မြန်မာ့မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကျင်းပ

မြန်မာ့မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကျင်းပ

ပထမအကြိမ်မြောက် မြန်မာ့မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ (Myanmar Urban Development
Conference-MUDC 2013) ကို မေလ ၆ ရက်နှင့် ရ ရက်နေ့များတွင်ရန်ကုန်မြို့ရှိ ကုန်သည်ကြီး
များဟိုတယ်၌ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကိုယ်စားလှယ် ပေါင်း ၂၀၀ ကျော်တက်ရောက်ခဲ့
သည်။

ထိုဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ အတွင်းရှိ လက်ရှိဆောင်ရွက်နေ သည့် စီမံကိန်းများနှင့်ရင်းနှီးမြှုပ်နှံမှု
အခွင့်အလမ်းများကို စူးစမ်းလေ့လာ နိုင်စေရန် ကျင်းပခြင်းဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင်
မြို့ပြဆိုင်ရာ ခေတ်မီ မြို့တစ်မြို့အဖြစ် အသွင်ကူးပြောင်းရာ တွင် ကြံုတွေ့ရမည့် စိန်ခေါ်မှုများနှင့်
အရေးကြီးအကြောင်းအရာများအတွက် လည်းဆွေးနွေးခဲ့ကြသည်။

ပထမနေ့ စာတမ်းဖတ်ပွဲတွင် စာတမ်းရှင်တစ်ဦးဖြစ်သည့် Dagon International Company မှ
ဒါရိုက်တာ ဦးသူရိန်အောင်က ၎င်း၏ စာတမ်းကို ဖတ်ကြားခဲ့ပြီး ဒဂုံဆိပ်ကမ်း မြို့နယ်တွင် တည်
ဆောက်အကောင် အထည်ဖော်လျက်ရှိသော အထပ်ပေါင်း ၁၈ ထပ် အမြင့်ရှိ တိုက်များပါ၀င်သည့်
စီမံကိန်း နှင့် သီလဝါအထူးစီးပွားရေးဇုန် အကြောင်းကို ရှင်းလင်းတင်ပြခဲ့သည်။

"ဧရာဝဏ်နဲ့ ရတနာအိမ်ရာစီမံကိန်း တွေက တန်ဖိုးသင့်အိမ်ရာစီမံကိန်းတွေ ပါ။ ဒါကြောင့်မို့လို့
၀င်ငွေနည်းတဲ့သူ တွေအတွက် အခက်အခဲမရှိ၀ယ်ယူနိုင် မှာဖြစ်ပါတယ်။ အခုစီမံကိန်းကြောင့်
အနာဂတ်ပုဂ္ဂလိက ဆောက်လုပ်ရေး ကဏ္ဍမှာ ပိုမိုအကျိုးဖြစ်ထွန်းလာစေ မယ်လို့လည်း မျှော်
လင့်ပါတယ်"ဟု ၎င်းကပြောသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ စီမံကိန်းကို မြေဧက ၂၂၀ ပေါ်တွင် တည်ဆောက် အကောင်အထည်ဖော်
မည်ဖြစ်ပြီး စီမံ ကိန်းပံ့ပိုးမှုအင်္ဂါရပ်များအနေဖြင့် ကစား ကွင်း၊ ဓာတ်လှေကား၊ စာသင်ကျောင်း၊
ပန်းခြံနှင့်ဘတ်စ်ကားဂိတ်စသည်တို့ပါ ရှိမည်ဖြစ်ပြီး စီမံကိန်းကာလမှာ နှစ်နှစ် ကြာမည်ဖြစ်သည်။

"လူတိုင်း အိမ်မဝယ်နိုင်ကြသေးတဲ့ အတွက် အိမ်ရာလိုအပ်ချက်ပြဿနာက တော့ရှိနေဆဲ ဖြစ်ပါ
တယ်၊ ဒီတော့အိမ်ရာ လိုအပ်ချက်ပြသနာကို ဖြေရှင်းနိုင်ဖို့ နည်း လမ်းတစ်ရပ်က တန်ဖိုးသင့်တင့်
တဲ့အိမ် ရာတွေ တည်ဆောက်ပေးတာပါပဲ၊ နောက်ပြီးတော့ နှစ်ရှည်ကာလ (၂၅နှစ်-၃၀ နှစ်)အရစ်
ကျစနစ်နဲ့ ရောင်းပေးတာ ကလည်းနိုင်ငံရဲ့အိမ်ရာလိုအပ်ချက်ကို လျော့ကျစေမှာဖြစ်ပြီးအိမ်ခြေရာမဲ့
ကျူး ကျော်တွေကိုလည်းအထိုက်အလျောက် နည်းသွားစေမှာ ဖြစ်ပါတယ်"ဟုလည်း ဦးသူရိန်အောင်
က ပြောသည်။

ရန်ကုန်မြို့၌ တစ်နှစ်လျှင် အခန်းလို အပ်ချက်မှာ နှစ်သောင်းမှသုံးသောင်း ကြားရှိရာ အဆိုပါလိုအပ်
ချက်ကို ဖြည့် ဆည်းနိုင်ရန်အတွက် တန်ဖိုးသင့်တင့် မျှတသည့် အိမ်ရာများ ဆက်လက် အကောင်
အထည်ဖော်သွားရန် လိုအပ် ကြောင်းလည်း ၎င်းကပြောသည်။ ဦးသူရိန်အောင်က ဆက်လက်ပြော
ကြားခဲ့ရာတွင် သီလဝါစက်မှုဇုန်သည် ရန်ကုန်မြို့အနာဂတ်အတွက် အရေးပါ သည့် နေရာတစ်ခုဖြစ်
သည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးနိုင်ရန်အတွက် အဓိကကျသည့် စီးပွားရေးဇုန်
တစ်ခုလည်း ဖြစ်သည်။

"သီလဝါစက်မှုဇုန်တည်ရှိပေါ်ပေါက် လာတဲ့အတွက် မြန်မာနိုင်ငံရဲ့အလုပ် အကိုင်၊ အခွင့်အလမ်း
တွေပိုမိုရရှိလာမှာ ဖြစ်ပါတယ်၊ ဒါ့ပြင် သီလဝါစက်မှုဇုန်မှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား
တွေနေထိုင်ဖို့အတွက် လူနေထိုင်စရာ အိမ်ခန်းတွေကိုလည်း ဆောက်လုပ်ရ မှာဖြစ်ပါတယ်၊ ဒီလို
မှမဟုတ်ရင် စက်မှု ဇုန်ဝန်းကျင်မှာ ကျူးကျော်အိမ်ရာတွေ များ ပြားလာမှာ ဖြစ်တဲ့အတွက် စက်မှု
ဇုန် နဲ့ ပတ်သက်တဲ့ အိမ်ရာဖော်ဆောင် Layout Plan တွေကိုစနစ်တကျ အကောင်အထည်ဖော်
သွားရမှာဖြစ်ပါ တယ်၊ သီလဝါ စက်မှုဇုန်ပထမအဆင့် ဖြစ်တဲ့မြေ ၄၀၀ ဟက်တာပေါ်မှာ အကောင်
အထည်ဖော် တည်ဆောက် နေတဲ့ စက်ရုံတွေကို ၂၀၁၅ မှာ စတင် လည်ပတ်မှာဖြစ်ပါတယ်၊ သီ
လဝါမှာ စုစုပေါင်း မြေ ၂,၄၀၀ ဟက်တာရှိပြီး ၀င်ရောက်လာမယ့် နိုင်ငံခြားရင်းနှီး မြှုပ်နှံသူတွေရဲ့
ရင်းနှီးမြှုပ်နှံလာနိုင်မှု အခြေအနေပေါ်မူတည်ပြီး ဆက်လက် အကောင်အထည်ဖော်တည်ဆောက်
သွားမှာဖြစ်ပါတယ်"ဟု ဦးသူရိန်အောင် က ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန အောက်ရှိ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ဒုအုပ်ချုပ်မှုဒါရိုက်တာ
ဦးဟန်စိုးကလည်း မြန်မာနိုင်ငံရှိ လမ်း နှင့် တံတားများ အဆင့်မြှင့်တင်မှုအတွက် ဆွေးနွေးတင်ပြခဲ့ပြီး
နိုင်ငံတကာမှ အကူအညီများ လိုအပ်လျက်ရှိကြောင်း လည်း ရှင်းလင်းပြောကြားခဲ့သည်။

"မြန်မာနိုင်ငံမှာရှိတဲ့ လမ်းတွေအဆင့် မြှင့်တင်မှုမှာ နိုင်ငံတကာက အကူ အညီတွေ လိုအပ်တယ်၊
ဆိုလိုတာက လမ်းတွေ ရေရှည်ခိုင်ခန့်အောင် ထိန်းသိမ်းပြုပြင်နိုင်ဖို့ဆိုတဲ့ နေရာ မှာ နိုင်ငံတကာက
အကူအညီရခဲ့ မယ်ဆိုရင် ပိုကောင်းမှာ အမှန်ပါပဲ၊ အကြောင်းကတော့ မြန်မာနိုင်ငံမှာ လမ်းသစ်တွေ
ဖောက်လုပ်စရာ အများ ကြီးရှိတဲ့အပြင် ရှိပြီးသားလမ်းတွေ ကိုလည်း အဆင့်မနိမ့်ကျသွားရအောင်
ဆောင်ရွက်နိုင်ဖို့လည်းပါ၀င်ပါတယ်"ဟု ဦးဟန်စိုးက ပြောသည်။

မြန်မာနိုင်ငံရှိ လမ်းများ၏အရည် အသွေးနှင့်ခံနိုင်ရည်များပိုမိုတိုးတက် ကောင်းမွန်ရန်အတွက် နိုင်ငံ
တကာမှ ငွေကြေးနှင့် နည်းပညာကဲ့သို့သော အကူ အညီများလိုအပ်သည်ဟုလည်း ၎င်းက ပြော
ကြားခဲ့သည်။

နိုင်ငံတကာမှ အကူအညီများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း
အနေဖြင့် မြန်မာနိုင်ငံရှိ လမ်းများတိုးတက်မှု အဆင့်နည်းပညာမြှင့်တင်ရန်အတွက် လက်ခံကြိုဆို
သွားမည်ဖြစ်သည်။

ဥပမာ တစ်ခုအနေဖြင့်အချိုးအကွေ့များသော (တောင်များကို ကွေ့ပတ်သွားရသော) အတက်
အဆင်းနေရာများ၌ လမ်း ဖောက်လုပ်ခြင်းများတွင် Tunnekkubg technology ကို အသုံးပြု
သွားရန် လိုအပ်သည့်အတွက် ထိုသို့သော နည်းပညာများအတွက် နိုင်ငံခြားမှ နည်းပညာများ
လိုအပ်သည်ဟုလည်း သုံးသပ်ပြောဆိုခဲ့သည်။

"ဒီနေ့မှာ တင်ပြဆွေးနွေးခဲ့တဲ့ Presentation ရဲ့ရည်ရွယ်ချက်ကတော့ ဆောက်လုပ်ရေးဝန်ကြီး
ဌာန၊ ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းကနေ နိုင်ငံမှာ ရှိတဲ့ လမ်းနဲ့တံတားကွန်ရက်တွေ အတွက်
ဘယ်လောက်အတိုင်းအတာ အထိ ဆောင်ရွက်ပြီးစီးနေပြီဆိုတာကို တင်ပြချင်တာနဲ့ အနာဂတ်
အလား အလာလည်းပါ၀င်ပါတယ်၊ နောက်ပြီးဒီ ကဏ္ဍမှာလာရောက်ရင်းနှီးမြှုပ်နှံဖို့စိတ်ဝင်စားတဲ့
သူတွေအတွက်လည်း (Build Operate Transfer-BOT) အပြင် Public Private Partnership
-PPP ပုံစံနဲ့လည်း လာ ရောက်ရင်းနှီးမြှုပ်နှံနိုင်ပါတယ်၊ ၀န်ကြီး ဌာနက ဒီအတွက်စိတ်ဝင်တစားကြို
ဆို လျက်ရှိပါတယ်"ဟု ဦးဟန်စိုးက ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် Yangon Heritage Trust - YHT မှ ဒါရိုက်တာဖြစ်သူ ဒေါ်မိုးမိုးလွင်က
"The Issues and Challenges of Retaining the Yangon Character for Distinguishability"
ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ရှိ urban characters များကို ထိန်းသိမ်းရာတွင် ကြံုတွေ့ရ မည့် အခက်
အခဲနှင့် စိန်ခေါ်မှုများကို ဖတ်ကြားဆွေးနွေးခဲ့သည်။

နှစ်ရက်ကြာကျင်းပခဲ့သည့် Urban Development Conference 2013 တွင် ဆောက်လုပ်ရေး
၀န်ကြီးဌာမှ တာဝန်ရှိသူများက တက်ရောက်လာ သည့် ကိုယ်စားလှယ် ၂၀၀ အား မြန်မာ နိုင်ငံ
တစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှု နှင့် ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်မှု များကို ထည့်သွင်းရေးဆွဲ ဆောင်
ရွက် နေသည် National Comprehensive Development ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှလည်း မြို့ပြဆောက်လုပ်ရေးတွင် အဓိက အချက်အချာဖြစ်
သော ဥပဒေ စည်းမျဉ်းများကို ရှင်းလင်းတင်ပြခဲ့ သည်။

Urban Development Conference 2014 ကို ၂၀၁၄ ခုနှစ်၊ မေလ ၈ ရက်မှ ၁၀ ရက်ထိကျင်း
ပနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်းလည်း သိရှိရ သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်