး၊ Laptop ကွန်ပျူတာ ၅ လုံးနှင့် ရေခဲသေတ္တာ ဆုများကို ပေးအပ်
ချီးမြှင့်ခဲ့သည်။

ကံထူးရှင် ၄၉ ဦးမှာ Twin Centro ကွန်ဒိုမှ ၂ ဦး၊ နှင်းဥယျာဉ်အိမ်ရာမှ တစ်ဦးနှင့် မလိခကွန်ဒိုမှ
၄၆ ဦးတို့ ဖြစ်သည်။ အခမ်းအနားတွင် ရွှေတောင်ဖွံ့ဖြိုး တိုးတက်မှုကုမ္ပဏီဥက္ကဋ္ဌ ဦးအိုက်ထွန်း က
အမှာစကားပြောကြားခဲ့သည်။

"မြန်မာနိုင်ငံရဲ့ တိုက်ခန်းဈေးတွေက မြို့လယ်မှာဆိုရင် တစ်စတုရန်းပေကို ကျပ်တစ်သိန်း ခြောက်
သောင်းလောက် ပဲရှိတယ်၊ ဘန်ကောက်မှာဆိုရင် မြို့ လယ်မှာ တစ်စတုရန်းပေကို ကျပ်သုံး သိန်း
က နေငါးသိန်းလောက်အထိ ရှိ တယ်၊ စင်ကာပူမှာ တစ်စတုရန်းပေကို မြန်မာငွေ ဆယ်သိန်းကျော်
ရှိတယ်၊ ဒါကြောင့် မြန်မာနိုင်ငံရဲ့ တိုက်ခန်းဈေး တွေဟာ သူများနိုင်ငံတွေနဲ့ယှဉ်ရင် သင့် တင့်လျောက်
ပတ်တဲ့ဈေးဖြစ်တယ်။"

"ရွှေတောင်ကုမ္ပဏီအနေနဲ့ ဘာပဲလုပ်လုပ်ကုမ္ပဏီလည်း တိုးတက် မယ်၊ ၀ယ်
ယူသူတွေလည်း အဆင်ပြေ မယ်၊ ဒါ့အပြင် တိုင်းပြည်ရဲ့ နာမည်လည်း တိုးတက်အောင် အစဉ်အမြဲ
လုပ် ဆောင်နေပါတယ်၊ မလိခစီမံကိန်းမှာ ဆိုရင်လည်းLandscape ၊ ရေကူးကန်၊ Fitness Center
တွေကအစ ပြည့်ပြည့် စုံစုံဆောင်ရွက်ပေးထားပါတယ်၊အဆောက်အအုံကွာလတီပိုင်းမှာလည်း
structural quality ကိုအတတ်နိုင်ဆုံး ကောင်းအောင်ဆောင်ရွက်ပေးထားပါ တယ်"ဟုလည်း
ရွှေတောင်ဖွံ့ဖြိုး တိုးတက်မှုကုမ္ပဏီ ဥက္ကဋ္ဌဦးအိုက်ထွန်း ကပြောကြားခဲ့သည်။

"ဒီနေ့ ပွဲကျင်းပရတဲ့ရည်ရွယ်ချက်က တော့ ရွှေတောင်ကုမ္ပဏီကိုယုံကြည် မှုရှိပြီး အစဉ်အဆက်
၀ယ်ယူအားပေး ခဲဲ့ကြတဲ့ Customer တွေအတွက် ကျေးဇူး တုံ့ပြန်တဲ့အနေနဲ့ ကံထူးရှင် ရွေးချယ်
ပေးတာပါ၊ ဒီလေးရက်(မတ်လ ၂၈ ကနေ ၃၁ ရက်ထိ)၀ယ်ယူခဲ့တဲဲ့သူတွေ ကို ကံထူးရှင်အဖြစ်
ရွေးချယ်နိုင်အောင် လည်း လုပ်ပေးခဲ့ပါတယ်"ဟု ရွှေတောင် ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ Property
Marketing & Management Division, Real Estate Business Group မှ အုပ်ချုပ်မှုဒါရိုက်
တာ ဒေါ်မိမိခိုင်က လည်း မြန်မာတိုင်း(မ်)သို့ ရှင်းပြခဲ့သည်။

Twin Centro ကွန်ဒို၊ နှင်းဥယျာဉ် အိမ်ရာနှင့် မလိခကွန်ဒိုတို့မှ ၀ယ်ယူခဲ့ သည့် ကံထူးရှင်များထဲမှ
Honda Fit မော်တော်ကား ကံထူးသူများကို အဆို တော် ရဲလေးမှ မဲနှိုက်ရွေးချယ်ပေးခဲ့ပြီး ကံထူး
ရှင်များမှာ မလိခတာဝါ A အခန်း 5205 မှ ဦးကျော်မောင်က Honda Fit ခဲရောင်မော်တော်ကား
ကံထူးခဲ့ပြီး မလိခတာဝါ D အခန်း 4904 မှ ဦးဖိုးထောင်၊ ဒေါ်လှလှဝင်းတို့မှ ံသညိေ င်္ငအ အနက်
ရောင် မော်တော်ကား ကံထူးခဲ့ပြီး မလိခတာဝါ D အခန်း 130 မှ ဒေါ်စန္ဒာက Hond Fit အပြာ
ရောင် မော်တော်ကား ပိုင်ရှင်များအဖြစ် အသီးသီး ကံထူးခဲ့ကြသည်။ Laptop ကံထူးရှင်များကို
အဆိုတော်လွှမ်းပိုင်နှင့် Bobby Soxer ထက်ထက်တို့မှ မဲနှိုက် ရွေးချယ်ပေးခဲ့သည်။

ရွှေတောင်မှ တည်ဆောက်သော မလိခကွန်ဒိုမီနီယံ အိမ်ရာစီမံကိန်းတွင် အခန်းပေါင်း ၁၉၄ ခန်း
ပါရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်