ဆစ်စလီကျွန်းရှိ လူသူကင်းမဲ့နေသည့် ရွာများမှ အိမ်များကို အမေရိကန်ဒေါ်လာ ၁၃,၀၀၀ လောက်
သာ ပေးရ တော့သဖြင့် နိုင်ငံခြားသား ၀ယ်လက် များက အိမ်များကို အလုအယက် ၀ယ်ယူနေကြ
ရာ အီတလီနိုင်ငံတွင် နှစ်ရှည်လများခံစားနေရသည့် စီးပွားရေးကျဆင်းမှုကြောင့် အခြေ ပျက်နေ
သည့် အိမ်ရာဈေးကွက်ကို ကျားကန်ပေးနေသလို ဖြစ်နေသည်။
"အခုပီဇာဆိုင်ကို သွားကြည့်လိုက်ရင် ဆစ်စလီသားတွေထက် နိုင်ငံခြား သား ပိုများတာ တွေ့ရမှာ
ပါ" ဟုဆစ်စလီတောင်ပိုင်းမြို့ ag-rigento အနီးရှိ cian-ciana မြို့၏ မြို့တော်ဝန် Salvatore
Sansemi က ပြောသည်။
Sicani တောင်တန်းနောက်ခံနှင့် ပင်လယ်အနီးတွင် တည်ရှိသည့် အဆိုပါရွာလေးရှိ လူဦးရေထက်
၀က်ခန့်မှာ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ စသည့် နိုင်ငံများသို့ မကြာသေးခင် နှစ်များအတွင်း သွားရောက်
အခြေချ နေထိုင်ကြပြီး ဒေသခံ ၃,၅၀၀ ခန့်သာ ရွာတွင် ကျန်ခဲ့သည်။
"ဗြိတိန်၊ ပြင်သစ်၊ နော်ဝေနဲ့ ပိုလန်အပြင် ကနေဒါနဲ့ တရုတ်ဝယ်လက် အနည်းငယ်တို့နဲ့ အိမ်
အရောင်း အဝယ် ၁၄၀ လောက် ချုပ်ဆိုထားပြီး ပါပြီ" ဟု Mr Sansemi က အေအက်ဖ် ပီကို
ပြောကြားခဲ့သည်။
အဆိုပါ ရွာရှိ နောက်ဆုံးဝယ်လက်များမှ တစ်ဦးဖြစ်သည့် ဗြိတိန် သရုပ်ဆောင်နှင့် ထုတ်လုပ်သူ
Ray Winstone သည် လယ်သမားအိမ် အဟောင်း တစ်လုံးကို ဒေါ်လာ ၆၅,၀၀၀ နှင့် ၀ယ်ယူခဲ့ပြီး
ဒေါ်လာ ၁ ဒသမ ၆၇ သန်း အကုန်အကျခံကာ အစအဆုံး ပြန်ပြင်ဆင်နေသည်။
"အိမ်ဈေးတွေက အရမ်းကို ကျဆင်း နေပါတယ်။ အိမ်တစ်လုံးကို ပြန်ပြင်မယ်ဆိုရင်လည်း ဒေါ်လာ
၁၃,၀၀၀ ကနေ ၄၀,၀၀၀လောက်ပဲ ကုန်ပါတယ်။ တိုက်ခန်းတစ်ခန်း ဒါမှမဟုတ် ပြန်ပြုပြင် ထား
တဲ့ အိမ်တစ်လုံးဆိုရင် ဒေါ်လာ ၈၀,၀၀၀ ကနေ ၁၀၀,၀၀၀ လောက်ပဲ ကျပါတယ်"ဟု ၎င်းကပြော
သည်။
Cian-ciana မြို့တွင် ဗြိတိန် အိမ် ပိုင်ရှင် ၈၀၀ ခန့်ရှိနှင့်နေပြီး နောက်ထပ် လည်း ဆက်လက်တိုး
လာနေသည်။ ဒေသခံ ခရီးသွားလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Raffaele Impallari
က "ကျွန်တော်တို့ရဲ့ ပျူငှာမှုကြောင့် ဧည့်သည်တွေ ကိုယ့်အိမ် မှာ ကိုယ်နေနေရသလိုမျိုး ခံစား
ကြရ ပါတယ်။ ဒီရွာလေးနဲ့ ပင်လယ်ကမ်းခြေ က မိနစ် ၂၀ လောက် လမ်းလျှောက်ရပြီး ရာသီဥ
တုကလည်းကောင်းတဲ့အတွက် ဧည့်သည်တွေအတွက် ပိုတောင်ကောင်း နေဦးမှာပါ"ဟု
ပြောကြားခဲ့သည်။
အဆိုပါ ရွာလေး၏ ခရီးသွား လုပ်ငန်းအောင်မြင်မှု ရနေသည့်အတွက် ပတ်ဝန်းကျင်ရွာလေးများ
လည်း နိုင်ငံခြားသား ၀ယ်လက်များကို ဆွဲဆောင်နိုင်ရန် ပိုမိုကြိုးစားလာကြသည်။ ဆစ်စလီသား
၈,၀၀၀ ကျော်ခန့် ရွာကို စွန့်ခွာသွားပြီးနောက်ပိုင်းတွင် ဒေသခံ ၉,၅၀၀ ခန့် ရှိသည့် Aragona မြို့
တွင် ဘယ်လ်ဂျီယံနှင့် ရုရှားနိုင်ငံ သားများ လာရောက်ပြောင်းရွေ့နေထိုင်ချင်လာအောင် ကြိုးပမ်း
မှုများ စတင်ဆောင်ရွက်နေသည်။
" ပြီးခဲ့တဲ့ နှစ်မှာ ဒီရွာကို လာလည်ဖို့ ရုရှားအဖွဲ့တစ်ဖွဲ့ကို ကျွန်တော် ဖိတ်ခေါ်ခဲ့ပါတယ်" ဟု
မြို့တော်ဝန် Salvatore Parello က ပြောသည်။"ကြိုက်တဲ့အိမ် ၀ယ်နိုင်ပါတယ်လို့ သူတို့ကို
ကျွန်တော်ပြောထားပါတယ်။ ဒီမှာ ရာသီဥတုက တစ်နှစ်ပတ်လုံး နွေးနေပါတယ်" ဟု ၎င်းက
ပြောသည်။
အဆိုပါဒေသ၏ အိမ်ရာဈေးကွက် အခြေအနေမှာ မည်သူ့ကို မဆို ရောင်းချပေးရန် အသင့်ဖြစ်နေ
သည့် အနေအထားမျိုး ဖြစ်နေသည်။အီတလီ ဘဏ်လုပ်ငန်းအသင်းနှင့် အမျိုးသား အခွန်ဌာနက
ယခုအပတ် အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ ပြီးခဲ့သည့်နှစ်၏ အိမ်ရောင်းအား
သည် ၂၀၁၁ ခုနှစ်ကထက် ၂၇ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားပြီး အိမ်လုံးရေ ၄၄၈,၃၆၄ လုံး
သာ ရောင်းချခဲ့ရသည်။
အဆိုပါ နှုန်းထားသည် ၁၉၈၅ခုနှစ် နောက်ပိုင်းတွင် အနိမ့်ဆုံး အိမ်ရောင်းအားဖြစ်သည်။ဆစ်စလီ
အိမ်ရောင်းအားမှာမူ ၂၇ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားသည်။"အခုအချိန်မှာတော့ အိမ်ရောင်း
မယ့်သူတွေပဲ ရှိတယ်။ ရောင်းအား တွေ လုံးဝမကောင်းသေးပါဘူး" ဟု ရုရှားဈေးကွက်ကိုသာ
အဓိကထား ရည်မှန်းထားသည့် အိမ်ခြံမြေကုမ္ပဏီ Sicilproject ၏ ညွှန်ကြားရေးမှူး Antonello
Cassisa က ပြောသည်။
"ရုရှားဝယ်လက် အရေအတွက်က တည်ငြိမ်တဲ့ အနေအထားမှာ ရှိပါ တယ်" ဟု ၎င်းက
ပြောသည်။ရုရှားဝယ်လက်များ အဆိုပါဒေသ တွင် အိမ်ဝယ်ရခြင်းမှာ အားလပ်ရက် အပန်းဖြေရန်၊
ရင်းနှီးမြှုပ်နှံရန် သို့မဟုတ် ရှုခင်းလှပသည့် ကျွန်းဒေသ တွင် စီးပွားရေးလုပ်ကိုင်ရန်တို့ ဖြစ်သည်ဟု
၎င်းက ရှင်းပြသည်။
Catania မြို့အနီးတွင် ဆစ်စလီမင်းသားတစ်ပါးအတွက် ဆောက်လုပ်ပေးထားသည့် လှပသပ်ရပ်
သည့် ဥယျာဉ်ကြီးတစ်ခုနှင့် အခန်း ၃၂ ခန်း ၁၈ ရာစုခေတ်က Baroque အပန်းဖြေအိမ်ကို
Sicilproject က ဒေါ်လာ ၂၃ သန်းအထိ ဈေးခေါ်ထားသည်။
(အေအက်ဖ်ပီ)















