ဟိုတယ်စီမံကိန်းအတွက် Htoo Constructionနှင့် Siam Steel တို့ နားလည်မှုစာချွန်လွှာရေးထိုးခဲ့

ဟိုတယ်စီမံကိန်းအတွက် Htoo Constructionနှင့် Siam Steel တို့ နားလည်မှုစာချွန်လွှာရေးထိုးခဲ့

Htoo Construction Development Group Co.,Ltd ၊ နှင့် Siam Steel International Plc
တို့ ပူးပေါင်း၍ အကောင်အထည်ဖော်တည်ဆောက် မည့် "Pyihtaungsu Yeikthar Aureum
Complex Development Project" ပေါ်တွင် တည်ဆောက်မည့် စီမံကိန်း ပထမအဆင့်ဖြစ်သော
အခန်း ပေါင်း ၃၅၈ ခန်းပါ၀င်သည့် ဟိုတယ်စီမံ ကိန်းအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေး
ထိုးပွဲ အခမ်းအနားကို မေလ ၁၀ ရက်နေ့တွင် Kandawgyi Palace Hotel ရှိ Mingalar Hall ၌
ကျင်းပခဲ့သည်။

ကြယ်လေးပွင့်အဆင့်ရှိ အဆိုပါ ဟိုတယ်စီမံကိန်းကို ဒဂုံမြို့နယ်၊ ပြည်လမ်းနှင့် ပြည်ထောင်စုရိပ်သာ
လမ်းထောင့်ရှိ ၂၁ ဒသမ ၉ ဧက ကျယ်ဝန်း သော မြေဧရိယာပေါ်တွင် အကောင် အထည်ဖော်မည်
ဖြစ်ပြီး ကုန်ကျစရိတ် စုစုပေါင်း ကန်ဒေါ်လာ သန်း ၃၀၀ ခန့် ရှိမည်ဟု ခန့်မှန်းထားကြောင်းလည်း
သိရသည်။

Htoo Construction Development Group မှ consultant ဖြစ်သူ ဦးလှ ဘော်က ယခုတည်
ဆောက်မည့် စီမံ ကိန်းတွင် ဟိုတယ်၊ သ််ငခန အသတနမ၊ ရှော့ပင်းမောလ်စသည်တို့ ပါ၀င်မည်ဖြစ်
ကြောင်းလည်း အဆိုပါနေ့ အခမ်းအနား တွင် ပြောကြားခဲ့သည်။

"Aureum Complex Development Project " က မြေ ၂၁ ဒသမ ၉ ဧကပေါ်မှာ BOT စနစ်နဲ့
အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်၊ စီမံကိန်းတစ်ခုလုံးကို ံHtoo Construction Development
Group က Siam Steel International Plc နဲ့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မှာ
ဖြစ်ပါတယ်။ စီမံကိန်းမှာ ခုနစ်ထပ်အမြင့်ရှိတဲ့ ဟိုတယ်၊ ရှစ်ထပ် အမြင့်ရှိတဲ့ ရုံးခန်းအဆောက်အအုံ၊
Service Apartment နဲ့ ငါးထပ် အမြင့်ရှိ တဲ့ ရှော့ပင်းမောလ်တို့ ပါ၀င်ပါတယ်"ဟု ဦးလှဘော်က
ပြောကြားခဲ့သည်။

စီမံကိန်းတစ်ခုလုံး၏ ကြမ်းခင်းဧရိ ယာ စုစုပေါင်း ၁၅၀,၀၀၀ စတုရန်း မီတာ ရှိကြောင်း သိရသည်။
စီမံကိန်းကို အဆင့်များအလိုက် ခွဲခြားဆောင်ရွက်မည်ဖြစ်ပြီး ပထမ အဆင့်အနေဖြင့် အခန်းပေါင်း
၃၅၈ ခန်း ပါဟို တယ်စီမံကိန်းကို ရှစ်လမှ ၁၀ လ အတွင်း အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း
လည်း သိရှိရသည်။

"ဒီစီမံကိန်း ပြီးစီးသွားတဲ့အခါမှာ မြန်မာနိုင်ငံသားတွေအတွက် အလုပ် အကိုင် အခွင့်အလမ်းတွေ
ဖန်တီးပေး နိုင်မှာဖြစ်သလို ရန်ကုန်မြို့တော်အတွက် လည်း Landmark တစ်ခုအဖြစ် တည်ရှိ သွား
မှာ ဖြစ်ပါတယ်" ဟုလည်း ဦးလှ ဘော်က ရှင်းလင်းပြောကြားခဲ့သည်။

Pyihtaungsu Yeikthar စီမံကိန်း ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ထံမှ နှစ် ရ၀ မြေငှား
စနစ်ဖြင့် ဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းတစ်ခုလုံးကို နှစ်နှစ်ခန့်အတွင်း ပြီးအောင်ဆောင်ရွက်
သွားနိုင်မည်ဟု သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်