Myanmar Professional Services Company Limitedိ မှ ကြီးမှူး၍ အထက်မြန်မာပြည်မန္တလေး
မြို့၌ ပထမဆုံးအကြိမ်ကျင်းပမည့် Japan Products Expo Mandalay 2013 တွင် ဆိုင်ခန်းပေါင်း
ရ၀ ကျော်ပါရှိပြီး ကုမ္ပဏီပေါင်း ၃၀ ကျော်ပါ၀င်ပြသ မည်ဖြစ်ကြောင်း မေလ ၆ ရက်နေ့တွင် Park
Royal ဟိုတယ်၌ ကျင်းပပြုလုပ် သော စာနယ်ဇင်းရှင်းလင်းပွဲအခမ်း အနားမှ သိရှိရသည်။
သုံးရက်ကြာကျင်းပမည့် Japan Products Expo Mandalay 2013 ကို မေလ ၁၇ ရက်မှ ၁၉
ရက်အထိ မန္တလေးမြို့ မြို့တော်ခန်းမ (City Hall Mandalay) ၌ မနက် ၉ နာရီမှ ည ၉ နာရီအထိ
ကျင်းပမည််ဖြစ်ကြောင်း သိရသည်။
"Myanmar Professional Services အနေနဲ့ JETRO, embassy of Japan တို့နဲ့ တွဲပြီးတော့
Japan Product Expo, Japan FestivaI, International Food & Mechinary Expo တို့ကို
ကျင်းပခဲ့တာ ၆ ကြိမ်ရှိပါပြီ၊ ဒီပွဲက ရ ကြိမ်မြောက်ပါ၊ "
ဒီပွဲကျင်းပရတဲ့ ရည်ရွယ်ချက်က တော့ quality product တွေအနေနဲ့ Japan product တွေကို
အရမ်းနှစ် သက်ပါတယ်၊ ဒီ့အတွက်ကြောင့် Japan Product တွေ၊ Japan Show ပွဲတွေ ကို
အများဆုံးလုပ်ဖြစ်ပါတယ်၊
သူတို့ ရဲ့ အလုပ်လုပ်ကိုင်တဲ့ပုံစံတွေမှာလည်း အတုယူလေ့လာစရာတွေ အများကြီး ရှိတယ်လို့
မြင်မိပါတယ်၊ ဖွံ့ဖြိုးတိုးတက် နေတဲ့ နိုင်ငံဖြစ်တဲ့အတွက် သင်ယူလေ့ လာစရာတွေ အများကြီးရှိ
ပါတယ်၊ လူ အများနှစ်သက်တဲ့ဂျပန်နိုင်ငံရဲ့ quality product တွေကို အထက်မြန်မာပြည်
ဈေးကွက်ထဲ တွင်တွင်ကျယ်ကျယ် ပျံ့နှံ့ စေဖို့ ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်" ဟ ုMyanmar
Professional Services Company Limited မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာဇာနည်မောင်မောင်
က ရှင်းလင်းပြောကြားခဲ့ သည်။















