ဒီတစ်ပတ်ကိုတော့ အိမ်ကောင်း အိမ်သန့်တွေထဲမှာပဲ နေချင်တဲ့သူတွေ အတွက် ဇီဇဝါဥယျာဉ်
အိမ်ရာထဲက နှစ်ထပ်အိမ်ကို ဖော်ပြပေးလိုက်ပါတယ်။ ခြံနဲ့ ၀င်းနဲ့ အဆင့်မြင့်မြင့်နေချင်တဲ့ သူတွေ
အကြိုက်တွေ့လိမ့်မယ်လို့ ထင်ပါတယ်။ ဒီအိမ်က အရောင်းရော အငှားပါ ဈေးဖွင့်ပေးထားပါတယ်။
မြို့တွင်းနဲ့ အရမ်းမနီးတဲ့အတွက် တိတ်တိတ် ဆိတ်ဆိတ်နဲ့ မိသားစုသီးသန့်ပဲ နေချင် တဲ့ သူတွေက
တော့ သဘောကျလိမ့် မယ်လို့ ထင်ပါတယ်။ ခြံရဲ့ အကျယ်အဝန်းကတော့ စတုရန်းပေ ၄,၈၀၀
ကျယ်ဝန်းပါတယ်။
ခြံကလေးက အရမ်းမကျယ်ပေမယ့် ချစ်စရာကောင်းပြီး ခေတ်မီတဲ့ ပုံစံ ကလေးဆောက်ပေးထား
တဲ့အတွက် နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ခြံဝင်ပေါက်တည့်တည့်မှာ နွယ်ပင် လေးတွေ
ရှိတဲ့ ၀င်ပေါက်အဖြူရောင် လေးကိုအရင်ဆုံးတွေ့ရမှာ ဖြစ်ပါတယ်။
ခြံ ထဲကို မြက်ပင်တွေ ခင်းထားပေးပါ တယ်။ ခြံထဲမှာလည်း အလှပန်းပင်လေး တွေကို စိုက်ပျိုးပေး
ထားပြီး ခြံကို အလှဆင် ပေးထားပါတယ်။ ခြံဝင်းမှာ နှစ်ထပ်တိုက် ကလေးကို ဆောက်ပေးထားပါ
တယ်။ တိုက် ကလေးကို ပန်းရောင်သုတ်ထားတဲ့ အတွက် အမြင်တစ်မျိုး ဖြစ်စေမှာပါ။ တိုက်ရဲ့ဘေး
ဘက်မှာ အပင်စိုက်လို့ ရတဲ့ နေကာအိမ်လေး ဆောက်ပေး ထားပါတယ်။ ပန်းခြံကလေးရဲ့ ရှေ့မှာ
လည်း ပန်းရုံကလေးတစ်ရုံရှိပါတယ်။ အိမ်ရဲ့ ၀င်ပေါက်တည့်တည့် မှာ ဆင် ၀င်ပေါက်ကို တွေ့ရမှာ
ဖြစ်ပါတယ်။
ဒီ ဆင်ဝင်ကို အတော်အသင့် ကျယ်ကျယ် ကလေး လုပ်ပေးထားတာကိုလည်း တွေ့ ရပါတယ်။
ဆင်ဝင်ထဲမှာမှ အိမ်ထဲကို ၀င်ရမယ့် တံခါးကိုတွေ့ရမှာဖြစ်ပါတယ်။ အိမ်က အရမ်းမကျယ်ပေမယ့်
အခန်းတွေကို နေရာတကျ ဖွဲ့ပေးထား တာကိုတွေ့ရပါတယ်။ တံခါးပေါက်ရဲ့ တည့်တည့်မှာတော့
ဧည့်ခန်းကို တွေ့ ရမှာဖြစ်ပြီး ဧည့်ခန်းနဲ့ ထမင်းစားခန်း ကို တွဲလျက်တစ်ခန်း ထားထားတာကို
သတိထားမိပါတယ်။ အိမ်ကို ၀င်မယ့် တံခါးရဲ့ညာဘက်မှာတော့ နောက်ဖေး မီးဖိုချောင်ကိုတွေ့ရ
မှာဖြစ်ပါတယ်။
မီးဖိုချောင်ကို အဆင့်မြင့် ပြင်ပေး ထားပြီး အတွင်းမှာလည်း ပန်းကန် တွေပဲဖြစ်ဖြစ်ပစ္စည်းအတိုအစ
တွေပဲ ဖြစ်ဖြစ် အစင်ကလေးတွေပါတဲ့ အခန်း ငယ် တစ်ခန်းကို တွေ့ရမှာ ဖြစ်ပါတယ်။ မီးဖိုခန်းရဲ့
ဘေးဘက်မှာလည်း အကျႌ လှမ်းဖို့ ဒါမှမဟုတ် အဝတ်လျှော်ဖို့ အခန်းတစ်ခန်းထပ်ပါ ပါသေးတယ်။
အောက်ထပ်ကြမ်းခင်းကိုတော့ ကြွေ ပြားခင်းပေးထားပြီး ရေချိုးခန်းအိမ်သာ တစ်လုံးပါ ပါတယ်။
တံခါးပေါက်ရဲ့ ဘယ်ဘက်ခြမ်းမှာတော့ အပေါ်ဘက် ကိုတက်ရမယ့် ကျွန်းပါကေးခင်းထားတဲ့ လှေ
ကားကို တန်းတွေ့ရမှာ ဖြစ်ပါတယ်။ အပေါ်ထပ် ကြမ်းခင်းကို ကျွန်းပါကေး ခင်း ပေးထားပါတယ်။
အိမ်ရဲ့အပေါ်ထပ်မှာ ရေချိုးခန်းနဲ့ အိမ်သာ တွဲလျက်ပါအခန်း တစ်ခန်းနဲ့ ရိုးရိုး အိပ်ခန်းနှစ်ခန်းစုစုပေါင်း
အိပ်ခန်း သုံးခန်းပါပါတယ်။ ဘုရားခန်းကတော့ သီးသန့် အခန်းမရှိပေမယ့် အိပ်ခန်း တစ်ခန်းနဲ့ တွဲ
လျက်မှာ ဘုရားခန်း အတွက် အခန်းတစ်ခန်းဖွဲ့ထားပါတယ်။
ဒီအိမ်ကလေးရဲ့ အခန်းတိုင်းမှာ အဆင့်မြင့်ပြင်ဆင်ထားပြီး ပရိဘောဂ အပြည့်အစုံအကုန်ပါ အပြီး
အစီး ဖြစ် ပါတယ်။ အိမ်ထောင် ပရိဘောဂပါ အပြီးအစီးဖြစ်တဲ့အတွက် ၀ယ်လိုသူ ရော ငှားသူတွေ
ရော အဆင်သင့် တက်နေနိုင်မှာ ဖြစ်ပါတယ်။
နောက် ပြီး အိမ်ရဲ့ ပြတင်းပေါက်တွေမှာ လည်း အလှလိုက်ကာလေးတွေ တပ်ဆင်ပေး ထားပါသေး
တယ်။ အခန်းတိုင်းမှာ လေအေးပေးစက်တပ်ထားပြီး စုစုပေါင်း ခုနစ်လုံး ပါ၀င်မှာ ဖြစ်ပါတယ်။ ဒီအိမ်
ရဲ့ ရေမီးကတော့ ကိုယ်ပိုင်ရေမီးပါ။
















