အမေရိကန်အိမ်ရာဈေးကွက် ပြန်လည်ကောင်းမွန်လာ

အမေရိကန်အိမ်ရာဈေးကွက် ပြန်လည်ကောင်းမွန်လာ

အမေရိကန်၏ ဧပြီလအတွင်း ရရှိခဲ့သော လက်ရှိအသုံးပြုနေသော အိမ်ရာရောင်းအားမှာ သုံးနှစ်ခွဲ
ကာလနီးပါးအတွင်း ရရှိခဲ့သည့် အမြန်ဆုံးတိုးတက်မှုနှုန်းအဖြစ် မြင့်တက်ခဲ့သော်လည်း အိမ်ရာရောင်း
ချမှုစာရင်းနှင့် ဘဏ်ချေးငွေတို့အပေါ် တင်းကြပ်မှုတို့သည် ရရှိနေသော တိုးတက်မှုများကို နှောင့်နှေး
မှုဖြစ်စေကြောင်း အမျိုးသားအိမ်ရာအကျိုး ဆောင်များအသင်းမှ မေလ ၂၂ ရက်နေ့ က ပြောကြား
ခဲ့သည်။

ရောင်းအားများမှာ မတ်လကုန်မှစပြီး သုညဒသမ ၆ ရာခိုင်နှုန်းဖြင့် နှစ် အလိုက်နှုန်းအဖြစ် အိမ်ရာ
အလုံးရေ ၄ ဒသမ ၉၇ သန်းယူနစ်အထိ တိုးတက် ခဲ့ကြောင်း အဆိုပါအဖွဲ့အစည်းမှ ထုတ်ပြန်
သည်။

မတ်လအတွက် အိမ်ရာရောင်းအား ကို ၄ ဒသမ ၉၂ သန်းဖြင့် ခန့်မှန်းထားခဲ့သော်လည်း နှစ်
အလိုက် အိမ်ရာယူနစ် ၄ ဒသမ ၉၄ သန်းဖြင့် တိုးတက်ခဲ့သည်။၎င်းထုတ်ပြန်ချက်မှာ အိမ်ရာ
ဈေးကွက် နလန်ထူနိုင်မှုသည် နိုင်ငံ့ စီးပွားရေး တိုးတက်မှုအတွက် အဓိက အထောက်အကူ
တစ်ရပ်ဖြစ်ကြောင်း မီးမောင်းထိုးပြခဲသည်။၁၂ လစာနှုန်းထားအရဆိုလျှင် လက်ရှိအသုံးပြုနေ
သော အိမ်များ၏ ရောင်းအားမှာ ၉ ဒသမ ရ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အရောင်းဈေးနှုန်းများ
မှာ ၁၄ လမြောက် ဆက်တိုက် နှစ် အလိုက်အမြတ်နှုန်းအတွက် မြင့်တက် ခဲ့ပြီး ၂၀၁၂ ဧပြီလ
ကုန်မှစပြီး ၁၁ ဒသမ သုညရာခိုင်နှုန်း တိုးတက်ခဲ့သည်။

"ဘဏ်ချေးငွေအပေါ် တင်းကျပ်မှု၊ အိမ်ရာရောင်းချမှု ပမာဏကို ကန့်သတ်ထားမှုတွေ ရှိပေမယ့်
လည်း အိမ်ရာဈေးကွက်ဟာ အင်အားအပြည့် နဲ့ နလန်ပြန်ထလာနေပါပြီ။ ဒီလို ကန့်သတ်ချက်
တွေသာ မရှိဘူးဆိုရင် လက်ရှိအိမ်ရောင်းအားဟာ ယူနစ် ၅ သန်းနှုန်းအထက်အထိကို အသာ
လေး ရရှိနိုင်ပါတယ်"ဟု အဆိုပါအဖွဲ့၏ စီးပွားရေးပညာရှင် လောရင့် ယန်က ပြောသည်။

အသစ်ဆောက်လုပ်ထားသော အိမ် များ၏ ရောင်းအားမှာလည်း ဧပြီလ အတွင်း မြင့်တက်ခဲ့ပြီး
ရောင်းချမှု ပမာဏကို ကန့်သတ်ထားသည့်ကြား က ၀ယ်လိုအား ပြန်ကောင်းလာကာ ဈေးတက်
လာခဲ့ကြောင်း စီးပွားရေး ဌာနက မေ ၂၃ ရက်နေ့တွင် ထုတ်ပြန် ပြောကြားခဲ့သည်။

မိသားစုတစ်စုစာ နေထိုင်နိုင်သော အိမ်အသစ်များ၏ ရောင်းအားမှာ မတ်လကုန်မှစပြီး နှစ်အ
လိုက်နှုန်းထားအဖြစ် ၄၅၄,၀၀၀ ယူနှစ် ရာခိုင်နှုန်းအားဖြင့် ၂ ဒသမ ၃ ရာခိုင်နှုန်းနှင့် ယမန်နှစ်
ကုန်ပိုင်းမှဆိုလျှင် ၂၉ ရာခိုင် နှုန်း တိုးတက်ခဲ့သည်။ဈေးကွက်အတွင်း ၀ယ်ယူနိုင်သော အိမ်ရာ
ရောင်းချမှု အရေအတွက်မှာ အိမ်အသစ် ၁၅၆,၀၀၀ လုံး၌ပင် ဆက်လက်ကန့်သတ်ထားသည်။

အိမ်ရောင်းအားများမှာ မတ်လကုန် မှစပြီး ဧပြီလအတွင်း ၃ ဒသမ ၃ ရာခိုင် နှုန်း မြင့်တက်ခဲ့ရာ
နိုင်ငံအနောက်ပိုင်း တွင် အားအကောင်းဆုံးရှိနေဆဲဖြစ် ပြီး ဧပြီလအတွင်း ရောင်းအား ၁၆ ဒသမ
ရ ရာခိုင်နှုန်း ကျဆင်းခဲ့ရာ အရှေ့မြောက်ပိုင်းမှာ ရောင်းအားအနည်းဆုံး ရရှိရာဒေသဖြစ်သည်။

လက်ရှိ သို့မဟုတ် အသုံးပြုနေသော အိမ်များ၏ ရောင်းအားမှာ ဧပြီလ အတွင်း နှစ်အလိုက်နှုန်း
ထားအဖြစ် ၄ ဒသမ ၉၇ သန်းယူနစ်ဖြင့် သုံးနှစ်ခွဲနီးပါးကာလအတွင်း ရရှိခဲ့သည့် အလျင်မြန်ဆုံး
နှုန်းထားဖြင့် ရောင်းချခဲ့ရကြောင်း အဆိုပါ အမျိုးသားအိမ်ရာအကျိုးဆောင်များအသင်းက ဗုဒ္ဓဟူး
နေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

(အေအက်ဖ်ပီ)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်