ငှားရမ်းသူတွေအကြိုက်တွေ့မယ့် ရွှေချမ်းသာ၊ ငွေချမ်းသာအိမ်ရာက အဆင့်မြင့်တိုက်ခန်း

ငှားရမ်းသူတွေအကြိုက်တွေ့မယ့် ရွှေချမ်းသာ၊ ငွေချမ်းသာအိမ်ရာက အဆင့်မြင့်တိုက်ခန်း

ဒီတစ်ပတ်ရဲ့ စိတ်ကြိုက်အိမ် ကိုတော့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ရှိတဲ့ ရွှေချမ်းသာ၊ ငွေချမ်း
သာ ကွန်ဒိုက ၁၁ လွှာမှာရှိတဲ့ စနညအ ့သကျန အိမ်ခန်းလေးကို ရွေးချယ်ပေးထားပါတယ်။
အိမ်ရာဝင်းထဲမှာရှိပြီး အဆင့်မြင့်မြင့် နေချင်တဲ့သူတွေ အတွက်တော့ စိတ်တိုင်းကျစေမယ့်အိမ်
ကလေးပါပဲ။ ပြီးတော့ သွားရေး လာရေး အဆင်ပြေတဲ့ မြို့တွင်းမှာပဲရှိတဲ့အတွက် နေထိုင်သူတွေ
အဆင်ပြေစေမယ့် နေရာလေးပါ။

ဒီအိမ်ကတော့ အငှားသီးသန့်ပဲ ပြုလုပ်ထားပြီး အိမ်တွင်းပြင်ဆင်မှုကတော့ အဆင့်မြင့်မြင့် ပြင်
ပေးထားတဲ့အတွက် ငှားရမ်းသူတွေ အတွက် အဆင်သင့်တက်နေနိုင်ပါတယ်။ အိမ်ကလေးက
တိုက်ရဲ့ အပေါ်ဆုံးထပ်မှာ ရှိတဲ့အတွက် မြို့ ရှုခင်းတွေကို ကောင်းကောင်း ကြည့်လို့ ရနိုင်ပါတယ်။
ပြီးတော့ ဒီအိမ်ရာ ထဲမှာ လုံခြံုရေးတွေရှိတဲ့အတွက် လုံခြုံရေးအတွက်ကတော့ စိတ်ပူစရာ မလို
ပါဘူး။ ရွှေချမ်းသာ၊ ငွေချမ်းသာ အိမ်ရာထဲမှာရှိပြီး ငွေချမ်းသာ ကွန်ဒိုဘက်မှာရှိတဲ့ အခန်းကလေး
တစ်ခုပါ။

အိမ်ရာအတွင်းမှာပဲ ရေကူးကန်နဲ့ အားကစား ပြုလုပ်လို့ ရတဲ့နေရာတွေ ပါ၀င်ပြီးသားဖြစ်လို့
ပင်ပင်ပန်းပန်း အလုပ်လုပ်ရတဲ့သူတွေ အနားယူ အပန်း ဖြေနိုင်လို့ စာဖတ်သူတွေ နှစ်သက်
သဘော ကျလောက်မယ့် နေရာလေးတစ်ခုလို့ ထင်ပါတယ်။

အိမ်ရာဝန်းထဲမှာပဲ ကလေးကစားကွင်းလေးတစ်ခုထပ်ပါတာကိုလည်း တွေ့ခဲ့ပါတယ်။ တိုက်ခန်း
ရဲ့ အကျယ်အဝန်း ကတော့ စတုရန်းပေ ၁,၅၀၀ ကျယ်ဝန်း ပါတယ်။ ဒီအခန်းလေးမှာ စုစုပေါင်း
အခန်းသုံးခန်း ပါ၀င်ပါတယ်။ အိမ်ထဲကိုဝင်ဖို့ဆိုရင် သံပန်း တစ်ထပ်ခတ် ထားပြီး ဖိနပ်ထားဖိုက
နရာကို အတော်ကလေး ကျယ်ကျယ်လေး လုပ်ထားပြီးတော့ ၀င်ပေါက်ကို သစ်သားတံခါးနဲ့ပိတ်
ပေးထားပါတယ်။

အိမ် ကလေးကို ၀င်ဝင်ချင်းမှာတော့ အတော်အသင့်ကျယ်တဲ့ ဧည့်ခန်းကလေးကိုတွေ့ရမှာ ဖြစ်
ပါတယ်။ ဧည့်ခန်းရဲ့ အလွန်လောက်မှာမှ ရေချိုးခန်းအိမ်သာ တွဲလျက်ပါတဲ့ အိပ်ခန်းကို တွေ့ရမှာ
ဖြစ်ပါတယ်။

ဒီအိပ်ခန်းရဲ့ ရှေ့ဘက်နားလေးမှာ ပဲ ရိုးရိုးအိပ်ခန်းနှစ်ခန်း ရှိတာကိုတွေ့ရပါတယ်။ အိပ်ခန်းတွေရဲ့
အပြင်ဘက်မှာ နောက်ထပ် ရေချိုးခန်း အိမ်သာသီးသန့်တစ်လုံးထပ်ပါပါသေး တယ်။ ဒီအိမ်က
လေးမှာ ထမင်း ၊ ဟင်း ချက်ဖို့ မီးဖိုခန်းနေရာလေးကတော့ အနည်းငယ် ကျဉ်းကျဉ်းကလေးပဲ
ပြုလုပ်ထားပါတယ်။

မီးဖိုချောင်နေရာလေးကိုလည်း အဆင့်မြင့် ပြင်ထားပြီး မီးဖိုချောင်သုံးပစ္စည်းတွေကိုပါ ထည့်ပေး
မှာလို့ သိရပါတယ်။ ဒီအိမ်မှာ ဧည့်ခန်းနဲ့ အခန်းတွေကို ကျွန်းပါကေး ခင်းပေးထားပြီး ကျန်တဲ့နေ
ရာတွေကိုတော့ ကြွေပြားခင်းပေးထားပါတယ်။ အိမ်ရဲ့မျက်နှာကျက်တွေကိုလည်း အလှဆင်ပေး
ထားတာကို သတိထားမိခဲ့ပါတယ်။

အခန်းရဲ့ အကျယ်အဝန်းက အရမ်းမကျယ်ပေမယ့် အိမ်အတွင်းပိုင်း ကို အဆင့်မြင့် ပြင်ပေးထား
လို့ ငှားရမ်းနေထိုင်မယ့် သူတွေ သဘောကျနှစ်သက်မယ့် အိမ်ကလေးလို့ ထင်ပါတယ်။ ဒီအိမ်
မှာနေထိုင်လို့ အဆင်ပြေ တာ နောက်တစ်ခုက ပရိဘောဂ ပစ္စည်းအပြည့်အစုံကိုလည်း ထည့်
ပေး ထားလို့ ငှားနေမယ့်သူတွေ ပရိဘောဂ အတွက် စိတ်ပူနေစရာ မလိုတော့ပါ ဘူး။

နောက်ပြီး အင်တာနက်ကလည်း ၂၄ နာရီ အသုံးပြုလို့ ရမယ့်အပြင် ရုပ်သံလိုင်းတွေကိုလည်း
ကြည့်ရှုလို့ ရနိုင်တဲ့ အတွက် ငှားရမ်းမယ့်သူတွေ သဘော ကျမယ်လို့ ထင်ပါတယ်။ဒီအိမ်မှာ
လေအေးပေးစက် သုံးလုံးပါ၀င်မှာဖြစ်ပြီး လိုင်းခွဲဖုန်းတစ်လုံးလည်း ပါ၀င်ပါတယ်။

တည်နေရာ     - ရွှေချမ်းသာ၊ ငွေချမ်းသာ အိမ်ရာ၊ မင်္ဂလာတောင်ညွန့်မြို့နယ်
ဈေးနှုန်း         - ကျပ် ၁၈ သိန်း (အငှား)။
ဖုန်း             - ၀၉ ၄၃၁၂၇၂၈၈။
ဆက်သွယ်ရန် - (မြ)ပန်းသခင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်