တရုတ်အဆင့်မြင့်အိမ်ရာရောင်းအားကောင်း

တရုတ်အဆင့်မြင့်အိမ်ရာရောင်းအားကောင်း

ဗဟိုအစိုးရမှ တရုတ်နိုင်ငံအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသော နောက်ထပ်
တင်းကျပ်မှုစီမံချက်အသစ်များမှာ ၂၀၁၃ခုနှစ်အတွင်း အဆင့်မြင့်ဇိမ်ခံလူနေအိမ်ရာ ဈေးနှုန်းတိုး
တက်မှုနှုန်းထားကို နှေးကွေးလာစေနိုင်ကြောင်း ခန့်မှန်းရသည်။

သို့ရာတွင် နှေးကွေးလာနိုင်မည့် ပမာဏမှာ အတက်ပိုင်းသို့ မရောက်ရှိနိုင်ကြောင်း Knight
Frank မှ ယခုနှစ် ပထမသုံးလပတ်အတွက် လက်တလောထုတ်ပြန်လိုက်သည့် Greater
China Property Market ထုတ်ပြန်ချက်အရသိရသည်။၎င်းထုတ်ပြန်ချက်တွင် ပေကျင်းရှိ
အဆင့်မြင့်ဇိမ်ခံလူနေအိမ်ရာ ရောင်းချမှုပမာဏမှာ ပုံမှန်ကျဆင်းမှုရာသီအတွင်း သုံးလပတ်
အလိုက်အားဖြင့် ၃၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။

သို့သော် ပုံမှန်ကျဆင်းမှုရာသီဖြစ်သော်လည်း အဆင့်မြင့်ဇိမ်ခံလူနေအိမ်ရာ ရောင်းအားမှာ
အားကောင်းခဲ့ပြီး မတ်လတွင် ယခင်နှစ်နှစ်အထိ မရရှိခဲ့သည့် အမြင့်ဆုံး ရောင်းအားနှုန်းထား
တစ်ခု ရရှိခဲ့သည်။လူနေအိမ်ရာ ရောင်းချမှုမှာ မတ်လအတွင်း စတင်မြင့်တက်ခဲ့ပြီး ဒုတိယသုံး
လပတ်အထိ ဆက်လက်မြင့်တက်ဖွယ် ရှိကြောင်း ခန့်မှန်းရသည်။

မတ်လကုန်ပိုင်းမှစပြီး အကျုံးဝင်ခဲ့သော တင်းကျပ်မှု စည်းကမ်းထိန်းချုပ်ရေး မူဝါဒများကြောင့်
ဈေးကွက်အတွင်း လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ပြီး အရောင်းအဝယ်များလည်း မြင့်တက်ခဲ့ပြီး ပေကျင်း
မြို့အတွင်း အရောင်းအဝယ်အရေအတွက် ရုတ်ခြည်းမြင့်တက်မှု ဖြစ်ပေါ်ခဲ့သည်။

Guangzhou မြို့တွင် သုံးလပတ်အလိုက် အဆင့်မြင့်ဇိမ်ခံလူနေအိမ်ရာ ရောင်းချမှုပမာဏမှာ ၈
ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ရောင်းအားတွင် သုံးလပတ်အလိုက် ၄၆ ရာခိုင်နှုန်း ထိုးတက်
ခဲ့သည်။

မြို့လယ်ကောင်ဧရိယာအတွင်း အိမ်အသစ် ရောင်းချမှုပမာဏမှာ အကန့်အသတ်ရှိကြောင်း
ယင်းထုတ်ပြန်ချက်က ဆိုသည်။ ရောင်းအားမြင့်တက်မှုမှာ သိသာထင်ရှားလာသော ဈေး
ကွက်ပြန်လည်ကောင်းမွန်လာမှုနှင့်အတူ အစိုးရမှ စီမံချက်အသစ်များ ကြေညာခြင်းကြောင့်
ဖြစ်ပေါ်လာသော ၀ယ်သူများ၏ အလုအယက်ဝယ်ယူမှုများကြောင့် ရရှိလာခြင်းပင်ဖြစ်သည်။

ရှန်ဟိုင်းတွင် အဆင့်မြင့်ဇိမ်ခံအိမ်ရာသစ်များ ရောင်းချမှုမှာ သုံးလပတ်အလိုက်အားဖြင့် ၆၇ ရာ
ခိုင်နှုန်း တိုးတက်မှုဖြစ်သော စတုရန်းမီတာ ၂၃၄,၀၀၀ အထိ ရောက်ရှိခဲ့သည်။ မတ်လအတွင်း
၎င်းအိမ်ရာသစ်များ ရောင်းအားတွင်လည်း ပြီးခဲ့သည့် ခြောက်လအတွက် အမြင့်ပိုင်း နှုန်းထား
အသစ်အဖြစ် စတုရန်းမီတာ ၄၉၆,၀၀၀ အထိ ပြန်လည်ကောင်းမွန်လာခဲ့သည်။

အသစ်စက်စက် ရောင်းချထားသည့် အိမ်ရာစီမံကိန်းများဖြစ်သည့် Putuo ခရိုင်ရှိ  The Eight
အိမ်ရာတွင် လူနေတိုက်ခန်း အခန်း ၅၁၀ နှင့် Hongkou ခရိုင်အတွင်းရှိ The View အိမ်ရာတွင်
လူနေတိုက်ခန်း ၆၂၄ ခန်းဖြင့် အသီးသီးပါရှိသည်။

ရောင်းသူနှင့်ဝယ်သူများမှာ အစိုးရစီမံချက်အသစ်များ စတင်အကောင်အထည် မဖော်မီက
အရောင်းအဝယ်ဖြစ်ရေးဆီကိုသာ အလုအယက်ပြုလုပ်ခဲ့သည့်အတွက် ဒုတိယအိမ်ရာ ရောင်း
အားများ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ရှင်းပြထားသည်။

ဟောင်ကောင်တွင် ဟောင်ကောင်ဒေါ်လာ ၁၀ သန်းနှင့်အထက်တန်ဖိုးရှိ အဆင့်မြင့်ဇိမ်ခံအိမ်များ
ရောင်းအားမှာ ပထမသုံးလပတ်တွင် အိမ်အလုံးရေ ၁,၇၄၀ လုံးဖြင့် သုံးလပတ်အလိုက် ၁၇ ဒသ
မ ၈ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်။ အဆင့်မြင့်ဇိမ်ခံ လူနေအိမ်ရာ ဈေးနှုန်းများနှင့် အငှားနှုန်းထား
မှာ သုံးလပတ်အလိုက်အားဖြင့် ၁ဒသမ၁ ရာခိုင်နှုန်းနှင့်သုညဒသမ ၄ရာခိုင်နှုန်းဖြင့်သာ အသီး
သီး တိုးတက်ခဲ့သည်။

ရောင်းအားပိုင်းတွင် ရရှိခဲ့သည့် တိုးတက်မှုအများဆုံးမှာ လူနေအိမ်ရာ ဈေးကွက်အပေါ် တင်း
ကြပ်မှု စည်းမျဉ်းစည်းကမ်းအသစ်များအတွက် ရည်ရွယ်ဆောင်ရွက်သည့် ၂၀၁၃ ခုနှစ် ပထမ
သုံးလပတ်အတွင်း တရုတ်အစိုးရ၏ နိုင်ငံတော်ကောင်စီမှ စတင်ပြဌာန်းခဲ့သည့် စီမံချက်အသစ်
ငါးခုကြောင့်ဖြစ်ကြောင်း Knight Frank က ဆိုသည်။အိမ်ဝယ်ယူမှုများကဲ့သို့ ကန့်သတ်ချက်
များမရှိသည့် စီးပွားရေးဆိုင်ရာ အိမ်ခြံမြေဈေးကွက်အတွင်းသို့ ၀ယ်ယူမှုများကို ပြောင်းလဲဦး
တည်လာခြင်း၏ ရလဒ်အဖြစ် ၎င်းစီးပွားရေးဆိုင်ရာ အိမ်ခြံမြေဈေးနှုန်းများနှင့် အရောင်းအဝယ်
နှုန်းထားများ မြင့်တက်လာခဲ့သည်။

Grade A အဆင့်ရှိ ရုံးခန်းအငှားဈေးကွက်မှာ ယမန်နှစ် အနည်းငယ်အတွင်း ဆက်တိုက်တိုး
တက်မှုများ ရရှိခဲ့ပြီးနောက်ပေကျင်း၊ ရှန်ဟိုင်းနှင့်  Guangzhou မြို့များရှိ အငှားနှုန်းထားများ
တွင် ယခင်သုံးလပတ်က ရရှိခဲ့သည့် အငှားနှုန်းထားများအတိုင်းပင် ဆက်လက်ရှိနေပြီး ငှား
ရမ်းသူ နည်းပါးလာခြင်းကြောင့် ဈေးကွက်တည်ငြိမ်နေဆဲဖြစ်သည်။

(ပရောပါတီး ၀ုိင်ယာ)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်