၀ယ်လို၊ ငှားလိုသူတွေနှစ်သက်မယ့် ရိုးရှင်းလှပတဲ့ အေးရိပ်မွန်အိမ်ရာက နှစ်ထပ်လုံးချင်းအိမ်

၀ယ်လို၊ ငှားလိုသူတွေနှစ်သက်မယ့် ရိုးရှင်းလှပတဲ့ အေးရိပ်မွန်အိမ်ရာက နှစ်ထပ်လုံးချင်းအိမ်

ဒီတစ်ပတ်တော့ သစ်ပင်ကြီးတွေနဲ့ အရိပ်ကောင်းကောင်းရနိုင်မယ့် ခြံဝင်း ထဲမှာ တည်ရှိတဲ့
လုံးချင်းအိမ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီခြံကလေး က အေးရိပ်မွန်အိမ်ရာမှာရှိပြီး ခြံဝင်းလေးထဲမှာ သီးသန့်လုံးချင်းအိမ်လေးနဲ့ နေထိုင်
ချင်တဲ့ သူတွေအတွက် သဘော ကျမယ်လို့ ထင်ပါတယ်။ ဒီခြံရဲ့ အနီးအနားမှာ သီရိမင်္ဂလာ
ဈေးသစ်တည်ရှိပါတယ်။

ခြံဝင်းကို အတော်အသင့် အကျယ်အဝန်း ထား ထားပြီး အိမ်ကိုတော့အနောက်ဘက် ကပ်
ဆောက်ထားတာကို တွေ့ရပါတယ်။ ခြံရဲ့ အကျယ်အဝန်းကတော့ စတုရန်း ပေ ရ,၃၀၀ ကျယ်
၀န်းပါတယ်။

ခြံထဲမှာ နှစ်ထပ်လုံးချင်းလေးကို ရိုးရိုး ရှင်းရှင်း ဆောက်ပေးထားတာကို တွေ့ ရပါတယ်။
ဆေးအရောင်ကိုတော့ အမြဲ မရိုးသွားစေနိုင်တဲ့ အဖြူရောင်လေး သုတ်ပေးထားပါတယ်။
ဒီခြံကိုအရောင်းရော၊ အငှားရော ဈေး ဖွင့်ထားပါတယ်။ စာရေးသူရောက်သွား ချိန်မှာတော့
အိမ်ရဲ့အတွင်းပိုင်းကို ပြင် ဆင်လျက်ရှိသလို ခြံကိုလည်း ပြုပြင် လျက်ရှိတာကို တွေ့ရပါတယ်။

ခြံထဲမှာသစ်ပင်ကြီးကြီးတွေ စိုက် ပေးထားတဲ့အတွက် အရိပ်ကောင်း ကောင်းရနိုင်တဲ့အပြင်
နေပူဒဏ်ကို လည်း ကာကွယ်နိုင်လို့ သစ်ပင်ရိပ်နဲ့ နေချင်တဲ့သူတွေ အဆင်ပြေမယ်လို့ ထင်
ပါတယ်။

ခြံရဲ့အလယ်မှာ ကုန်းမြင့် လေးတစ်ခု လုပ်ထားတာကိုလည်း သတိပြုမိခဲ့ပါသေးတယ်။ ခြံကို
ကွန်ကရစ်လောင်းထားပြီး ခြံရဲ့ ဘေးကွက်လပ်ကို မြက်ပင်လေးတွေ စိုက်ဖို့အတွက် မြေကြီး
လုပ်ပေးထား ပါတယ်။

ခြံထဲမှာ မိမိစိတ်ကြိုက် အလှပန်းအိုးလေးတွေ ထားဖို့နေရာ အတော်အသင့်ရှိတာကိုလည်း
တွေ့ ခဲ့ရပါသေးတယ်။ အိမ်ရဲ့အောက်ထပ်ကို ကြွေပြားခင်း ပေးထားပါတယ်။ အောက်ထပ်မှာ
အခန်းများများ မရှိပေမယ့် ဘုရားခန်း သီးသန့်ဖွဲ့ပေးထားပါတယ်။

အိမ်ရှေ့ ခန်းကုုိ ကျယ်ကျယ်လေး ပြုလုပ်ပေးထား တဲ့အတွက် ပရိဘောဂပဲဖြစ်ဖြစ် အခြား အိမ်
သုံးပစ္စည်းများများ ထည့်ချင်တဲ့သူ တွေအတွက်တော့ အဆင်ပြေမှာပါ။ မီးဖိုခန်း ရဲ့ အနောက်ဘက်
မှာ အလုပ် သမားတွေနေဖို့ တန်းလျားလုပ်ပေး ထားပါသေးတယ်။

အိမ်အောက်ထပ် မှာ ပစ္စည်းအတိုအစတွေထားဖို့ စတိုခန်း တစ်ခန်းရှိပါတယ်။ အိမ်ရဲ့ဝင်ပေါက်
တည့်တည့်မှာ အပေါ် ထပ်ကိုတက်ဖို့အတွက် ကျွန်းပါကေးခင်း ထားတဲ့ လှေကားကို တွေ့ရမှာ
ဖြစ်ပါ တယ်။

အပေါ်ထပ်ကြမ်းခင်းကိုလည်း ကျွန်း ပါကေးပဲ ခင်းထားတာတွေ့ ရပါတယ်။ အိမ်အပေါ်ထပ်မှာ
တော့ ရေချိုးခန်း အိမ်သာတွဲလျက်ပါတဲ့ အိပ်ခန်းတစ်ခန်း နဲ့ ရိုးရိုးအိပ်ခန်း နှစ်ခန်း၊ စုစုပေါင်း
သုံးခန်းပါပါတယ်။ အခန်းတွေရဲ့ အပြင် ဘက်မှာ သီးသန့်ရေချိုးခန်း အိမ်သာ တစ်လုံးရှိပါတယ်။

၀ရန်တာကိုလည်း ကျယ်ကျယ်လေးလုပ်ပေးထားတဲ့ အတွက် ၀ရန်တာကျယ်ကျယ် ကြိုက်သူ
တွေအတွက် စိတ်တိုင်းကျနိုင်မယ်လို့ ထင်ပါတယ်။ အိမ်ရဲ့အတွင်းပိုင်းက ပြန်လည်ပြုပြင် နေတဲ့
အတွက် ငှားမယ့်သူတွေရော ၀ယ်မယ့် သူတွေအတွက်ပါ ချက်ချင်း တက်နေနိုင်ဖို့တော့ အဆင်
ပြေမယ် မထင်ပါဘူး။

ဒါပေမဲ့ ငှားမယ့်သူ အတွက်ပဲဖြစ်ဖြစ် ၀ယ်မယ့်သူအတွက်ပဲ ဖြစ်ဖြစ် သူတို့ စိတ်ကြိုက်ပုံစံလေး
တွေ ကို အဆင်ပြေအောင်ပြင်ပေးမယ်လို့ တော့ သိရပါတယ်။ဒီအိမ်မှာ ရေကတော့ ဂျိုးဖြူရေ
ရော၊ အဝီစိရေပါ ရှိပါတယ်။ မီးကတော့ ကိုယ် ပိုင် မီတာပါ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်