ထိုင်းမှ အိမ်တွင်း အလှဆင်လုပ်ငန်းရှင်များ က မြန်မာလုပ်ငန်းရှင်များနှင့် ပူးပေါင်းလို

ထိုင်းမှ အိမ်တွင်း အလှဆင်လုပ်ငန်းရှင်များ က မြန်မာလုပ်ငန်းရှင်များနှင့် ပူးပေါင်းလို

ထိုင်းနိုင်ငံမှ ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် အိမ်တွင်းအလှဆင်မှုဆိုင်ရာလုပ်ငန်းရှင်များ၊
နည်းပညာကျွမ်းကျင်သူများ၊ ပညာရှင်များက မြန်မာနိုင်ငံရှိ လုပ်ငန်းရှင်များနှင့် တိုက်ရိုက် တွေ့
ဆုံကာ လုပ်ငန်းပူးပေါင်းလုပ်နိုင်ရန် ရည်ရွယ်ပြီး ၎င်းတို့၏ လုပ်ငန်းများအား ပထမဆုံးအကြိမ်
မိတ်ဆက်ရှင်းလင်းတင်ပြပွဲကို မေလ ၂၈ ရက်နေ့က Summit Park View ဟိုတယ်၌ ပြုလုပ်
ခဲ့သည်။

"ကျွန်တော်တို့ အဆောက်အအုံတွေကို ဆောက်လုပ်ရာမှာ ဒီဇိုင်းဆွဲတယ်ဆိုတာထက် ပိုပါတယ်။
ကျွန်တော်တို့ တည်ဆောက်လိုက်တဲ့ အဆောက်အဦးတွေဟာ လှပဖို့ အတွက်ရော သက်တောင့်
သက်သာရှိဖို့အတွက်ပါ ရည်ရွယ်ပါတယ်" ဟု Architecture Design Innovation (ADI) ကုမ္ပ
ဏီလိမိတက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ပြုပြင်ပြောင်း လဲမှုများ ပြုလုပ်လာပြီး စီးပွားရေးအခွင့်အလမ်းများလည်း ပွင့်
လင်းလာပြီးသည့်နောက်တွင် အကျိုးသက်ရောက်မှု များစွာရှိခဲ့သည့်အနက် အိမ်၊ ခြံ၊ မြေဆိုင်ရာ
ကဏ္ဍသည် အဖွံ့ဖြိုးဆုံးပင် ဖြစ်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

ထို့ကြောင့် အိမ်၊ ခြံ၊ မြေ ဆိုင်ရာအခန်းကဏ္ဍတွင် ဆောက်လုပ် ရေး၊ ဒီဇိုင်းအပြင်အဆင်နှင့် စက်မှု
နည်းပညာများအား တောင်းဆိုမှု မြင့်မားလာကြမည်ဟု ၎င်းတို့ယုံကြည်ကြောင်း၊ ထို့ကြောင့် မြန်
မာလုပ်ငန်းရှင် များနှင့် တိုက်ရိုက်တွေ့ဆုံပြီး တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် ရယူလို ခြင်းဖြစ်
ကြောင်း ၎င်းတို့က ပြောသည်။ ထိုင်းနိုင်ငံမှ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အိမ်
တွင်း အလှဆင်လုပ်ငန်းများနှင့် ဆောက် လုပ်ရေးလုပ်ငန်းများ ပါ၀င်သည့် အဖွဲ့အစည်း ကိုးခုက
လာရောက် ပြသခဲ့ကြပြီး ထိုင်းနိုင်ငံမှ ရုံးခန်းများ၊ လူနေရန်နှင့် လုပ်ငန်းအတွက်ပါ အသုံးပြုသည့်
House Offices များ၊ စက်ရုံနှင့် ကုမ္ပဏီအဆောက်အဦးများ၊ ကွန်ဒိုမီနီယံများ၊ ဘာသာရေးဆိုင်
ရာအဆောက်အဦးများ၊ ဈေးဝယ်စင်တာနှင့် ပလာဇာများ၏ ဗိသုကာလက်ရာများကို ပြသခဲ့ကြ
သည်။

"အခု အတိုင်ပင်ခံ ပညာရှင်တွေနဲ့ ကျွမ်းကျင်သူတွေ အဖွဲ့အစည်း ကိုးခု က လာရောက်ခဲ့ကြပါ
တယ်။ ဒီကုမ္ပဏီ တွေဟာ တူညီတဲ့ သဘောသဘာဝရှိတဲ့ အခြား အရှေ့တောင်အာရှနိုင်ငံတွေ
ဥပမာ ဗီယက်နမ်မှာ အနောက်တိုင်း နည်းပညာတွေနဲ့ သွားရောက်အလုပ်လုပ်ဖူးတဲ့သူတွေပါ။
အဲဒီ တော့ ကျွန်တော်တို့မှာ နိုင်ငံ တကာ အဆင့်မီ နည်းပညာတွေ၊ အတွေ့အကြံုတွေရှိပါတယ်။
မြန်မာ နိုင်ငံအနေနဲ့ ကျွန်တော်တို့နဲ့ ပူးပေါင်း တဲ့အခါမှာ အဆင့်မြင့် နည်းပညာတွေကို နိုင်ငံကြီး
များထက်သက်သာတဲ့ ကုန်ကျစရိတ်နဲ့ အသုံးချနိုင်မှာဖြစ်ပါတယ်။ ဒါအကျိုးအမြတ်ပါပဲ" ဟု
The Consulting Engineers Association of Thailand (CEAT) မှ ဥက္ကဋ္ဌ Mr. Supote
Lohwach-arin က မြန်မာတိုင်း(မ်)ကို ပြောသည်။

"ကျွန်တော်တို့ ဒီကိုလာတဲ့အခါ လမ်းမှာ ယာဉ်ကြောပိတ်ဆို့နေတာ တွေ အများကြီးတွေ့ပါတယ်။
မြန်မာနိုင်ငံဟာ အခုကစပြီး အရှိန်အဟုန်နဲ့ ဖွ့ံဖြိုးတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် ဒီ အချိန်မှာတောင်
ဒီလိုယာဉ်ကြောပိတ် ဆို့မှုနဲ့ ကြံုတွေ့နေရတယ်။ ဒီအတိုင်း ဆက်သွားရင် နောင် ငါးနှစ်ဆို အခြေ
အနေကို မှန်းဆကြည့်နိုင်ပါတယ်။ ဒီလိုယာဉ်ကြောတွေ ပိတ်နေတဲ့အချိန် မှာ တစ်ဖက်က မြို့တော်
တစ်ခုကို အဆင့်မြှင့်ရာမှာ ပြုလုပ်ရတဲ့ စီမံကိန်း တွေ ဥပမာရေဆိုးနုတ်စနစ် ပိုက်လိုင်း တွေကို
လမ်းတွေကနေ ဖြတ်ပြီး ဖောက် ပြီးလုပ်နေမယ်ဆို ဘယ်လိုမှ အဆင် မပြေနိုင်ဘူး။ ပိုဆိုးသွားရုံ
ပဲရှိမယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ နည်းပညာတွေ၊ အကြံဉာဏ်တွေရှိနေပါတယ်" ဟု ၎င်းက
ဆိုသည်။

အဆိုပါ ပွဲအား မြန်မာလုပ်ငန်းရှင် များနှင့် တိုက်ရိုက်တွေ့ဆုံ ညှိနှိုင်းနိုင် ရန် ပြုလုပ်ခဲ့ခြင်းဖြစ်သော်
လည်း မြန်မာလုပ်ငန်းရှင် အနည်းစုသာ တက်ရောက်ခဲ့ပြီး အစီအစဉ်တွင် ထည့်သွင်းပြောခဲ့သည့်
တာဝန်ရှိသူအချို့လည်း တက်ရောက်ခဲ့ခြင်းမရှိပေ။

"ကျွန်တော်တို့အနေနဲ့ လုပ်ငန်းရှင်တွေဆီ ဆက်သွယ်ဆောင်ရွက်ရာမှာ အလွဲအချော် ရှိခဲ့လို့လို့ပဲ
သတ်မှတ်ပါတယ်။ နောက် မြန်မာနိုင်ငံအင်ဂျင် နီယာအသင်းနဲ့လည်း ဆက်သွယ်ချင် ပါသေးတယ်။
ဒီအသင်းဟာ အာဆီယံ မှာလည်း အချိတ်အဆက်တွေရှိပြီး အတွေ့အကြံုရှိတဲ့လူတွေနဲ့ ဖွဲ့စည်း
ထားတာကြောင့် နိုင်ငံခြားကလာတဲ့လူတွေအနေနဲ့ ဆက်သွယ်ဆောင်ရွက် ရင် ကောင်းပါလိမ့်
မယ်။ နောက်တစ်ကြိမ်လည်း လာပြီး ဒီလိုပွဲကျင်းပဖို့ ရည်မှန်းထားတဲ့အတွက် နောက်တစ်ကြိမ်
ကျရင်တော့ ဒီထက်ပိုပြီး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်"ဟု Mr. Supote Lohwach-arin
က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်