ပြည်ပမှ လုပ်ငန်းရှင်များအတွက် ရုံးခန်းဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းက အထောက်အကူဖြစ်လာ

ပြည်ပမှ လုပ်ငန်းရှင်များအတွက် ရုံးခန်းဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းက အထောက်အကူဖြစ်လာ

မြန်မာနိုင်ငံတွင် လာရောက်ရုံးခန်းလာရောက်ဖွင့်လှစ်ပြီးစီးပွားရေးလုပ်ကိုင်လိုသည့် နိုင်ငံခြားကုမ္ပ
ဏီများအတွက် ၀န်ဆောင်မှု ပေးနိုင်သော My Yangon Office ကို မေလ ၁၀ ရက်နေ့တွင် ရန်
ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပန်တျာလမ်းတွင်ဖွင့်လှစ်လိုက်ကြောင်း မန်နေဂျာ မဝေမီဟန်က ပြောသည်။

"ကျွန်မတို့ ရုံးက မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် လာရောက်ရင်းနှီး မြှုပ်နှံဖို့ ၀င်ရောက်လာကြတဲ့
နိုင်ငံခြားသားကုမ္ပဏီတွေအတွက် ရည်ရွယ်ပါတယ်။ ဒီနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ၀င်ရောက်လာကြတဲ့
သူအများစုက ရုံးခန်း ရှာဖွေရာမှာ အခက်အခဲတွေ ရှိကြတဲ့အတွက် ဒီအတွက်အဆင်ပြေစေဖို့ ရည်
ရွယ်ပါတယ်၊ အခုဖွင့်လှစ်လိုက်တဲ့ service office မှာဆိုရင် အင်တာနက်၊ တယ်လီဖုန်း၊ ဖက်စ်၊
photocopy အစရှိတွေအဆင်သင့် ပါ၀င်ပါတယ်"ဟု မန်နေဂျာ မဝေမီဟန်က ပြောသည်။

My Yangon Office တွင်ရုံးခန်းပေါင်း ၆ ခန်းပါ၀င်ပြီး မြေညီထပ်တွင် ၄ ခန်းရှိ၍ အပေါ်ထပ်
တွင်နှစ်ခန်း ပါရှိကြောင်း သိရသည်။အဆောက်အအုံ၏ ကြမ်းခင်းဧရိယာမှာတစ်ထပ်လျှင် ၃၅၀
စတုရန်းမီတာ ရှိပြီး meeting room အခန်းနှစ်ခုမှာ တစ်ခန်းလျှင်လူ ၈ ဦးစီအသုံးပြုနိုင် သည်။

Meeting room နှစ်ခန်းတွင် video conferencing နှင့် catering service ကဲ့သို့သော facility
များပါ၀င်ကြောင်း မဝေမီဟန်က ပြောသည်။ ရုံးခန်းများအတွက် ငှားရမ်းခမှာ ဒေါ်လာ ၁,၈၀၀ မှ
စတင်ပြီး အစည်း အဝေးခန်း(meeting room) များ အတွက်ငှားရမ်းခမှာ တစ်နာရီလျှင် ဒေါ်လာ
၄၀ ဖြစ်ပြီး open desk (individual area) အတွက် တစ်နေ့ငှားရမ်းခမှာ ဒေါ်လာ ၃၀ နှင့်
တစ်ပတ်စာအတွက်ဆိုလျှင် ဒေါ်လာ ၁၅၀ နှင့် တစ်လအတွက် ဒေါ်လာ ၄၅၀ ဖြစ်သည်။

"My Yangon Office ကနေ www.myyangonoffice.com ဆိုတဲ့ ၀က်ဘ်ဆိုက်သစ်လွှင့်တင်
ထား တာ တစ်ပတ်လောက်ပဲရှိပါသေးတယ်၊ လက်ရှိအချိန်မှာတော့ My Yangon Office ထူ
ထောင်ဖို့ ရင်းနှီးမြှုပ်နှံ သူတစ်ဦးလည်းဖြစ်ပြီး partner တစ်ဦးလည်းဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံက
"Myanmar access" ကုမ္ပဏီက တော့ စာချုပ်ချုပ်ဆိုထားပြီးပါပြီ"ဟုလည်း ၎င်းက My Yangon
Office ဖွင့်ပွဲအခမ်းအနားကျင်းပသည့် မေလ ၁၀ ရက်နေ့တွင် ပြောသည်။

"My Yangon Office လိုမျိုး sevice office ကို ပထမဆုံးအကြိမ်ဖွင့်လှစ်နိုင်တဲ့အတွက် ဈေးကွက်
အလားအလာ အများကြီးကောင်းမယ်လို့ မျှော်မှန်းပါတယ်"ဟုလည်း ၎င်းကပြောသည်။

"My Yangon Office ကပထမဆုံး အဖြစ် ဖွင့်လှစ်နိုင်တာဆိုတော့ နောက်ထပ်လည်း အလားတူ
service office မျိုးတွေဖွင့်လှစ်နိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်၊ ဒီအတွက် service office ထပ်
မံဖွင့်လှစ်နိုင်ဖို့သင့်တော်တဲ့နေရာကိုလည်း ရှာဖွေသွားမှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်အခြေ စိုက် Power 7 Real Estate Agency& General Services မှ
မမေထက်အောင်က ပြောရာတွင် ၎င်းအကျိုး ဆောင်အနေဖြင့် ရုံးခန်းငှားရမ်းရမှုမှာ တဖြေးဖြေးချင်းမြင့်တက်လာလျက်ရှိကြောင်း မြန်မာတိုင်း(မ်)သို့ ပြောကြားခဲ့သည်။

"ပြီးခဲ့တဲ့ ဇူလိုင်လကနေ အခုချိန်ထိ နိုင်ငံခြား ကုမ္ပဏီအငှားတွေအတွက် ပဲ ပိုများများ ဆောင်ရွက်
ပေးနေရ ပါတယ်၊ ဒါပေမယ့် ရာခိုင်နှုန်း အနေနဲ့ ပြောရင်တော့ ရုံးခန်းအငှား ထက် residential
တွေကပိုများနေပါတယ်၊ Power 7အကျိုးဆောင်က ငှားရမ်းပေးရတဲ့ အငှားဈေးကွက်ရဲ့ ၃၅ ရာ
ခိုင်နှုန်းက ရန်ကုန်မြို့မှာရှိတဲ့ ရုံးခန်းအငှားတွေဖြစ်ပါတယ်၊ ဘာဖြစ် လို့လဲဆိုတော့ ရန်ကုန်မြို့မှာ
international standard အဆင့်မီတဲ့ရုံးခန်းတွေနဲ့နှိုင်းယှဉ်လိုက်မယ်ဆိုရင် ဒါတွေကိုယှဉ်နိုင်တဲ့
facility ပြည့်စုံတဲ့ ကွန်ဒိုအရေအတွက်က နည်းနေသေးတယ်၊ ဒါကြောင့်မို့လို့ ရန်ကုန်မြို့ မှာလည်း
ပံ့ပိုးမှုအင်္ဂါရပ်တွေ တစ်စုတစ်စည်းထဲပါရှိတဲ့ အဆင့်မြင့်ရုံး ခန်းအရေအတွက်တွေ နည်းနေသေး
တာလို့လည်း ထင်ပါတယ်"ဟု မမေထက်အောင်က ပြောသည်။

"ပြောရမယ်ဆိုရင် ရုံးခန်းတစ်ခန်း ဖွင့်လှစ်ဖို့အတွက် ရန်ကုန်မြို့မှာ ကားပါကင်နေရာလုံလုံလောက်
လောက်ရှိဖို့ လိုအပ်သလို အခန်းအပြင်အဆင်ကိုလည်း ငှားရမ်းမယ့် နိုင်ငံခြားကုမ္ပဏီစိတ်
ကြိုက်ပြင်ဆင်ပေးရမှာ ဖြစ်ပါတယ်၊ ဒါက အလွန်အပဲအရေးကြီးပါတယ်၊ ဒါပေမယ့် တစ်ချို့
အိမ်ရှင်တွေက ဒါကို လက်မခံကြဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဈေးကွက်မှာဆိုရင် ့Hall Type
ကွန်ဒိုခန်းတွေကိုပဲ ရုံးခန်းအဖြစ် ငှားရမ်းကြတဲ့အတွက် ဒီနှစ်အတွင်းမှာ ရုံးခန်းဖွင့်ဖို့အတွက်
လာငှားကြတဲ့ ကုမ္ပဏီတွေက မကြိုက်ကြဘူး"ဟု ၎င်းကပြောသည်။

မမေထက်အောင်က ပြောရာတွင် ဈေးကွက်အတွင်းရှိ တိုက်ခန်းများ ကိုအသွင်ပြောင်းပြီး ရုံးခန်း
အသွင် ပြောင်းလဲဖွင့်လှစ်ကြခြင်းကို နိုင်ငံ ခြားသား ငှားရမ်းသူများက မငှားလို ကြသည့်အတွက်
ရုံးခန်းများအတွက် သီးသန့်ဖြစ်သော Offic Towers များ တွင်သာ ငှားလိုကြသည်ဟုလည်း
မမေထက်အောင်က ပြောသည်။

"ရန်ကုန်မြို့လယ်က Sakura Tower, International Business Centre နဲ့ Sule Centre
Point တွေက ရန်ကုန် မှာ နာမည်အရဆုံး နိုင်ငံတကာအဆင့်မီ အဆင့်မြင့် ရုံးခန်းတွေပါရှိတဲ့
အဆောက်အအုံတွေ ဖြစ်ပါတယ်၊ ဒီမှာ စီးပွားရေးလုပ်ငန်းတွေအတွက် လာရောက်ရင်းနှီးမြှုပ်နှံ
မယ့် နိုင်ငံ ခြားသားတွေအထူးကြိုက်နှစ်သက်ကြ ပါတယ်၊ ကြားသိရသလောက် Sakura နဲ့ Sule
Center Point တွေမှာ တစ်စတုရန်း မီတာကို ဒေါ်လာ ရ၀ လောက်ရှိပါတယ်၊ IBC မှာတော့ ပေ
၂၀x ၆၀ ခန်းတစ်ခန်းကို ဒေါ်လာ ၃,၀၀၀၄,၀၀၀ လောက်ရှိပါတယ်"ဟုလည်း ရှင်းပြခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်