တစ်နိုင်ငံလုံးရှိ ၀န်ထမ်းအိမ်ရာများ ပြန်လည်တည်ဆောက်မည်

တစ်နိုင်ငံလုံးရှိ ၀န်ထမ်းအိမ်ရာများ ပြန်လည်တည်ဆောက်မည်

တစ်နိုင်ငံလုံးရှိ ၀န်ထမ်းအိမ်ရာဟောင်း များ အသစ်ပြန်လည်တည်ဆောက်သွား မည်ဖြစ်သည်ဟု
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦး က မြန်မာတိုင်း(မ်)ကို ပြောကြား
သည်။

"တစ်နိုင်ငံလုံးမှာ ၀န်ထမ်းအိမ်ရာ ပေါင်း ၄၁ ခု ရှိပါတယ်။ အားလုံးက ၁၉၅၃-၅၄ ၀န်းကျင်နဲ့ ၁၉၇၀
၀န်းကျင်က ဆောက်ခဲ့ကြတာ။ သက်တမ်းအနေနဲ့ နှစ် ၅၀ ကျော်၊ တချို့ ရ၀ လောက်ရှိနေပြီ။
သက်တမ်းရင့်အိမ်ရာတွေ ဖြစ်နေပြီ။ အဆောက်အအုံဆိုတာ တည်ဆောက်မှု ကောင်းရင်၊ ပြုပြင်
ထိန်းသိမ်းမှုကောင်း ရင် ကြံ့ခိုင်မှုကောင်းနိုင်ပေမယ့် ဒီအိမ်ရာ တွေကတော့ အကုန်လုံးပြန်ဆောက်
ရ မယ့်အနေအထားပါ"ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးမြင့်နိုင်က
ပြောသည်။\

ရန်ကုန်မြို့တော်ရှိ ၀န်ထမ်းအိမ်ရာ ၁၁ ခုကိုလည်း အသစ်ပြန်လည် တည် ဆောက်သွားမည်ဖြစ်ပြီး
ဗဟန်းမြို့နယ် ရွှေတိဂုံဘုရားအနီးရှိ ဧရိယာ ၂ ဒသမ ၂၀၇ ဧက ကျယ်ဝန်းသော ရွှေဂုံအိမ်ရာ အား
အသစ်ပြန်လည်တည်ဆောက်နိုင် ရန် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန မှ မတ်လ ၂၃ ရက်နေ့
တွင် စတင် တင်ဒါခေါ်ယူခဲ့သည်ကို တွေ့ရသည်။

ရန်ကုန်မြို့ရှိ ၀န်ထမ်းအိမ်ရာများအား အသစ်ပြန်လည် တည်ဆောက်မည့် နည်းတူ မန္တလေးမြို့ရှိ
၀န်ထမ်းအိမ်ရာ တစ်ခုကိုလည်း အသစ်ပြန်လည်တည် ဆောက်သွားမည်ဖြစ်သည်။ အဆောက်
အအုံ ကြံ့ခိုင်မှုနှင့် လူထု၏ ပူးပေါင်းပါ၀င် ဆောင်ရွက်မှုတို့အပေါ် မူတည်ပြီး ၀န်ထမ်းအိမ်ရာဟောင်း
များ အသစ်ပြန်လည် တည်ဆောက်နိုင်ရန် အိုးအိမ်ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိ ပြီး ရန်ကုန်မြို့
၅၁ လမ်း အိမ်ရာပြန်လည် တည်ဆောက်ရေးအတွက် ညှိနှိုင်းမှုများ မပြီးပြတ်သေးဟုလည်း
သိရသည်။

"ကျွန်တော်တို့ မြန်မာလူမျိုးတွေက တစ်နေရာရာမှာ အနေကြာလာတဲ့အခါ အစွဲရှိကြတယ်လေ။
အသက်ကြီးလာ တဲ့အထိ နေလာတဲ့သူတွေအတွက် ယာ ယီ နေရာပြောင်းရွှေ့ပြီး နေဖို့ အခက်အခဲ
ရှိပါတယ်။ တချို့မြေညီထပ်မှာ ဈေးဆိုင် ဖွင့်ထားတဲ့လူတွေအနေနဲ့လည်း ပြောင်း ရွှေ့ချင်မှာ
မဟုတ်ပါဘူး။ လူတစ်ဦးချင်း စီရဲ့ သဘောထားကတော့ အမျိုးမျိုးဖြစ် နိုင်ပါတယ်။ အများစု
သဘောတူညီမှု ရတယ်ဆိုရင်တော့ ပြန်လည်တည် ဆောက်သွားဖို့ အမြန်ဆုံးတင်ဒါခေါ်မှာ ပါ"ဟု
ဦးမြင့်နိုင်က ပြောသည်။

မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် ၀န်ထမ်းအိမ်ရာများ အသစ် ပြန်လည်တည်ဆောက်
ရာတွင် အများစု အား ပုဂ္ဂလိကဆောက်လုပ်ရေးကုမ္ပဏီ များအား တင်ဒါခေါ်ယူ၍ လုပ်ကိုင်ခွင့် ပေး
မည်ဖြစ်ပြီး အချို့အား ဌာနမှ တည် ဆောက်သွားမည် ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

အထပ်အမြင့် ခြောက်ထပ်ရှိသည့် ရန်ကုန်မြို့ရှိ ၀န်ထမ်းအိမ်ရာများအား ပြန်လည် တည်ဆောက်
မည်ဆိုပါက ဆောက်လုပ်မည့် ဒီဇိုင်းပေါ်မူတည်ပြီး၊ အနည်းဆုံး ခြောက်လမှ တစ်နိုင်အထိ အချိန်
ကြာနိုင်ပြီး တည်ဆောက်ပြီးပါက လက်ရှိနေထိုင်သူများအား ပြန်လည် နေရာချထားသွားမည်
ဖြစ်သည်။

၁၉၅၁ ခုနှစ် ပြည်သူ့အိုးအိမ်အဖွဲ့ စတင်ဖွဲ့စည်း၍ မြန်မာနိုင်ငံတွင် ၀န်ထမ်းအိမ်ရာများ စတင်တည်
ဆောက်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်း အစိုးရ လက်ထက်များတွင် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန
အဖြစ် ပြောင်းလဲခဲ့ ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်