ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် နိုင်ငံတော် မှ ဒလနှင့်ရန်ကုန်ဆက်သွယ် မည့် မြစ်ကူး
တံတား စီမံကိန်း၊ စက်မှုဇုန် စီမံကိန်းများ ပြုလုပ်မည့် သတင်း များကြောင့် လယ်မြေဈေးနှုန်းများ
ယခု နှစ်စပိုင်းမှ စတင်ခါ တစ်စတစ်စမြင့် တက်ခဲ့ကြောင်း အိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်းများ
က ပြောသည်။
"ဒလနဲ့ ရန်ကုန်ကို တံတားတွေ ဆောက်မယ်၊ တခြား စီမံကိန်းတွေ လည်း လုပ်မယ်ဆိုပြီး သတင်း
တွေ ထွက် လာတော့ စီးပွားရေးသမားတွေ ရော၊ အိမ်ခြံမြေ ၀ယ်ရောင်းလုပ်တဲ့ သူတွေ ရော
အကုန်ဆင်းပြီး လာဝယ်ကြတယ်။ ဒလမြို့နယ်ရဲ့ အိမ်၊ ခြံ၊ မြေ ဈေးကွက် ကတော့ လွန်ခဲ့တဲ့
နှစ်နှစ်လောက်ကတည်း က စပြီး တက်လာတယ်။ ဒီနှစ်ပိုင်းမှာ တော့ လယ်မြေတွေကို ၀ယ်
လာကြတယ်။ မြို့နဲ့ နီးလေ ဈေးမြင့်လေပဲ။ အရင်က လယ်တစ်ဧက ငါးသိန်းက အခုဆိုရင် သိန်း
၇၀-၈၀ လောက်ထိ ဖြစ်ကုန်တယ်"ဟု မြ ပန်းသခင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ
ကိုမင်းမင်းစိုးက ပြောသည်။
ဒလမြို့နယ်၏ လယ်မြေ ၀ယ်ယူမှု များကြောင့် ဈေးမြင့်တက်မှုသည် ယခုနှစ်စပ ိုင်းမှ စတင်၍
မေလအထိတွင် သုံးကြိမ်မြောက်မြင့်တက်ခြင်းဖြစ်သည် ဟုလည်း ၎င်းကပြောသည်။
"ဒီနှစ်စလောက်ကစပြီး ရန်ကုန် မြို့ပေါ်ကလူတွေက ဒလဘက်ကို ဆင်းဝယ်ကြတယ်။ အဲဒီလို
၀ယ်လာ ရင်းနဲ့ ဈေးတွေက တစ်ဧကကို လေးသိန်း ငါးသိန်းကနေ သိန်း ၃၀-၄၀ ထိ ဖြစ်ကုန် တယ်။
အခု လေးလပိုင်း ငါးလပိုင်းမှာ သိန်းရ၀-၈၀လောက်ထိ ဖြစ်သွားတယ်။ ဒါပေမဲ့ မေလ အလယ်
လောက်မှာ အဝယ်တွေ နည်းနည်း အေးသွားပြီး ဈေးတွေကတော့ ဒီအတိုင်း ရပ်နေ တယ်။ ဒီလို
ဈေးတွေ တက်ကုန်တာ ဒီက လယ်မြေတွေကို လာဝယ်တဲ့သူများရင်းနဲ့ ဈေးတွေက တစ်စတစ်စ
မြင့်လာတယ်" ဟု ၎င်းကပြောသည်။
ယခုကဲ့သို့ ဒလမြို့နယ်၏ လယ်မြေ ၀ယ်ယူမှု များမြင့်တက် လာခြင်းသည် ဒလမြို့နယ်၏ တိုး
တက်ပြောင်းလဲလာ မည့် အခြေအနေများကို မျှော်မှန်းကာ လာရောက်ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ကြောင်း
အကျိုးဆောင်လုပ်ငန်းတွင် အတွေ့ အကြံုရှိသူ ကိုမင်းမင်းစိုးက ပြောသည်။
"ဒလမြို့နယ်က ရန်ကုန်နဲ့လည်း အနီးစပ်ဆုံး မြို့ဖြစ်သလို ဆိပ်ကမ်း မြို့လို့လည်း ပြောလို့ ရတယ်။
တစ်ကယ် လို့ စီမံကိန်းတွေ အကောင်အထည် ဖော်လာမယ်ဆိုရင် စီးပွားရေးလုပ်ကိုင် လို့ ကောင်း
မယ့်နေရာ ဖြစ်လာမှာပါ။ အဲဒါကြောင့် အခုကတည်းက ကြိုတင် ပြီး ရင်းနှီးမြှုပ်နှံထားကြတာပါ။
နောက်ပြီး ဒီမှာ ဘယ်လောက် ဈေးမြင့် တယ်ပြောပြော ရန်ကုန်မြို့ပေါ်က ဈေး တွေလောက် မများ
တော့ မြှုပ်နှံထားရင် လည်း မြှုပ်နှံနိုင်တဲ့ အခြေအနေမျိုးမှာ ရှိပါတယ်" ဟု ၎င်းကပြောသည်။ လွန်
ခဲ့သည့် လများတွင် ဒလမြို့နယ် ၌ လယ်မြေ ၀ယ်ယူမှု နှုန်းမှာ တစ်ဦးလျှင် ၃-၄ ဧကမှ ဧက ၃၀-၄၀
ထိ ၀ယ်ယူမှု ရှိခဲ့ကြောင်း ၎င်းက ပြောသည်။ ဒလ မြို့နယ်၏ အိမ်၊ခြံ၊မြေ ဈေးကွက် မှာလည်း လွန်
ခဲ့သည့် ၂၀၁၀ ခန့်မှ စတင်ခါ ဈေးများ မြင့်တက်လာခဲ့ပြီး ယခု အချိန်ထိ မြင့်တက်လျက် ရှိကြောင်း
ယင်းမြို့နယ်တွင် လုပ်ကိုင်လျက်ရှိသော မြို့ခံအလွတ်အကျိုးဆောင်တစ်ဦးက ပြောသည်။
"အရင်တုန်းက ဒလမြို့ပေါ်က ပေ ၄၀x၆၀ မြေကွက် တစ်ကွက်ကို သိန်း ၆၀-၇၀ လောက်
ဈေးပေါက်တာ အခု ပေ ၂၀x၆၀ မြေကွက်တွေက အဲဒီဈေး တွေ ဖြစ်ကုန်ပြီ။ အရင်တုန်းက သိန်း
ရ၀ လောက် တန်တဲ့ အိမ်တစ်လုံးက အခုဆို ရင် သိန်း ၁၅၀ ၀န်းကျင်လောက် ဖြစ်ကုန် တယ်။
အခုဆိုရင် မြို့နဲ့ နှစ်မိုင် ပတ်လည် က လယ်မြေတွေဆို ဈေးတွေ တော်တော် ကောင်းလာတယ်"
ဟု ၎င်းအလွတ် အကျိုးဆောင်က ပြောသည်။
















