ကမာရွတ်မြို့နယ်၊ ပြည်လမ်းရှိဒိုင်း မွန်းကွန်ဒိုတွင်နေထိုင်သူများက ၂၀၀၇ ခုနှစ်မှ စတင်ခါနေထိုင်
လာကြရသော် လည်း လက်ရှိအချိန်အထိအဆောက် အအုံပြီးစီးကြောင်း သက်သေခံလက် မှတ်
Building Completion Certificate (BCC) တရားဝင်မရရှိသေးဘဲ နေထိုင် လာကြရသည့်အတွက်
နစ်နာမှုများ ရှိ ကြောင့်နှင့် တည်ဆောက်သူဖြစ် သည့် National Land Companyမှ ၎င်းတို့နေ
ထိုင်သူများအတွက် (BCC) တရားဝင်ရရှိအောင် မဆောင် ရွက်ပေးသည့်အပြင် ရေမီတာဖိုး နှင့်
ကားပါကင်ခများကို မတရား တိုးမြှင့်ကောက်ခံနေခြင်းများကြောင့် မူလ နေထိုင်သူများအတွက်
များစွာ စိတ်အနှောင့်အယှက်ဖြစ်ရ ကြောင်း ၎င်းတို့ကမြန်မာတိုင်း(မ်)သို့ လွန်ခဲ့သည့် သီတင်းပတ်
က ပြောကြားခဲ့ သည်။
နေထိုင်သူများ၏ မကျေနပ်ချက်များ တွင် တည်ဆောက်သူ National Land Company မှ နေ
ထိုင်သူများအား ဒိုင်း မွန်းကွန်ဒိုတွင် CCTV ကင်မရာ တပ်ဆင်ခအတွက် တစ်ခန်းလျှင် ကျပ်
၃၁,၂၅၀ ပေးရန်တောင်းဆိုခြင်းနှင့် တစ်ခန်းလျှင် ကိုယ်ပိုင်မီတာ တစ်လုံး တပ်ဆင်အသုံးပြုနိုင်
ရန် အတွက် ကျပ် ရ၆၀,၈၀၀ တောင်းဆိုခြင်း များကို နေထိုင်သူများကသဘောမတူ သည့်အတွက်
မပေးနိုင်ခြင်းများက နေထိုင်သူနှင့် တည်ဆောက်သူကြား တွင်သဘောထားကွဲလွဲမှုများလာခြင်းမှ
စတင်ခဲ့ခြင်းဖြစ်သည်။
"အခန်းရှင်က တည်ဆောက်သူထံ က တရားဝင်ဝယ်ထားတဲ့သူတွေ ဖြစ်တယ်၊ ဒီတော့စာချုပ်
အရ ကျွန်မ တို့ နားလည်တာက လျှပ်စစ်မီး၊ ရေရရှိ အောင် လုပ်ပေးတာနဲ့ လျှပ်စစ်မီတာ သွယ်
တန်းရရှိအောင် လုပ်ပေးတာတွေ က တည်ဆောက်သူဘက်က လုပ်ပေး ရမယ့် တာဝန်ဖြစ်ပါ
တယ်၊ ဒါတွေက ကွန်ဒိုတစ်ခုမှာ မပါမဖြစ်ပါရှိရမယ့် ကွန်ဒိုအင်္ဂါရပ်တွေဖြစ်ပါတယ်၊ ဒါပေ မဲ့ ဒါ
တွေမပြည့်စုံတာကြောင့် နေထိုင်သူတွေမှာ စိတ်အနှောင့် အယှက်ဖြစ်ရပါတယ်၊ အဆိုးဆုံးက
တော့ ကိုယ်ပိုင်မီတာဖိုးအတွက် ကျပ်ခုနစ်သိန်းကျော်ပေးရမယ်ဆိုတာ ရယ်၊ CCTV ကင်မရာ
တပ်ဆင်တဲ့ အတွက် ကျပ်သုံးသောင်းကျော်ပေးရ မယ်ဆိုတာပါပဲ။ ဒီတော့ဒီကိစ္စတွေ အတွက်
သဘောတူညီမှု မရှိဘူးဆိုတာ ကို ဒိုင်းမွန်းကွန်ဒို အိမ်ရာအုပ်ချုပ်ရေး အဖွဲ့ကို ဖေဖော်ဝါရီလထဲမှာ
စာပို့လိုက် ပါတယ်၊ နောက်ပြီး ဒီကိစ္စအတွက် National Land ဘက်ကနေထိုင်သူ အားလုံးကို
ရှင်းပြရမယ့် တာဝန်ရှိတယ်၊ ရှင်းပြပေးစေချင်တယ်၊ ဒီလိုမှမဟုတ်ဘဲ လျစ်လျူရှုခဲ့မယ်ဆိုရင်တော့
နေထိုင်သူ အခန်းရှင်တွေက သက်ဆိုင်ရာ အာဏာပိုင်တွေထံကို စာပို့တိုင်ကြား ရမှာဖြစ်ပါတယ်"
ဟု ဒိုင်းမွန်းကွန်ဒို Tower A တွင်နေထိုင်သည့် အခန်း ပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်မွန်ရည်ဝင်းက
ပြောသည်။
Tower A ခုနစ်လွှာတွင်နေထိုင်သည့် ဒေါက်တာဒေါ်နွဲ့ယဉ်ဝင်းကလည်း ၎င်း အနေဖြင့်ဒိုင်းမွန်း
ကွန်ဒိုတွင်နေထိုင် ရသည်မှာ ပံ့ပိုးမှုအင်္ဂါရပ်များမပြည့်စုံ သည့်အတွက် စိတ်မချမ်းမြေ့မှုများ ဖြစ်
ပေါ်နေရသည့်အပြင် ကား ပါကင်ခ တစ်လကျပ်တစ်သောင်းကျော် ပေးနေရသည်မှာလည်း မဖြစ်
သင့် ကြောင်း ၎င်းကပြောသည်။
"ဒိုင်းမွန်းကွန်ဒို Tower A မှာ အခန်း ၉၀ နဲ့ Tower B မှာလည်းအခန်း ၉၀ လောက်ရှိပါတယ်၊
ဒါပေမဲ့ ဒီတာဝါနှစ် ခုပေါင်းအတွက် ကားပါကင်က ၄၅ စီး စာလောက်ပဲနေရာရှိပါတယ်၊ နောက်
ပြီး တော့ ကားပါကင်ခဆိုပြီး တစ်လကို တစ်သောင်းခွဲပေးရပါတယ်။ ကားပါကင် အတွက် တစ်
ခန်းတစ်စီးစာနေရာရမယ် ဆိုတာကလည်း မူလအရောင်းအဝယ် စာချုပ်ထဲမှာပါပြီးသားဖြစ်ပါတယ်၊
ဒီ တော့ လစဉ်ကားပါကင်ကြေးတောင်းခံ တာတွေရှိပေမယ့် ဒါဟာကွန်ဒိုမှာနေ ထိုင်သူတွေရဲ့ ရ
သင့်ရထိုက်တဲ့ အခွင့် အရေးဖြစ်တဲ့အတွက် ကားပါကင်ကြေး မပေးတော့တာ ဖြစ်ပါတယ်" ဟု
ဒေါက်တာဒေါ်နွဲ့ယဉ်ဝင်းက ပြော သည်။
ဒိုင်းမွန်းကွန်ဒို အိမ်ရာအုပ်ချုပ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးဌာနမှ ဒိုင်းမွန်း ကွန်ဒိုတွင်နေထိုင်သည့်
အခန်းရှင်များ ထံမှ လျှပ်စစ်မီးပြတ်တောက်ချိန်တွင် ဓာတ်လှေကားမောင်းရန် အသုံးပြုရ သည့်
ဒီဇယ်ခအတွက် ကျသင့်ငွေ တောင်းခံနေသည်ကိုလည်း အခန်းရှင် များက ကျေနပ်မှုမရှိကြကြောင်း
၎င်းက ဆက်လက်ရှင်းပြခဲ့သည်။
"မီးပျက်ချိန်မှာ အသုံးပြုတဲ့ဓာတ်လှေ ကားဒီဇယ်ခအတွက် ကျပ် ၅,၀၀၀ ခန့် လစဉ်ပေးနေရတယ်၊
ဒါပေမဲ့ အခန်းရှင်တွေက ဒါနဲ့ပတ်သက်ပြီး ဘာမှတိတိကျကျမသိရပါဘူး၊ ဥပမာ- မီးပျက်ချိန်ဘယ်
လောက်ကြာတယ်၊ ဒီအတွက် ဒီဇယ်ဘယ်နှစ်ဂါလန်ဓာတ် လှေကားမောင်းဖို့အတွက် သုံးတယ်။
စသဖြင့်ပေါ့။ ဒီလို တိတိကျကျ မသိရတဲ့ အတွက် နေထိုင်သူတွေက သံသယဖြစ် လာတယ်။
ပိုဆိုးတာကမီးလာတဲ့ အချိန်တွေမှာပါ ဓာတ်လှေကားဒီဇယ်ခ အတွက် ပုံမှန်ကောက်ခံနေတာ
ဆိုတော့ အခန်းရှင်တွေက မကျေနပ်ကြဘူး"ဟု ဒေါက်တာဒေါ်နွဲ့ယဉ်ဝင်းက ပြော သည်။
ထို့ကြောင့်ပင် နေထိုင်သူများမှ ကိုယ်ပိုင်မီတာခ၊ CCTV ကင်မရာတပ် ဆင်ခ၊ ကားပါကင်ခတို့နှင့်
ပတ်သက် သည့်ငွေကြေးကောက်ခံနေမှုများနှင့် ပတ်သက်သည့်အချက် ၁၈ ချက်ကို ဖေဖော်ဝါရီလ
၁၇ ရက် အစည်း အဝေးတွင် တည်ဆောက်သူနှင့် နေထိုင်သူများက တိုင်ပင်ဆွေးနွေးခဲ့ သော်လည်း
ထူးခြားမှုအနည်းသာရှိခဲ့ ကြောင်း သိရသည်။
"ဖေဖော်ဝါရီ ၁၇ ရက်အစည်းအဝေး ပြီးတဲ့အခါမှာကျွန်မတို့ဘက်က တောင်း ဆိုတဲ့အချက် ၁၈
ချက်ကို နေထိုင်သူ တွေစုပေါင်းပြီးအုပ်ချုပ်ရေးရုံးကိုပို့လိုက် တယ်။ ဒါပေမဲ့ အမှိုက်စနစ်ကို ညနေ
၄ နာရီကနေ ၅ နာရီအတွင်း နေ့စဉ်သိမ်း ပေးမယ်ဆိုတာရယ်၊ နောက်ပြီးတော့ အထပ်တိုင်းမှာရှိတဲ့
လှေကားခွင်နေရာ တွေမှာ မီးသတ်ဆေးဘူးနဲ့ မီးသတ်ပိုက် တွေလာထားသွားတယ်။ ဒါပဲဆောင်
ရွက်ပေးသွားတယ်"ဟုလည်း ၎င်းက ဆက်လက်ပြောသည်။
ဒိုင်းမွန်းကွန်ဒို BCC မရရှိသေးသည့် ကိစ္စများနှင့် စာချုပ်ပါ စည်းကမ်းချက် များတွင် မပါ၀င်သည့်
အခွန်အခများ ပေးဆောင်နေရခြင်းကြောင့် အဆိုပါ ကိစ္စရပ်များကို ရန်ကုန်တိုင်းဒေသကြီး လွှတ်
တော်သို့ တင်ပြဆွေးနွေးခဲ့သော် လည်း တိကျသည့် အဖြေမရရှိခဲ့ကြောင်း လည်း သိရသည်။
နေထိုင်သူအားလုံးအတွက် ကြီးမား သည့် ပြဿနာတစ်ရပ်မှာ တည်ဆောက် သူ National
Land Company က ရန်ကုန်မြို့တော်စည်ပင်ထံမှ မည်သည့် အချိန်တွင် BCC ရရှိအောင် ဆောင်
ရွက် ပေးမည်ဆိုသည်ကို မသိရှိရခြင်းနှင့် မည်သည့်အချိန်တွင် လက်ဝယ်ရရှိ မည်ဆိုသည်ကို
လည်း မသိရသော ကြောင့် နစ်နာမှုများရှိကြောင်းလည်း နေထိုင်သူများက ပြောသည်။
အခန်းရှင်များအတွက် ကိုယ်ပိုင်မီတာ ရရှိရန် တစ်ခန်းလျှင် ကျပ်ခြောက်သိန်း ကောက်ခံမှုမှာ
လတ်တလောဖြစ်ပျက် သည့် ကိစ္စများတွင် အဆိုးရွားဆုံး ဖြစ်ကြောင်းလည်း အခန်းပိုင်ရှင်တစ်ဦး
ဖြစ်သူ ဦးဝင်းအောင်ကပြောသည်။ "လျှပ်စစ် စွမ်းအားဝန်ကြီး ဌာန ရန်ကုန်တိုင်းဒေသကြီးလျှပ်စစ်
ရုံး မှ တာဝန်ရှိသူတွေထံကို စာပို့ အကြောင်းကြားထားပြီး ဒိုင်းမွန်းကွန်ဒို မှာဖြစ်ပေါ်နေတဲ့ ကိုယ်ပိုင်
မီတာတပ် ဆင်မှုနဲ့ ပတ်သက်ပြီး လာရောက်ကွင်း ဆင်းစစ်ဆေးဖို့ အကြောင်းကြားထား ပြီးလည်း
ဖြစ်ပါတယ်။
သက်ဆိုင်ရာအာ ဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့လည်း ဒိုင်းမွန်းကွန်ဒိုက နေထိုင်သူတွေ နစ်နာမှု တွေအတွက် နှစ်ဦးနှစ်ဖက်အဆင်ပြေ အောင် ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ အများကြီး
မျှော်လင့်ပါတယ်၊ နေထိုင်သူ တွေရဲ့ နစ်နာမှုတွေနဲ့ပတ်သက်ပြီး မေလအတွင်းမှာ နိုင်ငံတော်သမ္မတ
ကြီးဆီကို လိပ်မူပြီးစာပို့အကြောင်းကြား သွားမှာလည်းဖြစ်ပါတယ်"ဟုလည်း ဦးဝင်းအောင်က
ပြောပြခဲ့သည်။
ဒိုင်းမွန်းကွန်ဒိုတည်ဆောက်သူ National Land ကုမ္ပဏီ၏ Administrator ဖြစ်သူ ဒေါ်မျိုးမိသူက
မြန်မာတိုင်း(မ်)၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ရာတွင်ဒိုင်းမွန်းကွန်ဒို တွင်ဖြစ်ပွားခဲ့သော
ပြဿနာများသည် နေထိုင်သူများက တည်ဆောက်သူ ကုမ္ပဏီပေါ်တွင် မီတာခနှင့်ပတ်သက်၍
အထင်အမြင်လွဲမှားမှုများမှ စတင်ပေါ် ပေါက်လာခြင်းဖြစ်ကြောင်း ပြောသည်။
"နေထိုင်သူတွေဘက်က Complain စတက်တာကကိုယ်ပိုင်မီတာရဖို့အတွက် ငွေသွင်းရမယ်
ဆိုတဲ့ကိစ္စမှာဖြစ်တာ ပါ။ BCC ကိစ္စကြောင့်မဟုတ်ပါဘူး။ ကိုယ်ပိုင်မီတာအတွက် ပေးသွင်းငွေ
ခုနစ်သိန်းခြောက်သောင်းကောက်ခံ တဲ့ ကိစ္စရယ်၊ နောက်ပြီးတော့ CCTV ကင်မရာတပ်ဆင်ဖို
့အတွက် ကျပ် သုံးသောင်းကျော်ပေးရမယ့် ကိစ္စရယ်၊ ကားပါကင်ကြေး မပေးချင်တဲ့အတွက်
နေထိုင်သူအခန်းရှင် ၂၀ ဦး၊ အခန်း ၂၄ ခန်း စုပေါင်းပြီး ဒိုင်းမွန်းကွန်ဒို အိမ်ရာ အုပ်ချုပ်ရေးရုံးသို့
မပေးသွင်းနိုင်ကြောင်း အကြောင်းကြားစာ ပေးပို့ပါတယ်။ "ဒီတော့ အိမ်ရာအုပ်ချုပ်ရေးကော်မတီ
ဘက်က ရှင်းပြချင်တာက ကိုယ်ပိုင်မီတာအတွက် ငွေထပ်မံပေးသွင်းရမယ် ဆိုတာက အရောင်း
အဝယ် စာချုပ်ထဲမှာ ကိုက ပါပြီးသားဖြစ်ပါတယ်။
နောက်ပိုင်း မှ ကွန်ဒိုလုံခြံုရေးအတွက် CCTV ကင်မရာတွေ တပ်ဆင်ရတာဖြစ်တာ ကြောင့်
CCTV ကင်မရာဖိုးကို အချိုးကျ ပြန်လည်မျှခံရခြင်းသာ ဖြစ်ပါတယ်။ ကားပါကင်ကြေးနဲ့ ပတ်သက်
ပြီးတော့ လည်း ပြောလိုပါတယ်၊ ကျွန်မတို့ ရောင်းချစဉ်ကတည်းက တစ်ခန်းတစ်စီး စာ
ကားပါကင် ရမယ်လို့ လုံးဝမပြော ခဲ့ပါဘူး။ အရောင်းအဝယ်စာချုပ်မှာ ရေဖိုး၊ မီးဖိုးနှင့် အခြားသော
အခွန် အခများ ပေးဆောင်ရမယ်လို့ ၀ယ်ယူ စဉ်ကတည်းက စာချုပ်ချုပ်ဆိုပြီး ရောင်းချခဲ့တာပါ"ဟု
ဒေါ်မျိုးမိသူက ပြောသည်။
"ကျွန်မတို့အိမ်ရာအုပ်ချုပ်ရေးရုံး ဘက်က ပြောချင်တာက လူနေထိုင် ခွင့် BCC ကို ဒီနှစ်ဆန်း
ကတည်းက စပြီး ဆောင်ရွက်လျက်ရှိပါတယ်"ဟု ၎င်းကပြောကြားခဲ့သည်။ National Land
ကုမ္ပဏီမှ ကိုယ်ပိုင် မီတာတပ်ဆင်ရန်အတွက် ငွေကောက်ခံ ရာတွင် ကုန်ကျစရိတ်ကို အခန်း
အရေ အတွက်အလိုက် မျှတစွာ ကောက်ခံ ခဲ့သည်ဖြစ်ကြောင်းလည်း ဒေါ်မျိုးမိသူ က ဆက်
လက်ရှင်းပြခဲ့သည်။
"ဒိုင်းမွန်းကွန်ဒို A,B မှာဆိုရင် အခန်း စုစုပေါင်း ၁၉၀ လောက်ရှိပါတယ်၊ဒီတော့ ဒီအခန်းတွေအား
လုံးကိုယ်ပိုင် မီတာရရှိဖို့အတွက် ၂၀၁၀ မှာ ဓာတ်အား ခွဲရုံကို မြန်မာ့အသံအနောက်ဘက်မှာ
YESB တည်ဆောက်ပြီး ကျသင့် ငွေကို ကုမ္ပဏီများက အချိုးကျ ပြန်လည် မျှခံပြီး ယခုနောက်ပိုင်း
မှ ပေးသွင်းရ ပါတယ်။ အခန်းအပ်စဉ်က Sub-meter နဲ့ အခန်းအပ်နှံပြီး အသုံးပြု လျက်ရှိပါတယ်။
ဒီအတွက် Sub-meter ကနေ ကိုယ်ပိုင်မီတာရဖို့အတွက် ငွေသွင်းရတာပါ။ ကုမ္ပဏီက ကိုယ်ပိုင်
မီတာတပ်ဆင်ဖို့အတွက် တစ်ခန်းကို ငွေဘယ်လောက်ပေးသွင်းရမယ်ဆိုတဲ့ ကုန်ကျစရိတ်ကို
နေထိုင်သူအားလုံး သိအောင်လည်း ကြေညာထားပြီးသား ဖြစ်ပါတယ်။ အခန်းရှင် ၂၅ ခန်းရဲ့
တောင်းဆိုမှုကြောင့် ကုမ္ပဏီက ကိုယ်ပိုင် မီတာအတွက် အမှန်တကယ်ကျသင့်ငွေ ကျပ် ရ၆၀,၀၀၀
ကနေ ကျပ် ၆၀၀,၀၀၀ အထိ အစည်းအဝေးခေါ်ယူ ညှိနှိုင်းဆွေနွေးပြီး လျှော့ချပေးပြီး ကျန်အခန်း
အားလုံးကိုလည်း တစ်ပြေးညီ လျှော့ချပေးခဲ့ပါတယ်။
တာဝါ A နဲ့ တာဝါ B မှာ ရှိတဲ့ အခန်းရှင်တွေအားလုံးနီးပါးက ကျပ် ၆၀၀,၀၀၀ သိန်းအထိ လျှော့
ချလိုက်တဲ့ ကိုယ်ပိုင်မီတာဖိုးအတွက် ကျေကျေ နပ်နပ် ပေးသွင်းလျက်ရှိပါတယ်။ ကိုယ်ပိုင်မီတာ
ဖိုး ကျပ် ၆၀၀,၀၀၀ ကို မပေးနိုင်ပါဘူးဆိုပြီး Complain တက်နေတာက ၂၅ ခန်း လူနည်းစုပါ။
"လုံခြံုရေးအတွက် CCTV ကင်မရာ များကို တာဝါ A နဲ့ B မှာ တပ်ဆင်ပေး ထားပါတယ်၊ ဒါပေမဲ့
တိုင်ကြားသူ ၂၅ ခန်းက ဒီအတွက် ကျွန်မတို့ကို ငွေမသွင်းသေးပါဘူး။ ဒိုင်မွန်းကွန်ဒိုက အဆင့်မြင့်
ကွန်ဒိုတစ်ခုဖြစ်တဲ့အတွက် ကွန်ဒိုတစ်ခုလုံးရဲ့ လုံခြံုရေးကိစ္စတွေ အတွက် CCTV ကင်မရာ တပ်ဆင်
ထားရတာပါ။ ဒီအတွက် ကွန်ဒိုမှာ နေထိုင်သူတွေက သဘောတူပြီး CCTV ကင်မရာတပ်တဲ့အတွက်
ကုန်ကျ စရိတ်ကို ပေးလျက်ရှိပြီး Complain တက်တဲ့ အခန်းတချို့သာ ပေးဖို့ ငြင်း ဆန်နေတုန်းပါပဲ"
ဟု ဒေါ်မျိုးမိသူက ရှင်းပြခဲ့သည်။
နေထိုင်သူများ ပြောဆိုလျက်ရှိကြ သကဲ့သို့ ဒိုင်းမွန်းကွန်ဒို၏ အကျိုးအမြတ် ခွဲဝေမှုမှာ မည်သည့်
အဖွဲ့အစည်းနှင့်မျှ အကျိုးတူ ဆောင်ရွက်ခြင်းမဟုတ်ဘဲ မြေပိုင်ရှင်နှင့် အကျိုးတူပူးပေါင်းဆောင်
ရွက်ခြင်းဖြစ်ကြောင်းလည်း ဒေါ်မျိုးမိသူ က ပြန်လည်ရှင်းလင်းခဲ့သည်။
"ကားပါကင်အတွက် ပိုက်ဆံပေးစရာ မလိုဘူးဆိုတဲ့ အချက်ကလည်း မူလ စာချုပ်ထဲမှာကိုက
လုံးဝမပါ၀င်ပါ ဘူး"ဟုလည်း ၎င်းကပြောသည်။ ၎င်းတို့တောင်းဆိုသော BCC ကိစ္စ စတင်ဆောင်
ရွက်နေပြီဖြစ်ပြီး မီးဘေး ကာကွယ်ရေးအတွက် သက်ဆိုင်ရာ ဌာနသို့ တင်ပြပြီး ညွှန်ကြားအကြံ
ပြု ချက်များအတိုင်း လိုက်နာ၍ ဆောင်ရွက် ပေးနေကြောင်းလည်း ၎င်းက ပြော သည်။
Complain တက်သူ အခန်းရှင်အချို့ မှ တည်ဆောက်သူ National Land ကုမ္ပဏီ၏ ဂုဏ်သိက္ခာ
ထိခိုက်စေမည့် ပြောဆိုမှုများ ရှိနေသည်ကို စိတ်မကောင်းကြောင်း ၎င်းက ပြောကြား ခဲ့သည်။
"အိမ်ရာအုပ်ချုပ်မှု ကော်မတီအနေနဲ့ ဒီအိမ်ရာမှာ နေထိုင်တဲ့သူတွေအားလုံး အခက်အခဲမရှိ
အဆင်ပြေအောင် ကြိုးစားပြီး အကောင်းဆုံးဖြစ်အောင် လုပ်ပေးနေပါတယ်။ ဒီထဲကမှ အဆင်
မပြေတာတွေရှိတယ်ဆိုရင် လာရောက် ညှိနှိုင်းနိုင်ပါတယ်။ "ဒါပေမဲ့ ညှိနှိုင်းမှုမရှိဘဲ ကိုယ် လိုချင်
တာကိုပဲ တစ်ဖက်သတ် ဆက် လက်ပြောဆိုရင်တော့ မကောင်းဘူး ပေါ့။ တောင်းဆိုရာမှာ
တစ်ဖက်နဲ့ တစ်ဖက် မျှမျှတတ တောင်းဆိုဖို့ ပြောချင်ပါတယ်"ဟုလည်း National Land ကုမ္ပဏီ၏
Administrator ဒေါ်မျိုးမိသူက မြန်မာတိုင်း(မ်)ကို ပြော ကြားခဲ့သည်။
















