Asia Connect Co.,Ltd မှကြီးမှူးကျင်းပ သော "1st Myanmar International Gems &
Jewellery Expo 2013" ကို မေလ ၉ ရက်မှ ၁၂ ရက်အထိ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ
Myanmar Convention Centre- MCC ခန်းမတွင် ကျင်းပသွားမည်ဖြစ် ကြောင်း မေလ ၃
ရက်နေ့တွင် Park Royal ဟိုတယ်၌ ပြုလုပ်သော စာနယ် ဇင်းရှင်းလင်းပွဲအခမ်းအနားမှ သိရ
သည်။
အခမ်းအနားသို့ ကျောက်မျက် ရတနာလုပ်ငန်းရှင်များ၊ ရွှေလုပ်ငန်းရှင် များ၊ Myanmar Gems
and Jewellery Association မှ တာဝန်ရှိသူများ၊ မီဒီယာများနှင့် ဖိတ်ကြားထားသော ဧည့်သည်
တော်များ တက်ရောက်ခဲ့ကြ သည်။
စာနယ်ဇင်းရှင်းလင်းပွဲအခမ်းအနား တွင် Asia Connect Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ
Mr Micheal Khaniss Jand က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
"ဒီနေ့ကတော့ Myanmar Gems and Jewellery Industry အတွက် အလွန်အင်မတန်
ကျက်သရေရှိလှတဲ့ သမိုင်းဝင်နေ့တစ်နေ့ပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ
ပထမဆုံးအနေနဲ့ "1st Myanmar International Gems & Jewellery Expo 2013" ကို
မေလ ၉ ရက်ကနေ ၁၂ ရက်နေ့ထိ အမ်စီစီခန်းမမှာ ကျင်းပ တော့မှာဖြစ်ပါတယ်။ ဟောင်ကောင်၊
ဘန်ကောက်၊ နယူးယော့ခ်တို့လိုပဲ နိုင်ငံတကာ Gems & Jewellery ပွဲကြီးတွေလုပ်ဖို့ကျန်နေ
သေးတဲ့ တစ်ခု ထဲသော နိုင်ငံကလည်း မြန်မာနိုင်ငံဖြစ်ပါ တယ်၊"
"ကမ္ဘာ့နိုင်ငံအနှံ့အပြားက ကုမ္ပဏီ များစွာကိုလည်း နောက်ဆုံးပေါ် ခေတ်မီနည်းပညာတွေနဲ့အတူ
မြန်မာ ပြည်ကို ဖိတ်ခေါ်လိုက်ပါတယ်။ သရီးဒီ Printing ကဲ့သို့သော နည်းပညာတွေ ကိုလည်း
ပထမဆုံးတီထွင်ဆန်းသစ် တဲ့အနေနဲ့ မြန်မာပြည်ကိုဖိတ်ခေါ်ပြီး မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်၊
ကျောက် မျက်နဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့ သူတွေအားလုံးကိုလည်း MCC Hall ကို လာရောက်
လေ့လာဖို့ ဖိတ်ခေါ် လိုက်ပါတယ်" ဟု Mr Michael-Khaniss Jand က ပြောကြားခဲ့သည်။
ရွှေနန်းတော် စိန်ရွှေရတနာဆိုင်မှ မန်နေဂျင်းဒါရိုက်တာဒေါက်တာ အောင်ကျော်ဝင်းကလည်း
"ကျွန်တော် တို့ တိုင်းပြည်က သူများတိုင်းပြည်နဲ့ ဘာတွေ ကွာခြားလဲလို့ ပြန်ကြည့်လိုက် မယ်
ဆိုရင် ကိုယ့်တိုင်းပြည်က natural resources တွေ ပေါများ တယ်၊ တကယ့်ကို ကမ္ဘာမှာ နာမည်
ကြီး တဲ့ ပတ္တမြားတွေ၊ နီလာတွေ ကျောက်စိမ်း တွေ အများကြီး ထွက်ပေမယ့် ကမ္ဘာ့ အဆင့်မီတဲ့
International Jewellery Exhibition မျိုးတွေ မရှိသေးဘူး၊ ကျွန်တော်ကိုယ်တိုင်လည်း ဟောင်
ကောင်၊ ဘန်ကောက်မှာ ကျင်းပ တဲ့ Jewellery Show တွေကို မကြာ ခဏ သွားကြည့်ဖြစ်ပါတယ်၊
အဲဒီ့လိုသွား ရောက်တဲ့အခါမှာ ကျွန်တော်တို့ တိုင်းပြည်မှာလည်း သူတို့တိုင်းပြည် ကလို
Jewellery Show ပွဲတွေ မဝေး တော့တဲ့အချိန်မှာ ကျင်းပနိုင်မယ် ဆိုရင် တိုင်းပြည်အတွက်
အလုပ် အကိုင်တွေ အများကြီးဖန်တီးပေးနိုင် မယ်၊ အခွင့်အလမ်းတွေရရှိလာမယ်လို့ ထင်ပါတယ်၊
ဒါကြောင့်ဒီလိုအခွင့်အရေး တွေသာ ရခဲ့မယ်ဆိုရင် တစ်ထောင့် တစ်နေရာကနေ ဖြည့်ဆည်းပေးချင်
တဲ့ စိတ်ဆန္ဒတွေဖြစ်ပေါ်ခဲ့ပါတယ်၊"
"ကျောက်မျက်ရတနာတွေ အများကြီး ထွက်ရှိတဲ့ ကျွန်တော်တို့ တိုင်းပြည်ဟာ Jewellery
Industry မှာ နှစ်ပေါင်း ၅၀ လောက်ကို နောက်ကျ နေတယ်လို့ ပြောနိုင်ပါတယ်၊ ဒါတွေကို
သင်ခန်းစာယူပြီး ရှေ့ကို ဆယ်ပြန်မက အများကြီးကြိုးစားနိုင်မှ တိုင်းပြည်က မဝေးတော့တဲ့
ကာလမှာ Jewellery Industry မှာ ကမ္ဘာ့အလယ်မှာ မျက်နှာ ရလာမှာဖြစ်ပါတယ်"ဟု
၎င်းက ပြောသည်။
"အခု Gems & Jewellery Expo မှာ ပါ၀င်ပြသမယ့် ကုမ္ပဏီတွေကတကယ့် ကမ္ဘာကျော်ကုမ္ပဏီ
တွေပါပဲ။ Gessewein Siam ကုမ္ပဏီဆိုလည်း ကမ္ဘာပေါ်မှာ နှစ် ၁၀၀ ကျော်နေပြီ။ Jewellery
Tools တွေ၊ Equipments တွေ၊ Jewellery Manufacturing အတွက် အထောက်အပံ့ပေးမယ့်
Technology တွေ အားလုံးကို အဓိက ပံ့ပိုးပေးမှာ ဖြစ်ပါတယ်၊ နောက်ပြီး Cad Cast စတဲ့ ကုမ္ပဏီ
တွေအားလုံးက 3D Technology နဲ့ ကျွန်တော်တို့ဆီက ကျောက်မျက်ရတနာတွေကို ကမ္ဘာ့
အလယ်မှာ တိုးနိုင်ဖို့ သေချာအ ထောက် အပံ့ပေးနိုင်မှာ ဖြစ်ပါတယ်၊ ဒီကုမ္ပဏီ တွေက နည်းပညာ
တွေနဲ့ စက်ပစ္စည်း တွေက ကျောက်မျက်ရတနာတွေကို ပိုပြီးတော့ လက်ရာပြောင်မြောက်ပြီး နိုင်ငံ
တကာနဲ့ ယှဉ်နိုင်မယ့် ဒီဇိုင်းတွေ ကို ထုတ်လုပ်ပေးနိုင်တယ်၊ ဒီက ကျောက်မျက်ရတနာတွေကို
value added လုပ်ဖို့ကတော့ ကျွန်တော့်အမြင် မှာ တော်တော်ကြိုးစားရဦးမယ်၊ အများကြီးလေ့
လာရဦးမယ့် အချိန်မှာ Asia Connect က high technology တွေကို ယူလာပြီး လာရောက်ပြ
သတာ က ဒီနိုင်ငံမှာရှိတဲ့ Jewellery Manufacturers ၊ retailers နဲ့ wholesalers တွေအတွက်
တကယ့် ကို အကျိုးရှိပါတယ်" ဟုလည်း ဒေါက်တာအောင်ကျော်ဝင်းက အဆိုပါ နေ့ အခမ်းအနား
တွင် ရှင်းလင်းပြော ကြားခဲ့သည်။















