အမေရိကန်ဒေါ်လာ ၂၄၂ သန်းဖြင့် ဈေးကွက်တင်သည့် စင်ကာပူ မြေကွက်

အမေရိကန်ဒေါ်လာ ၂၄၂ သန်းဖြင့် ဈေးကွက်တင်သည့် စင်ကာပူ မြေကွက်

စင်ကာပူ၏ နက်ဆင်းလမ်းမကြီးပေါ် တွင် တည်ရှိသော စတုရန်းမီတာ ရ,၉၀၀ အကျယ်ရှိ
ကုန်းမြင့်မြေကွက်တစ်ခုကို မကြာသေးမီက စံချိန်တင်ဈေးနှုန်းတစ်ခု အဖြစ် အမေရိကန်ဒေါ်လာ
၂၄၂ သန်း ဖြင့် ဈေးကွက်တင်ခဲ့သည်။

စင်ကာပူ၏ ပထမတန်းစား ဈေးဝယ် စင်တာများရှိသောအော့ချက်လမ်းမကြီး နှင့်နီးသည့် အဆိုပါ
မြေကွက်တွင် အထပ်နှစ်ထပ်ပါ အဆောက်အအုံ တစ်ခု၊တင်းနစ်ကွင်းနှင့် ရေကူးကန်များ ပါ၀င်
ဆောက်လုပ်ထားကြောင်း တစ်ဦး တည်း ဈေးကွက်ရှာဖွေရေးကိုယ်စား လှယ်ဖြစ်သည့် Jones
Lang LaSalle ၏ ထုတ်ပြန်ချက်အရ သိရသည်။

"ဒီမြေကွက်ရောင်းချမှုဟာ ဈေးနှုန်း နှုန်းထားအသစ်တစ်ခု ဖြစ်ပေါ်လာစေ ပြီး အထက်တန်းစား
ဘန်ဂလို အိမ်ရာလုံး ချင်းတစ်ခု(Good Class Bungalow) တုန်းက ရရှိခဲ့တဲ့ စင်ကာပူရဲ့ အကြီး
ဆုံး အိမ်ရာအရောင်းအဝယ်ကြောင့် ဖြစ် လာတာပါ"ဟု Jones Lang LaSalle မှ ရင်းနှီးမြှုပ်နှံမှုနှင့်
လူနေအိမ်ရာဆိုင်ရာ ဌာနမှူး Karamjit Singh က ပြော သည်။ ၎င်း Good Class Bungalow မှာ
ဆွပ်တန်ဟန်လမ်းရှိ စတုရန်းပေ ၂၉၁,၀၀၀ (၂၇,၀၃၄ စတုရန်းမီတာ)အကျယ်ရှိ မြေကွက်တစ်ခု
ဖြစ်ပြီး ၂၀၀၁ ခုနှစ် Singapore Press Holdings နှင့် Lum Chang ကုမ္ပဏီတို့ ကြား အိမ်ရာလဲ
လှယ်မှုတစ်ခုဖြစ်ကာ ယခုအချိန်အထိ စင်ကာပူ၏အကြီးဆုံး အိမ်ရာအရောင်းအဝယ်အဖြစ် စင်
ကာပူ ဒေါ်လာ ၈၇ ဒသမ ၅ သန်းဖြင့် ရပ်တည် နေသေးသည်။

ထိုအရွယ်အစားရှိသည့် လုံးချင်းအိမ် ရာ မြေကွက်များမှာ ၎င်းဧရိယာအတွင်း အလွန်ရှားပါးသည့်
မြေကွက်မျိုးဖြစ်ပြီး ယင်းမြေကွက်ကို နှစ်ကွက်အဖြစ် ခွဲထုတ်မည်ဟုလည်း သတင်းများ ထွက်ပေါ်
နေသည်။

ဒီမြေကွက်ကို ရောင်းမယ့် ရင်းနှီး မြှုပ်နှံမှုကုမ္ပဏီက ၃၁,၆၄၇ စတုရန်းပေ (စတုရန်း ၂,၉၄၀
မီတာ)နဲ့ စတုရန်းပေ ၅၃,၁၉၂(စတုရန်း ၄,၉၄၁ မီတာ)အရွယ် မြေကွက်သေးနှစ်ကွက်ဖြစ်ဖြစ်၊
ဒါမှ မဟုတ်လည်း တစ်ကွက်လုံးပဲဖြစ်ဖြစ် ဈေးခေါ်ကမ်းလှမ်းမှုတွေကို လက်ခံဖို့ ပြင်ဆင်ဆောင်
ရွက်နေကြပါတယ်"ဟု Singh က ပြောသည်။

"စတုရန်း ၃၁,၆၄၇ ပေ အကွက် အတွက် ၀ယ်သူဟာ နောက်ထပ် မြေကွက်နှစ်ခု ထပ်ပိုင်းနိုင်ပြီး
စတုရန်း ၅၃,၁၉၂ ပေ မြေကွက်ကိုကျတော့ အိမ်သုံးလုံးအဖြစ် ထပ်ပိုင်းလို့ ရနိုင် ပါတယ်"ဟု ၎င်း
က ပြောသည်။

အဆိုပါမြေကွက်ကို အာရှဒေသ၏ ရှေ့ဆောင်အိမ်ခြံမြေကုမ္ပဏီများတွင် တစ်ခုဖြစ်သော Wing
Tai Properties ၏ ဥက္ကဋ္ဌနှင့် မန်နေဂျင်းဒါရိုက်တာဖြစ်သူ Cheng Wai Keung က ပိုင်ဆိုင်
ကြောင်း ဘလွန်းဘာ့ဂ်၏ စီးပွားရေး သတင်းပတ်အစီအစဉ်၌ တင်ပြခဲ့သည်။

"ဒီဈေးနှုန်းဟာ ရောင်းဖို့ဝယ်ဖို့ လောက်ကို မဖြစ်နိုင်လွန်းအောင် လက်လှမ်းမမီတဲ့ဈေးပါပဲ။
နောက်ပြီး ကမ္ဘာပေါ်မှာ အမြင့်ဆုံးဈေးနှုန်းတစ်ခု လည်း ဖြစ်နိုင်လောက်တယ်"ဟု Savills (စင်ကာ
ပူ) မှ သုတေသနနှင့် အကြံပေးဆိုင်ရာ အကြီးတန်းညွှန်ကြား ရေးမှူး အလန်ချောင်းက ဘလွန်း
ဘာ့ဂ်စီးပွားရေးသတင်းပတ်အစီအစဉ် တွင် ပြောကြားခဲ့သည်။

"ဒီမြေကွက်ကို ဈေးပြိုင်ခေါ်ဖို့ ဖြစ် နိုင်မယ့် သူတွေကတော့ အိန္ဒိယစီးပွား ရေးစွမ်းဆောင်ရှင်တစ်ဦး၊
ဒါမှမဟုတ် ရုရှားလူချမ်းသာတစ်ဦးပဲ ဖြစ်နိုင် လောက်တယ်"ဟု ၎င်းကပြောသည်။ ကမ္ဘာ့ဈေးအကြီး
ဆုံး ပုဂ္ဂလိက လူနေ အိမ်ရာမှာ အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်Mukesh Ambani ပိုင်ဆိုင်ပြီး ခန့်မှန်း
ခြေ တန်ဖိုး အမေရိကန်ဒေါ်လာ တစ်ဘီလျံရှိ သည့် မွမ်ဘိုင်းရှိ အထပ် ၂၇ ထပ်ပါ Antilla
အဆောက်အအုံဖြစ်မည်ဟု ခန့်မှန်းရသည်။ ၂၀၁၃ ခုနှစ်၊ မေလ ၁၆ ရက် မွန်းလွဲ ၂ နာရီခွဲ
တွင် အဆိုပါ မြေကွက် အတွက် ဈေးပြိုင်တင်ဒါခေါ်ဆိုမှုကို ပိတ်မည်ဖြစ်သည်။

(အေးရှားပရောပါးတီးရီပို့တ်) 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်