ကန်ဒေါ်လာ သုံးသန်းရင်းနှီးမြှုပ်နှံထားသည့် PARKSON FMI YANGON မေလ ၁၁ ရက်နေ့တွင် ဖွင့်လှစ်မည်

ကန်ဒေါ်လာ သုံးသန်းရင်းနှီးမြှုပ်နှံထားသည့် PARKSON FMI YANGON မေလ ၁၁ ရက်နေ့တွင် ဖွင့်လှစ်မည်

Yoma Strategi Holdings ၊ အာရှ တစ်လွှားရှိ PARKSON ကုန်တိုက်နှင့် FMI ကုမ္ပဏီတို့မှ
အမေရိကန်ဒေါ်လာ သုံးသန်းခန့် အကုန်အကျခံကာ အတူတကွ ပူးပေါင်းဖွင့်လှစ်မည့် PARKSON
FMI International Department Store ကို မေလ ၁၁ ရက်နေ့တွင် ဖွင့်လှစ်တော့မည်ဖြစ်
ကြောင်း မေလ ၃ ရက်နေ့တွင် Traders Hotel ၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲမှ သိရှိ
ရသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော အပြည်ပြည်ဆိုင်ရာကုန်တိုက်တစ်ခုဖြစ် သော PARKSON FMI
YANGON သည် စတုရန်းပေ ၄၃,၀၀၀ ကျယ်ဝန်းပြီး ရန်ကုန်မြို့၏အကြီးဆုံးဈေးဝယ်စင်တာ နှစ်
ခုဖြစ်သော ဗိုလ်ချုပ်ဈေးနှင့် သိမ်ကြီး ဈေးတို့ကြား ပန်းဘဲတန်းမြို့နယ်တွင် တည်ရှိသည်။ နောင်
နှစ်နှစ်တာကာလ အတွင်းတွင် PARKSON FMI သည် ထိုနေရာ၌ပင် စတုရန်းပေ စုစုပေါင်း
၄၃၀,၀၀၀ ခန့် ကျယ်ဝန်းပြီးပိုမိုပြီးပြည့်ုစုံ သော အပြည်ပြည်ဆိုင်ရာကုန်တိုက်တစ် ခုအဖြစ်
customers များအတွက် ဖက်ရှင်၊ အလှအပရေးရာနှင့် ဘဝ နေထိုင်မှု ပုံစံများကို အကောင်း
ဆုံး ပေးစွမ်းနိုင်ရန်အတွက် ထပ်မံဖွင့်လှစ် ဦးမည်ဖြစ်ကြောင်းလည်း အဆိုပါ အခမ်းအနားတွင်
PARKSON မှ တာဝန်ရှိသူများက ရှင်းလင်းပြောကြား ခဲ့သည်။

PARKSON FMI မှ Managing Director ဖြစ်သူ Mr Tham Tuck Choy က သတင်းစာရှင်း
လင်းပွဲအခမ်း အနားတွင်အဖွင့်အမှာစကားပြောကြား ခဲ့သည်။ "မြန်မာနိုင်ငံရဲ့ ပထမဆုံးအပြည်
ပြည် ဆိုင်ရာ department store ဖြစ်တဲ့ PARKSON FMI စာနယ်ဇင်းရှင်းလင်း ပွဲအခမ်းအနား
မှာ PARKSON နဲ ့အတူ ကြွရောက်လာတဲ့လူကြီးမင်းတွေအတူရှိ နေကြတဲ့အတွက် ဂုဏ်ယူမိပါ
တယ်၊ PARKSON FMI YANGON ဖွင့်လှစ် မှုဟာ မြန်မာနိုင်ငံရဲ့လက်လီဈေးကွက် အတွက် မှတ်
တိုင်တစ်ခုဖြစ်သလိုသက် တမ်း ၂၆ နှစ်ရှိနေပြီဖြစ်တဲ့ PARKSON ရဲ့ ဒေသဆိုင်ရာ အောင်မြင်မှု
တွေ ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံအတွက် ကျွန်ုပ်တို့ရဲ့ တီထွင် ဆန်းသစ်မှုတွေ၊
မျှော်လင့်ချက် တွေနဲ့ ဈေးဝယ်သူ ဦးစားပေးအမူအကျင့် တွေကြောင့် အာရှရဲ့ဦးဆောင်သူ
department store အဖြစ် ပြိုင်ဘက် ကင်းတဲ့ ဂုဏ်သတင်းကို တည်ဆောက် နိုင်ခဲ့ပြီး ဖြစ်ပါတယ်၊
အာရှရဲ့စီးပွားရေး ဖွံ့ဖြိုးမှုနှင့်အညီ အင်ဒိုချိုင်းနားဈေးကွက် ကို ပထမဆုံးဝင်ရောက်နိုင်ခဲ့သလို အခု
လည်း ဒေသတွင်းမှာလေ့လာနိုင်ခဲ့ တဲ့ သင်ခန်းစာတွေကိုအာရှရဲ့ မျက်နှာစာတစ်ခုဖြစ်တဲ့ မြန်မာနိုင်
ငံ မှာ ပြန်လည်အသုံးပြုဖို့ မျှော်လင့်ထား ပါတယ်"ဟု Mr Tham Tuck Choy က ပြောကြား
ခဲ့သည်။

မကြာသေးမီကအပြုသဘောဆောင် တဲ့ ပြုပြင်ပြောင်းလဲရေးတွေနဲ့ မြန်မာ နိုင်ငံရဲ့မြန်ဆန်ပြီး
တောင့်တင်းခိုင်မာတဲ့ ဖွံ့ဖြိုးမှုအပေါ်ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို တိုးမြှင့်နိုင်ခဲ့ပြီး ဖြစ်ပါတယ်၊
အခုလို ဖွ့ံဖြိုးလာနေတဲ့ဈေးကွက်တွေ ကနေတစ်ဆင့် အဆင့်မြင့်လက်လီကုန် အမှတ်တံဆိပ်တွေ
တောင်းဆိုနေပြီဆို တာကြောင့် ဒီဈေးကွက်တွေအပေါ် အလွန် အမင်းယုံကြည်အားထားပါ တယ်၊
ပြီးခဲ့တဲ့ ၂၆ နှစ်အတွင်းမှာ အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုတွေ အတွက် အရေးပါတဲ့ အုတ်မြစ်တွေ
ခိုင်ခိုင်မာမာချနိုင်ခဲ့ပြီး အတွေ့ အကြံုမြင့်မားတဲ့ ၀ါရင့်စီမံကွပ်ကဲမှု အဖွဲ့ကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပါတယ်၊

Department ကုန်တိုက်ဈေးကွက်မှာ မှတ်ကျောက်တင်နိုင်ခဲ့သလို အောင်မြင် မှုလည်း ရရှိခဲ့ပါ
တယ်၊ အာရှရဲ့ဦးဆောင် တဲ့ Departmet storeဖြစ်တဲ့ အား လျော်စွာ PARKSON အနေနဲ့ အ
ရည် အသွေးမြင့်ကုန်ပစ္စည်းတွေ၊ ထူးခြား ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေ၊ ဈေးနှုန်း ချိုသာမှုတွေ
နဲ့မိမိရဲ့ဖောက်သည်တွေကို စိတ်ကျေနပ်မှုတွေအမြဲထာဝရ ပေးစွမ်း နေပါတယ်ဟုလည်း ၎င်းက
ပြောကြား ခဲ့သည်။

"မြန်မာနိုင်ငံရဲ့ ပထမဆုံး International Department Store ကို ဖွင့်လှစ်နိုင်ဖို့ Yoma နဲ့ FMI
တို့ ဖက်စပ်ပူး ပေါင်းသူတွေနဲ့လုပ်ကိုင် ဆောင်ရွက်ရ တဲ့အတွက် ၀မ်းမြောက်မိပါတယ်၊ ဖက်ရှင်
အလှအပနဲ့ နေထိုင်မှုပုံစံတို့ အတွက် အကောင်းဆုံးတွေနဲ့ ဖန်တီး ပေးနေတဲ့ ရပ်တည်မှုဖြစ်တဲ့
အားလျော် စွာ PARKSON အနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံးအနေနဲ့ ထူးခြားတဲ့အမှတ် တံဆိပ်
တွေ ယူဆောင်ပေးပါမယ်၊ ဒီတံဆိပ်တွေကတော့ Lancome, Estee Lauder, Clinique,Coach,
Dolce & Gabbana, Gucci, Lacoste, Hugo Boss, Escada, Tommy Hilfiger, Springfield,
Gripz,Triumph, Wacoal နှင့် Van Heusen တို့ပဲဖြစ်ပါတယ်၊

ရန်ကုန်မြို့ ရဲ့ စီးပွားရေးနဲ့ ဈေးဝယ်မှုအချက်အချာ နေရာမှာရှိတဲ့ အတွက် PARKSON FMI က
မိသားစုတွေရဲ့အားလုံးသော လိုအပ် ချက်တွေ ဖြစ်တဲ့ မိတ်ကပ်စတဲ့အလှပြင် ပစ္စည်းတွေနဲ့ ဖက်
ရှင်အသုံးအဆောင် စတာတွေအပြင် စီးပွားရေးဆိုင်ရာ အသုံးအဆောင်တွေနဲ့အိမ်သုံးပစ္စည်းတွေ
ကို တစ်နေရာထဲမှာရရှိအောင် စီစဉ်ပေးထားပါတယ်၊ PARKSON FMI စတင် ဖွင့်လှစ်ခြင်းပထမ
ဆုံးခြေလှမ်း ပြီးရင်တော့ လာမယ့်နှစ်နှစ်အတွင်းမှာ department store တစ်ခုလုံးကို စတု ရန်း
ပေ ၄၃၀,၀၀၀ ခန့်ပေါ်မှာအပြည့် အဝ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်၊ အကောင်းဆုံးသော ဖက်ရှင်
အလှအပနဲ့ အသုံးအဆောင်တွေကို ဈေးဝယ် သူတွေကို ပေးစွမ်းနိုင်ဖို့ ရည်ရွယ်ပါ တယ်၊

"မြန်မာနိုင်ငံအတွက် လုပ်ဆောင်ပေး နေတာက အကောင်းဆုံးသောဖက်ရှင် ဒီဇိုင်းတွေသာမကဘဲ
လူ့အဖွဲ့အစည်း ရဲ့အကျိုးစီးပွားအတွက်လူမှုတာဝန်ယူ မှု အစီစဉ်တွေကိုလည်းဖော်ဆောင်ပေး သွား
မှာဖြစ်ပါတယ်၊ လူမှုတာဝန်ယူမှု အစီအစဉ်တွေက ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကို လူမှုရေးပိုင်းအရ
တာဝန်ရှိမှု၊ တာဝန်ယူမှုဆိုတဲ့ဦးတည်ချက်နဲ့ လုပ်ဆောင်မှာဖြစ်ပါတယ်၊ မြန်မာ့လူ့အဖွဲ့အစည်းရဲ့
ရေရှည် တိုးတက်ဖွံ့ဖြိုးဖို့အတွက် ဆောင်ရွက် ခြင်းက ကျွန်တော်တို့ လုပ်ငန်းရဲ့ ဖော်ဆောင်မှု
သဘောတရားရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်၊ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများနဲ့လုပ်
ငန်းဖက်စပ်ပူးပေါင်းသူများရဲ့ အား ကောင်းတဲ့ ပ့ံပိုးမှုနဲ့လမ်းညွှန်မှုတွေ အတွက် အထူးကျေးဇူတင်
ရှိပါကြောင်း ပြောကြားလိုပါတယ်၊ ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုမှာ ပါ၀င်ဆောင်ရွက်ခဲ့ကြတဲ့ သူတွေ
အားလုံးနဲ့ကြိုးကြိုးစားစား ဆောင်ရွက်ခဲ့ကြတဲ့ ၀န်ထမ််းများအား လုံးကို ကျေးဇူးတင်ပါတယ်၊
PARKSON FMI ဖွင့်လှစ်မှုက မြန်မာနိုင်ငံကို အလားအလာမြင့်မားတဲ့ ဈေးကွက်မှာ ရေရှည်ရင်းနှီး
မြှုပ်နှံနိုင်ဖို့ တွန်းအားပေးနေပါတယ်၊ ဒီအတွက် ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာ ဈေးဝယ်မှု အတွေ့
အကြံုတွေကို ယူဆောင်ပေးနိုင်မှာဖြစ်သလို မြန်မာ နိုင်ငံရဲ့ အကောင်းဆုံးအပြည်ပြည် ဆိုင်ရာ
ကုန်တိုက်ဖြစ်ရေးအတွက် ရည်မှန်းချက်ကို အောင်မြင်အောင် ဖော်ဆောင်ရာမှာ ကူညီပံ့ပိုးပေးနိုင်
မှာ ဖြစ်ပါတယ်"ဟု Mr Tham Tuck က အဆိုပါနေ့တွင် ပြောကြားခဲဲ့ သည်။

စတုရန်းပေ ၄၃၀,၀၀၀ ခန့်ပေါ်တွင် အပြည့်အဝအကောင်အထည်ဖော်မည့် PARKSON
International Department Store တစ်ခုလုံးအတွက် ကုန်ကျစရိတ်မှာ ကန်ဒေါ်လာ သန်း ၃၅၀
ရှိမည်ဖြစ်ကြောင်းလည်း သိရှိရ သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်