အိန္ဒိယတွင် ယူကေအိမ်ခြံမြေဝန်ဆောင်မှု ကုမ္ပဏီကြီးက လုပ်ငန်းလုပ်ကိုင်ခွင့်ပေးခဲ့

အိန္ဒိယတွင် ယူကေအိမ်ခြံမြေဝန်ဆောင်မှု ကုမ္ပဏီကြီးက လုပ်ငန်းလုပ်ကိုင်ခွင့်ပေးခဲ့

လန်ဒန်၏ အကြီးဆုံးအိမ်ခြံမြေအကျိုး ဆောင်ကုမ္ပဏီကြီး Winkworth သည်
အိန္ဒိယနိုင်ငံတွင်၎င်း၏ကုမ္ပဏီ အမည် အသုံးပြုကာ လုပ်ငန်းလုပ်ကိုင် ခွင့်တစ်ခုကို ချထား
ပေးခဲ့ပြီး ဘန်ဂလောတွင် ရုံးခန်းသစ်တစ်ခုဖွင့်လှစ်ခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ လူနေအိမ်
ဈေးကွက်အတွင်း ၎င်း၏လုပ်ငန်းသစ်တစ်ခုကို စတင်ခဲ့သည်။

အိန္ဒိယနိုင်ငံတလွှားရှိ အဓိကမြို့ ကြီးများတွင် Winkworth ကုမ္ပဏီအမည်ဖြင့် ရုံးခန်းများ ဖွင့်
လှစ်ရန် ရည်ရွယ်ချက်ဖြင့် Narayanan Soundararajan အား အိန္ဒိယနိုင်ငံ အတွက် လုပ်ငန်း
လုပ်ကိုင်ခွင့် ချထား ပေးခဲ့သည်။

Soundararajan ၏ ငွေဖြင့် ယခုလတွင် ဖွင့်လှစ်မည့် ဘန်ဂလောရုံးခန်းအပြင် ရှန်နိုင်းနှင့် ဒေလီ
တွင် လည်း နောက်ထပ်ကုမ္ပဏီရုံးခန်း နှစ်ခုကို ၂၀၁၃ ခုနှစ်အတွင်း ဖွင့်လှစ်ရန် စီစဉ်ထားသည်။

Winkworth ကုမ္ပဏီအတွက် အားထားလောက်သည့် အရည်အချင်း ရှိသည့် Soundararajan
က Winkworth အမည်ဖြင့်ဖွင့်လှစ်မည့် အိန္ဒိယ ကုမ္ပဏီများကို ၎င်း၏ အိမ်ခြံမြေကဏ္ဍတွင်း
လုပ်ငန်းအတွေ့အကြံုများဖြင့် စီမံခန့်ခွဲမည်ဖြစ်သည်။

၎င်းသည် အိန္ဒိယနိုင်ငံတွင် ဖွင့်လှစ်ထားသည့် စကော့တလန် တော်ဝင်ဘဏ်၏ မန်နေဂျင်း
ဒါရိုက်တာ တစ်ဦးအဖြစ် ဘဏ်လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေရာ ၎င်းသည်
နိုင်ငံခြား ဈေးကွက်တစ်ခုအတွင်း အခိုင်အမာ အမည်ရနေသည့်လုပ်ငန်းတစ်ခုနှင့် လုပ်ငန်းလုပ်
ကိုင် သည့် အတွေ့အကြံု အတော်အတန်ရရှိထားသူတစ်ဦးဖြစ်သည်။

လန်ဒန်အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီကြီး၏ ရည်ရွယ်ချက်မှာ ထိပ်တန်းဝန်ဆောင်မှုပေးနိုင်
သည့် ယူကေပုံစံအိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီခွဲတစ်ခုကို အခြေပြုပြီး အိနိယနိုင်ငံတွင် ၎င်း
ကုမ္ပဏီအမည်ဖြင့် လုပ်ငန်းကွန်ယက်တစ်ခုဖန်တီးရန် ဖြစ်သည်။အိန္ဒိယနိုင်ငံတွင်းရှိ အိမ်ခြံမြေ
ဈေးကွက်ကို အဓိကထားသည့် အဆိုပါ လုပ်ငန်းသစ်များသည် အိန္ဒိယနိုင်ငံ ၏ ရှိနှင့်ပြီးသားဖြစ်
သည့် အရောင်းအဝယ်တစ်ခုမှ ရောင်းသူဝယ်သူ နှစ်ဦး စလုံးအတွက် ၀န်ဆောင်မှုပေးနေ သည့်
ပုံစံမျိုးမှ ခွဲထွက်ပြီး အရောင်းအဝယ်တစ်ခုစီမှ ရောင်းသူ သို့မဟုတ် ၀ယ်သူ တစ်ဖက်တည်း
အတွက်သာ ၀န်ဆောင်မှုပေးမည်ဖြစ်သည်။

ထို့ပြင် အရည်အသွေးပြည့်မှီသည့် အဆောက်အအုံများကို အချိန်မှီဆောက်လုပ်ပေးနိုင်သည့်
အိန္ဒိယဆောက်လုပ်ရေးကုမ္ပဏီများနှင့်လည်း ပိုမို ရင်းနှီးသည့် ဆက်ဆံရေးရှိအောင်လည်း
ဆောင်ရွက်သွားမည်ဖြစ်သည်။

Winkworth ၏ ယူကေကွန်ယက်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လည်း ယူကေတွင် အိမ်ဝယ်
မည့်သူများ အား လိုအပ်သည့် အကူအညီနှင့် အကြံဉာဏ်များလည်း ပေးနိုင်မည် ဖြစ်ရာ ၀ယ်
လက်များမှာ စိတ်ပူပန် စရာမရှိဘဲ လွယ်လင့်တကူ အိမ်ဝယ်နိုင်မည် ဖြစ်သည်။

အလားတူပင် အိန္ဒိယနိုင်ငံရှိ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလိုသည့် ယူကေဝယ်လက်များကို
လည်း လွယ်ကူအဆင်ပြေ သွားစေမည်ဖြစ်သည်။အိန္ဒိယနှင့် ယူကေအကြား ခိုင်မာအားကောင်း
သည့် အဆက်အသွယ်ရှိနေသည့်အတွက် အလျင်အမြန် တိုးတက်နေသည့် ဈေးကွက်အတွင်းရှိ
အပြောင်းအလဲနှင့် ပတ်သက်ပြီး Winkworth က မျှော်လင့်ထားသလို ဖြစ်လာနိုင်သည့် အလား
အလာများ အများအပြား ရှိနေသည်။

" လန်ဒန်က အိန္ဒိယ ၀ယ်လက်တွေရဲ့ အားကောင်း တဲ့ ၀ယ်လိုအားတွေ ရလာနိုင်သလို
ဒီလုပ်ငန်းလုပ်ကိုင်ခွင့်ကြောင့် ကျွန်တော်တို့နဲ့ ၀ယ်လက်တွေကြား ဆက်ဆံရေးလည်း ခိုင်မာ
လာမှာပါ" ဟု Winkworth St John's Wiid ၏ ဒါရိုက်တာ ရစ်ချတ်ဝုဖ်က ပြောသည်။

Winkworth ၏ အမှုဆောင်အရာရှိချုပ် Dominic Agaceu က ယခုကဲ့သို့ အိန္ဒိယနိုင်ငံအတွင်း
လုပ်ငန်းတိုးချဲ့မှုသည် ၎င်း၏ လုပ်ငန်းအတွက် စိတ်လှုပ်ရှားစရာကောင်းသည့် အချိန်ဖြစ်ကြောင်း
ပြောကြားခဲ့သည်။

"အိန္ဒိယ အိမ်ခြံမြေဈေးကွက် ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ဆက်လက်တိုးတက်နေပြီး အခု
အချိန်မှာတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး အိမ်ခြံမြေဈေးကွက် အဖြစ်တည်ရှိနေပါတယ်။
ဒါကြောင့် ဒီလို ဈေးကွက်အတွင်းမှာ ကျွန်တော်တို့ရဲ့ နာမည်ကောင်းရှိပြီးသား ကုမ္ပဏီက ပူးပေါင်း
ပါ၀င်ခြင်းကြောင့် အောင်မြင် မှုတွေ ပိုရလာမှာပါ" ဟု ၎င်းက ပြောသည်။

အိန္ဒိယနိုင်ငံ၏ အိမ်ခြံမြေဈေး ကွက်သည် အလျင်အမြန် တိုးတက်နေ ပြီး အထူုးသဖြင့်
အဆင့်မြင့်အိမ်ရာ ဈေးကွက်တွင် အရောင်းအဝယ် ဖြစ်နေသည်ဟု Soundararajan က
ပြောသည်။

"ဒါကြောင့်ကမ္ဘာတစ်ဝှမ်း က ကျွမ်းကျင်သူတွေနဲ့ ဒေသတွင်း က ကျွမ်းကျင်သူတွေနဲ့ ပေါင်းပြီး
ဈေးကွက်ထဲ ၀င်လာတဲ့ Winkworth လို နိုင်ငံတကာကုမ္ပဏီအတွက် အခွင့်အရေးကောင်းတွေ
ရှိနေပါတယ်" ဟု ၎င်းက ရှင်းပြသည်။

"Winkworth ကုမ္ပဏီမှာ အစဉ်အလာ တန်ဖိုးတစ်ရပ်ရှိနေပြီး ခောတ်ပေါ် အတွေးအမြင်တွေ
လည်း ရှိပါတယ်။ ဒါဟာ အိန္ဒိယဝယ်လက်တွေနဲ့ လိုက်လျောညီထွေဖြစ်မယ့် အခြေခံအကြောင်း
ရင်းဖြစ်မှာပါ။

ဒါကြောင့် ဒီကုမ္ပဏီနဲ့ လက်တွဲလုပ်ကိုင်ဖို့ ကျွန်တော် စိတ်ဝင်စားခဲ့တာပါ။ကျွန်တော်တို့ဖက်
ကလည်း ကျွန်တော် တို့ကို နောက်ကနေ ထောက်ပံ့ပေးနေတဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးတစ်ခုရဲ့
အကူအညီနဲ့ အဆင့်မြင့် ၀န်ဆောင်မှုတွေ ၀ယ်လက်တွေအတွက် အကောင်းဆုံးပေးနိုင်မယ်ဆို
တာ သေချာပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

(ပရောပါးတီးဝိုင်ယာ)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်