i-Home အိမ်ခြံမြေကား အထွေထွေ အကျိုးဆောင်ကုမ္ပဏီ၏ တစ်နှစ်ပြည့် အခမ်းအနားကို
ဗဟန်းမြို့နယ်ရှိ M3 Food Centre ၌ မေလ ရ ရက်နေ့က ကျင်းပခဲ့သည်။
အခမ်းအနားတွင် i-Home အိမ်ခြံ မြေကား အထွေထွေအကျိုးဆောင်လုပ် ငန်း၏ မန်နေဂျင်း
ဒါရိုက်တာ ဒေါ်အေး သဥ္ဇာသူက i-Home အိမ်ခြံမြေကုမ္ပဏီ တစ်နှစ်ပြည့်အထိမ်းအမှတ် အမှာ
စကားပြောကြားခဲ့သည်။
"ဒီနေ့ကတော့ i-Home အိမ်ခြံမြေ ကုမ္ပဏီရဲ့တစ်နှစ်ပြည့် မိတ်ဆုံစားပွဲ အခမ်းအနားပဲ ဖြစ်ပါတယ်။
တစ်နှစ် အတွင်းမှာ i-Home အိမ်ခြံမြေအနေနဲ့ i-Home Online Shopping, i-Express တို့ကို
တည်ထောင်ခဲ့ပြီးဖြစ်ပါ တယ်။ နောက်ထပ်လုပ်ငန်းစဉ်တွေ အနေနဲ့ i- Hotel, i- Exports Imports,
i-Construction နဲ့ စက်ရုံတွေ တိုးချဲ့ ဆောင်ရွက်ရန် စီစဉ်နေပါတယ်။ "
i-Home ဆိုတဲ့အဓိပ္ပာယ်ကတော့ မိသားစုအိမ်၊ မိသားစုလုပ်ငန်းဆိုတဲ့ အဓိပ္ပာယ်ကို သက်ရောက်
ပါတယ်။ ဒါကြောင့် i-Home member တွေကို ဖိတ်ခေါ်ပြီး မည်သူမဆိုလာရောက် ပူးပေါင်းဆောင်
ရွက်နိုင်ဖို့ တည်ထောင် ခဲ့ခြင်းဖြစ်ပါတယ်"ဟုလည်း ဒေါ်အေး သဥ္ဇာသူက တစ်နှစ်ပြည့် အခမ်းအနား
တွင် ပြောကြားခဲ့သည်။
i-Home အိမ်ခြံမြေကားအ ထွေထွေ အကျိုးဆောင်ကုမ္ပဏီကို ၂၀၁၂ခုနှစ်၊ မေလ ရ ရက်နေ့တွင်
စတင်တည်ထောင် ခဲ့ပြီး ကုမ္ပဏီလိပ်စာမှာ အမှတ် ၄၂၉/၄၃၇ ကုန်သည်လမ်းနှင့်သိမ်ဖြူ လမ်း
ထောင့်၊ ရတနာမြိုင်ကွန်ဒို၊ အခန်း- ၄ဗယ ၅ဗ (၃/၄လွှာ) ဗိုလ် တထောင်မြို့နယ်၊ ရန်ကုန်မြို့တွင်
ဖွင့်လှစ်ထားကြောင်း သိရသည်။
အဆိုပါနေ့တွင် i-Home ကုမ္ပဏီမှ တာဝန်ရှိသူများက i-Home Online Shopping အကြောင်း
ကို ရှင်းပြခဲ့ကြ သည့်အပြင် i-Home ကုမ္ပဏီမှ ဒါရိုက် တာတစ်ဦးကလည်း member ၀င်ခြင်း
အားဖြင့် အကျိုးခံစားခွင့်များကိုလည်း ရှင်းပြခဲ့သည်။















