တာမွေမြို့နယ်ရှိ East Race Condo ၅၀ ရာခိုင်နှုန်း ရောင်းချပြီးဖြစ်

တာမွေမြို့နယ်ရှိ East Race Condo ၅၀ ရာခိုင်နှုန်း ရောင်းချပြီးဖြစ်

နိုင်ဂရု(ပ်) ဆောက်လုပ်ရေးမှ တာဝန်ယူဆောက်လုပ်သော တာမွေမြို့နယ်၊ ကန်လမ်းနှင့်မိုးကောင်း
လမ်းကြား၊ အရှေ့မြင်းပြိုင်ကွင်းလမ်းမပေါ် ရှိ East Race Condo (ERC) ကွန်ဒို မှာ ၅၀ ရာခိုင်နှုန်း
ရောင်းချပြီးစီးသွား ပြီဖြစ်ကြောင်း နိုင်ဂရု(ပ်)ဆောက်လုပ် ရေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

"ERC ကွန်ဒိုမှာ အခန်းပေါင်း ၉၂ ခန်းရှိပြီး အထပ်ပေါင်း ၁၆ ထပ် ပါ ရှိပါတယ်၊ ဒီနေ့အထိ ၅၀ ရာခိုင်နှုန်း ရောင်းချပြီးစီးသွားပါပြီ"ဟု နိုင်ဂရု(ပ်) ဆောက်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦး က မေလ
၂၅ ရက်နေ့တွင်ပြောသည်။

အဆိုပါကွန်ဒိုအတွက် ငွေပေးချေမှု စနစ်မှာ ၃နှစ်(၃၆ လ) အတွင်း တစ်လ လျှင်တစ်ကြိမ်နှုန်းဖြင့်
၃၆ ရစ်ခွဲ၍ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ အခန်းဈေးနှုန်းများမှာ ကျပ်သိန်း ၂,၅၀၀ ကျော်
မှ ကျပ်သိန်း ၄,၀၀၀ ကျော်အထိရှိပြီး အခန်းအကျယ် အဝန်းများမှာ စတုရန်းပေ ၁,၃၀၀ ကျော်မှ
စတုရန်းပေ ၁,၇၀၀ ကျော်အထိ ရှိကြောင်းလည်း သိရှိရသည်။ "ကွန်ဒိုက ခုနစ်ခန်းတွဲ ၁၆ ထပ်
ဖြစ် ပါတယ်၊ ၁၄ ထပ်အထိက residential ကွန်ဒိုခန်းတွေဖြစ်ပြီး အဲဒီ့ အပေါ်ထပ်မှာ Bungalow
ရှစ်ခန်း ပါရှိပါတယ်။ ဒီကွန်ဒိုကို သုံးနှစ်အတွင်း အပြီးတည်ဆောက်သွားမှာပါ"ဟု လည်း ၎င်းတာ
၀န်ရှိသူကပြောသည်။

ERC ကွန်ဒိုတွင် ဓာတ်လှေကားသုံးစင်းပါ၀င်မည်ဖြစ်ပြီး generator ၊ transformer တို့အပြင်
emergency staircase နှစ်ခုတို့ ပါ၀င်ကြောင်း သိရသည်။ Basement ကားပါကင်သုံးထပ်ပါ
၀င်မည်ဖြစ်သည့်အပြင် အပေါ်ထပ်တွင်ကားကို lift နှင့်တင်လို့ရသည့် မြေပေါ်ကားပါကင်တစ်ထပ်၊
စုစုပေါင်း ၄ ထပ် ပါ၀င်မည်ဖြစ်ကြောင်းသိရသည်။ထို့ပြင် swimming pool၊ gym အစရှိသည့်
ပံ့ပိုးမှုအင်္ဂါရပ်များ ပြည့်စုံစွာ ပါရှိသည်။

"ဒီကွန်ဒိုရဲ့ ထူးခြားချက်က ဘေး ပတ်ဝန်းကျင်မှာ အထပ်မြင့်တွေ မရှိတော့ လေဝင်လေထွက်
ကောင်း တယ်၊ ဘဘာဝအလင်းရောင်ရတယ်၊ မြို့ထဲကနေလည်း မိနစ် ၂၀ လောက်ပဲသွားရတယ်၊
နောက်ပြီး အဲဒီ့နားနေရာတဝိုက်က traffic သိပ်မရှိဘူး၊ ကျိုက္ကဆံ Super One၊ ILBC၊ ရန်ကင်းစင်
တာတို့နဲ့လည်း နီးတယ်၊လေဆိပ်သွားချင်ရင်လည်း အဆင်ပြေတယ်၊အခန်းတိုင်းအတွက်
decoration ပါမယ်၊ နောက်ပြီး လူနေအခန်းတွေအပြင် ရုံးခန်းတွေအဖြစ်ပါ အသုံးပြု နိုင်ပါတယ်"
ဟုလည်း ၎င်းတာဝန်ရှိသူက ရှင်းပြခဲ့သည်။

နိုင်ဂရု(ပ်)ဆောက်လုပ်ရေးမှ ရန်ကုန်မြို့တွင် အဆင့်မြင့်ကွန်ဒိုစုစုပေါင်း ၃၀ ကျော် တည်ဆောက်
ပြီးစီးသွားပြီဖြစ်ကြောင်းလည်း သိရှိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်