ပီအင်ဂျီနှင့် ယူအက်စ်အေအိုင်ဒီ တို့ သဘောတူလက်မှတ်ရေးထိုး

ပီအင်ဂျီနှင့် ယူအက်စ်အေအိုင်ဒီ တို့ သဘောတူလက်မှတ်ရေးထိုး

ပီအင်ဂျီနှင့် Clinton Foundation ၏ ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ Chelsea Clinton တို့မှ
World Vision နှင့်ပူးပေါင်း ကာ မြန်မာနိုင်ငံတွင် သောက်ရေသန့် ခြောက်ဘီလီယံလီတာ
မြောက် လှူဒါန်း ဖြစ်မြောက်ခြင်း အခမ်းအနားနှင့် USID နှင့် ပူးပေါင်း၍ မြန်မာ နိုင်ငံရှိ မိခင်နှင့်
ကလေးများ၏ ကျန်းမာရေးတိုးတက်ကောင်းမွန်စေရန်အတွက် လုပ်ဆောင်ချက်များကို လုပ်
ဆောင်သွားရန် သဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို မေလ၂၇ ရက်နေ့က ကျင်းပခဲ့သည်။

သဘောတူညီချက်တွင် မြန်မာ နိုင်ငံရှိ မိခင်နှင့်ကလေးများ၏ ကျန်းမာ ရေးတိုးတက်ကောင်းမွန်
စေရန်လုပ် ဆောင်သွားမည်ဖြစ်ပြီး ပဏာမ အနေနှင့် လာမည့်နှစ်နှစ်အတွင်း အနည်းဆုံး ရေသန့်လီတာပေါင်းသန်း၂၀၀ခန့်ကို မြန်မာနိုင်ငံတစ်နိုင်ငံတည်းအတွက်ထပ်မံ
ပေးအပ်လှူဒါန်းသွားမည့်အချက်များပါ၀င်သည်။

"၂၁ ရာစုမှာ သောက်ရေညစ်ညမ်း မှုကြောင့်ဝမ်းရောဂါနဲ့ နေ့စဉ်ကလေး ၂,၀၀၀ ခန့် သေဆုံး
စေပြီး မြန်မာနိုင်ငံ မှာပဲ နှစ်စဉ် ၀မ်းရောဂါဖြင့် ကလေး ငယ် ၄၀,၀၀၀ ခန့် သေဆုံးနေပါတယ်"
ဟု Mrs.Clinton က ပြောသည်။ပီအင်ဂျီကို တည်ထောင်သူ Dr.Gref Allgood က ယနေ့ထုတ်
ပြန် ကြေငြာသော USAID နှင့် နှစ်ရှည် အစီအစဉ်များပူးပေါင်းဆောင်ရွက်ရန် သဘောတူညီ
ချက်ရယူခြင်းသည် လာမည့်နှစ်များတွင် မြန်မာနိုင်ငံ တွင် ကျန်းမာရေးနှင့် ဘဝတိုးတက်စေ
ရန် ကူညီခြင်းဖြစ်ကြောင်း ပြောသည်။

"မြန်မာနိုင်ငံဟာ အာရှတိုက်မှာ ပီအင်ဂျီရဲ့ ကမ္ဘာလုံးဆိုင်ရာကလေးသူငယ်များ၏ သောက်သုံး
ရေသန့်ရှင်း စေရေးလုပ်ဆောင်ချက်တွေ လုပ်ဆောင်ဖို့ အဓိကစူးစိုက်ရမယ့်နေရာအဖြစ် ဆက်
လက်တည်ရှိနေမှာပါ" ဟု အာဆီယံဆိုင်ရာပီအမ်ဂျီ ဒုဥက္ကဋ္ဌ Mr.Samuel Kim က ပြောသည်။

ပီအင်ဂျီသည်၂၀၀၄ ခုနှစ်မှစ၍ ကမ္ဘာလုံးဆိုင်ရာကလေးသူငယ်များ ၏ သောက်သုံးရေသန့်ရှင်း
စေရေး လုပ်ဆောင်ချက်ကို စတင်အကောင် အထည်ဖော်ခဲ့ပြီး Chelsea Clintion နှင့် World
Vision အဖွဲ့များနှင့်အတူ ရန်ကုန်မြို့အနောက်ဘက် ကီလိုမီတာ ၂၀၀ အကွာတွင်ရှိသော ပုသိမ်
မြို့ ဂွေးဒေါက်ချောင်းရွာသို့ သွားရောက် ကာ ရေသန့် ခြောက်ဘီလီယံမြောက် လီတာကို လှူဒါန်း
ခဲ့ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်