ဒီတစ်ပတ်ရဲ့ စိတ်ကြိုက်အိမ်ကတော့ ခြံနဲ့ ၀င်းနဲ့ နေရတာ ကြိုက်တဲ့သူတွေ မရိုးနိုင်တဲ့ မင်္ဂလာဒုံ
လေဆိပ်နားက ခြံကလေးကို ဖော်ပြပေးလိုက်ပါတယ်။
ဒီခြံက မြို့ပြင်ဘက်ရောက်တဲ့အတွက် ဆိတ်ငြိမ်ပြီးအေးအေးချမ်းချမ်းနဲ့ နေလို့ကောင်းမယ့် ခြံဖြစ်
တဲ့အတွက်စာဖတ်သူတွေ သဘောကျနှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီခြံကတော့ အရောင်း
သီးသန့်ပဲ ဈေးဖွင့် ပေးထားပါတယ်။
လေဆိပ်နဲ့ နီးတဲ့ ဒီခြံကလေးက တိတ်တိတ်ဆိတ် ဆိတ်နဲ့ မိသားစုတွေလွတ်လွတ်လပ်လပ် နေ
လို့ ကောင်းမယ့် အိမ်လေးပါ။ ခြံရဲ့ထူးခြားချက်ကလေးတစ်ခုက ခြံကို ကြွေပြားတွေခင်းထားပြီး
ခြံအတွင်းပိုင်းမှာပဲ ဥယျာဉ်သေးသေးလေး နှစ်ခုထပ်ပါတာကို တွေ့ခဲ့ ရပါတယ်။ ဥယျာဉ်တစ်ခု
က ခြံရဲ့အစွန်းဘက်မှာ ရှိပြီး နောက်တစ်ခုက အိမ်ရဲ့ ၀င်ပေါက်ရှေ့ တည့်တည့်မှာ ရှိတာကို လည်း
သတိထားခဲ့မိပါတယ်။
၀င်ပေါက်တည့်တည့်က ဥယျာဉ် ကလေးမှာ ရေပန်းကလေးကိုထားပြီး အလှဆင်ထားပါတယ်။
ခြံရဲ့ အကျယ်အဝန်းက စတုရန်းပေ ၁၁,၂၀၀ ကျယ်ဝန်းတဲ့အတွက် မိသားစု များများနဲ့ ကျယ်ကျယ်
၀န်းဝန်းနေဖို့ အဆင်ပြေတဲ့ နေရာတစ်ခုပါပဲ။ ခြံဝင်းက ကြွေပြားခင်းထားတဲ့အတွက် သစ်ပင်ပန်းပင်
တွေကိုတော့ ပန်းအိုး လေးတွေနဲ့ အလှဆင်မယ်ဆိုရင်တော့ အဆင်ပြေမယ်ထင်ပါတယ်။
ခြံဝင်းအတွင်းမှာမှ တစ်ထပ်တိုက်အိမ်ပု ကလေးကို ဆောက်ပေးထားတာကို တွေ့ရပါတယ်။ အိမ်
ကိုလည်း အနီ ရောင် သုတ်ထားတဲ့အတွက် အမြင် တစ်မျိုးဆန်းစေမှာ ဖြစ်ပါတယ်။ဥယျာဉ်လေး
ရှေ့က အိမ်ရဲ့ ၀င်ပေါက်ကို ၀င်လိုက်မယ်ဆိုရင် အနည်းငယ်ကျယ်တဲ့ ဧည့်ခန်းကိုတန်းတွေ့ရမှာ ဖြစ်
ပါတယ်။
ဧည့်ခန်း ကို ရှေ့တည့်တည့်ဆက်သွားရင် တော့ ဘုရားခန်းကို တွေ့ရပါတယ်။ ဘုရားခန်းရဲ့ဘေး
ဘက်မှာ ရေချိုးခန်း အိမ်သာတွဲလျက်ပါတဲ့ အခန်းကျယ် ရှိပါတယ်။ ဒီအခန်းကျယ်ရဲ့ အတွင်း
ဘက်မှာ ကလေးငယ်လေးတွေ အိပ်ဖို့ အဆင်ပြေတဲ့ အခန်းငယ်လေး တစ်ခန်းထပ်ပါနေတာက
ကလေး ရှိတဲ့ မိသားစုတွေအတွက် အဆင်ပြေ စေမှာပါ။
အိမ်နံရံတွေကို ကြွေပြား ကပ်ပေး ထားပြီး အောက်ကြမ်းခင်းကိုလည်း ကြွေပြားခင်းပေးထားပါ
တယ်။ အိမ် က ချစ်စဖွယ်ပြင်ပြီးဆင်ပြီးဖြစ်တဲ့အတွက် ၀ယ်ယူပြီးတဲ့သူတွေ ချက်ချင်း တက်နေဖို့
အဆင်ပြေမယ့်အိမ်ပါ။ အိမ်ရဲ့ အတွင်းပိုင်း မှာ နောက်ထပ် ရေချိုးခန်း အိမ်သာတွဲလျက်ပါတဲ့ အ
ခန်းတစ်ခန်းကို တွေ့ရမှာဖြစ်ပါတယ်။
အခန်းရဲ့ ဘေးဘက်မှာတော့ ရိုးရိုးအိပ်ခန်းရှိတဲ့အတွက် ဒီအိမ်မှာ စုစုပေါင်း အခန်းသုံးခန်းပါ
ပါတယ်။ထမင်းစားခန်းကိုတော့ အိပ်ခန်း ရဲ့ ရှေ့ဘက်မှာတွေ့ရမှာဖြစ်ပြီး ထမင်းစားခန်းမှာပဲ
ရေချိုးခန်းတစ်ခု အိမ်သာ တစ်ခုထပ်ပါ ပါသေး တယ်။ မီးဖိုချောင်ကတော့ အိမ်ရဲ့ အနောက်
ဖက်မှာ ရှိပါတယ်။
မီးသွေး မီးဖိုနဲ့ အလှူတွေအတွက် ဟင်းချက်လို့ အဆင်ပြေမယ့် မီးဖိုချောင်တစ်ခုကတော့ အိမ်
ရဲ့အပြင်ဘက်မှာတစ်ခု ထပ်ရှိပါသေးတယ်။ နောက်ဖေးဘေးဘက်မှာ အလုပ်သမားတွေ နေဖို့
အလုပ်သမား တန်းလျားတစ်ခုလုပ်ထားပြီးတော့ အိမ်အရှေ့ဘက်မှာ ကားဂိုထောင်တစ်ခု ပြု
လုပ်ပေးထားပါတယ်။
ဒီအိမ်မှာ စုစုပေါင်း လေအေးပေးစက် လေးလုံး ပါ၀င်ပြီးတော့ ကိုယ်ပိုင်ဖုန်းတစ်လုံးပါ အပါအဝင်
ဖြစ်ပါတယ်။ ရေကတော့ ဂျိုးဖြူရေ ရော အဝီစီရေကိုပါရရှိနိုင်မှာ ဖြစ်ပါတယ်။ မီးကတော့ ကိုယ်
ပိုင်မီတာ ပါ။
ဒီအိမ်ကလေးကို သဘောကျ နှစ်သက်လို့ ၀ယ်ယူချင်တယ်ဆိုရင်တော့ ဖီးနစ် အိမ်၊ ခြံ၊ မြေ၊
ကားနှင့် အထွေထွေ အကျိုးဆောင်လုပ်ငန်းကို ဆက်သွယ်နိုင်ပါတယ်။
















