ရန်ကုန်တိုင်းဒေသကြီး၏ ဆင်ခြေဖုံးမြို့နယ်များဖြစ်သော လှိုင်သာယာ မြို့နယ်နှင့် ဒဂုံမြောက်ပိုင်း
မြို့နယ်များ မှ အိမ်ခြံမြေဈေးကွက်များသည် လမ်းတံတားစီမံကိန်းများကြောင့် သုံးလ လေးလ
အတွင်း မြင့်တက်ခဲ့ကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းများက ပြောသည်။
"လှိုင်သာယာက အိမ်၊ ခြံ၊ မြေ တွေ ဆိုရင် ဘုရင်နောင့် ဂုံးကျော်တံတား နဲ့ မြစ်ကူးတံတား စီမံ
ကိန်းတွေ အကောင်အထည် ဖော်ပြီး နောက်ပိုင်း မှာ အိမ်ဈေး၊ မြေဈေးတွေ တက်လာ တယ်။
လှိုင်သာယာက ရန်ကုန်မြို့ ထဲ ဝေးပြီး မြစ်ခြားပေမယ့် တံတား ဆောက်ပြီးသွားရင် သွားလာရ
လွယ်ကူသွားမှာလေ။ နောက်ပြီး ဂုံးကျော် တံတား ဆောက်ပြီးသွားရင်လည်း ကားလမ်းပိတ်ဆို့
မှုတွေ ရှိတော့မှာ မဟုတ်ဘူး။ သွားရေးလာရေး လွယ်ကူ သွားရင် နေထိုင်ဖို့ရော စီးပွားရေး ရေး
ရောလုပ်လို့ ကောင်းတဲ့ မြို့နယ်တစ်ခုဖြစ်လာမှာပါ"ဟု ဖီးနစ် အိမ်၊ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ
ကိုထွန်းထွန်းက ပြောသည်။
လှိုင်သာယာရှိ အိမ်၊ခြံ၊မြေ ၀ယ်လိုအားသည် ရပ်ကွက်များရှိ အိမ်၊ မြေ များထက် အိမ်ရာများ
အတွင်းရှိ အိမ်၊မြေများအား ၀ယ်ယူလိုသူများပြား ကြောင်း ၎င်းကပြောသည်။"၀ယ်တဲ့သူတွေက
အိမ်ရာတွေထဲက လုံးချင်းအိမ်တွေ၊ မြေတွေကို စိတ်ဝင်စားမှု ပိုများတယ်။ လှိုင်သာယာ မှာဆိုရင်
ပန်းလှိုင်အိမ်ရာ၊ င်္ြှု အိမ်ရာ နဲ့ နဝဒေး အိမ်ရာတွေပေါ့။ မြို့ခံတွေ ကလည်း ဈေးမြင့်ခေါ်ကျတယ်။ အဲဒီ
မှာ လက်ရှိပေါက်ဈေးက ပျှမ်းမျှ အားဖြင့် ပေ ၄၀x၆၀ လုံးချင်းအိမ်တွေ ဆိုရင် ကျပ်သိန်း ၁,၆၀၀
လောက်ပေါက် တယ်။ အရင်တုန်းက ကျပ်သိန်း ၁၅၀၀ လောက်ပဲ ရှိတယ်။ သိန်း ၁၀၀ လောက်
တက်လာတာပေါ့။ ဒါတံတားတွေတောင် မပြီးသေးတဲ့ အချိန်မှာ တက်လာတဲ့ ဈေးပါ။ နောက်ထက်
တက် သွားဖို့ပဲ ရှိပါတယ်"ဟု ၎င်းက မြန်မာတိုင်း(မ်) ကိုပြောသည်။
အဆိုပါ လှိုင်သာယာ မြို့နယ်သည် ဘုရင့်နောင်လမ်းဆုံနှင့် သမိုင်းဘူတာရုံလမ်းဆုံနေရာတွင်
ဆောက်လုပ်မည့် ဂုံးကျော် တံတား နှစ်စီး ပြီးစီးပါက လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမည်
ဖြစ်သည်။ အဆိုပါ ဂုံးကျော် တံတားအား ၂၀၁၂ ခုနှစ်၊ ဇွန်လတွင် စတင်ခဲ့ပြီး ၁၂ လအတွင်း ပြီးစီး
အောင် ဆောင်လုပ်သွားမည် ဖြစ်သည်။မြောက်ဒဂုံ မြို့နယ်တွင်လည်း အဆိုပါ မြို့နယ်၏ ပင်မလမ်း
မကြီးဖြစ် သည့် ဗိုလ်မှူးဘထူး လမ်းဆောက် လုပ်ပြီးစီးသည့် နောက်ပိုင်းမှ စတင်ခါ ယခုလက်ရှိ
အချိန်ထိ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများမှာ ဆက်တိုက်မြင့်တက်ခဲ့ကြောင်း ရွှေကံမြေ အိမ်၊ခြံ၊မြေ အ
ကျိုးဆောင်လုပ်ငန်းမှ ဦးခင်မောင်အေးက ပြောသည်။
"မြောက်ဒဂုံ မြို့နယ်က လမ်းစီမံ ကိန်း မစကတည်းက ဈေးတွေက တက်နေတာ။ လမ်းမကြီးဆောက်
လုပ် ပြီးသွားတော့ ဈေးတွေက ဆက်တိုက်တက်လာတယ်။ မကျသွားသေးဘူး။ အခုလပိုင်းထဲမှာ
ဆိုရင် ဗိုလ်မှူးဘထူး လမ်းမကြီးဘေးက မြေကွက်တွေဆိုရင် ပေ ၄၀x၆၀ ကို ကျပ်သိန်း ၂၅၀၀
လောက်ထိ ဖြစ်ကုန်တယ်။ အဲ့မြေတွေက လမ်းမမပြီးခင်တုန်း က ကျပ်သိန်း တစ်ထောင်ကျော်
လောက်ပဲ ရှိတယ်။ အတွင်းပိုင်းက ပေ ၄၀x၆၀ မြေကွက်တွေဆိုလည်း အရင်က ကျပ်သိန်း ၄၀၀၊
၅၀၀ လောက် က အခုကျပ်သိန်း ၁,၅၀၀ လောက် ဈေး ပေါက်နေတယ်" ဟု ၎င်းက
မြန်မာ တိုင်း(မ်)ကို ပြောသည်။
ထို့ပြင် မြောက်ဒဂုံမြို့နယ် ပင်လုံ လမ်းမပေါ်ရှိ အိမ်၊ ခြံ၊ မြေ ဈေးများလည်း မြင့်တက်ခဲ့သည်။
ပေ ၄၀x၆၀ လုံချင်းအိမ် တစ်လုံးလျင် ယခင် ကျပ်သိန်း ၁,၅၀၀၊ ၂,၀၀၀ ခန့်သာ ဈေးရှိခဲ့ရာ
ယခုလပိုင်းအတွင်း ကျပ်သိန်း ၃,၅၀၀ ခန့်ထိ ဈေးမြင့်ခဲ့ ကြောင်း ၎င်းကပြောသည်။မြောက်ဒဂုံ
မြို့နယ်မှ နယ်ခံတစ်ဦးဖြစ်သူ ကိုကျော်ဇင်က မြောက်ဒဂုံမြို့နယ်ရှိ အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ
ဆက်တိုက်မြင့်တက်မှုများသာ ဖြစ်ပေါ်လျက်ရှိပြီး ယခုအခါတွင် ရန်ကုန်မြို့လယ်ရှိ နေထိုင်သူများ
မှာ မြောက်ဒဂုံမြို့နယ်ဘက်သို့ ပြောင်းရွှေ့မှုများ ရှိလာသည် အထိ ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းကပြော
သည်။
"အရင်တုန်းကဆိုရင် မြောက်ဒဂုံမှာ လာနေဖို့ ဘယ်သူမှ စိတ်မဝင်စားဘူး။ ဖွံ့ဖြိုးမှုလည်း သိပ်မရှိဘူး။
အခုတော့ လမ်းပန်းဆက် သွယ်ရေးလမ်းကောင်းလာတယ်။ မြို့ထဲကလူတွေတောင် ဒီဘက်မှာ
လာနေကြတယ်။ တချို့ဆို မြို့လယ်ခေါက် အိမ်တွေကို ပေါက်ဈေးတွေနဲ့ ရောင်းပြီး မြောက်ဒဂုံ
ဘက်မှာ ခြံဝယ်အိမ်ဆောက်ပြီး လာနေကြတယ်။တချို့ကလည်း ဒီဘက်မှာ အိမ်တွေ သက်သက်
လာဆောက်ပြီး ဈေးတက်တဲ့ အချိန်ဆို ပြန်ရောင်းကြတယ်။ နောက်ပြီးအိမ်ကြီး အိမ်ကောင်းတွေ
လည်း ပေါလာတယ်" ဟု ၎င်းက ပြောသည်။
















