မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း ၏ (၁၄) ကြိမ်မြောက်နှစ်ပတ်လည်
အသင်းသားစုံညီအစည်းအဝေးကို ဇွန်လ တစ်ရက်နေ့က မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ
လုပ်ငန်းရှင်များအသင်းရုံးချုပ်တွင် ကျင်းပခဲ့သည်။
နှစ်ပတ်လည်အစည်းအဝေးတွင် အသင်းနာယက ဆောက်လုပ်ရေးဝန်ကြီး ဌာနဒုဝန်ကြီးဒေါက်
တာ ၀င်းမြင့် က အမှာစကားပြော ကြားခဲ့ပြီး အမှုဆောင်ရွေးချယ်ရေးကော်မရှင် မှ အမှုဆောင်
ရွေးချယ်ပွဲနှင့်ပတ်သက်၍လည်း ရှင်းလင်းတင်ပြခဲ့သည်။
အခမ်းအနားတွင် MCEA အထွေထွေအတွင်းရေးမှူး ဦးရန်ဝင်းက အလုပ်အမှုဆောင်အဖွဲ့အစီရင်
ခံစာ ကို ဖတ်ကြားတင်သွင်းခဲ့ပြီး အမှာ စကားလည်း ပြောကြားခဲ့သည်။
"ဆောက်လုပ်ရေးလုပ်ငန်းရှင် အသင်းဝင်တွေအားလုံးကို တည်ဆောက်ရေး၊ နိုင်ငံဖွ့ံဖြိုးရေး၊ အရည်အသွေးမြင့်အဆောက်အအုံ တွေ ပေါ်ပေါက်စေဖို့ဆောင်ရွက်လျက်ရှိပါတယ်၊ မန္တလေးတိုင်း၊
ဗန်းမော်၊ ကရင်၊ တနင်္သာရီ စတဲ့ ဒေသ တွေမှာ အဖွဲ့ခွဲတွေဖွဲ့ပြီး ဆောင်ရွက် လျက်ရှိပါတယ်၊
ဆောက်လုပ်ရေးတိုးတက်ဖွံ့ဖြိုးဖို့အတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံ ဗိသုကာ
အသင်းတို့နဲ့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်၊ နိုင်ငံတော် Sea Game တွမှာ ကဏ္ဍအလိုက်
တာဝန်ယူဆောင်ရွက်လျက်ရှိနေပြီး ရွှေ၊ ငွေ၊ ကြေး တံဆိပ်ရအောင် ဆောင်ရွက်နေပါတယ်
၊ဆောက်လုပ် ရေး ကဏ္ဍအတွက် နည်းပညာအဆင့် မြင့် ပစ္စည်းတွေသုံးနိုင်ဖို့အတွက် တရုတ်၊
ဘင်္ဂလားဒေ့်ရှ့်၊ ထိုင်းစတဲ့ နိုင်ငံ တွေနဲ့ ညှိနှိုင်းနေပါတယ်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွေ
ဆောင်ရွက်ဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်"ဟု ပြောသည်။
ထို့နောက်တွင် MCEA ဗဟိုအလုပ် အမှုဆောင်ဟောင်းများနှုတ်ထွက်၍ ဗဟိုအလုပ်အမှုဆောင်
အဖွဲ့သစ်အမည်စာရင်းကိုသံ အမတ်ကြီး ဦးလှမောင်မှ မည်သို့မည်ပုံ ရွေးချယ်ခဲ့သည်ဆိုသည်ကို
ဖတ်ကြားတင်သွင်း ခဲ့သည်။
အသင်းသားစုစုပေါင်း ၃၁ ကို လျှို့ဝှက်စနစ်ဖြင့် စနစ်တကျ ရွေးချယ်ခဲ့ပြီး ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်း
ရေးမှူး၊ တွဲဖက်အတွင်းရေးမှူးများကို ရွေးချယ်ပေးခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံဆောက်လုပ်
ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌသစ်မှာ ဦးသာဌေး (Oringinal Group) ဖြစ်ပြီး
ဒုဥက္ကဋ္ဌများအဖြစ် ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီမှ ဦးအိုက်ထွန်း၊ တော်ဝင်မိသားစုဆောက်
လုပ်ရေးမှ ဥက္ကဋ္ဌ ဦးကိုကို ထွေးစသည်တို့ကို ရွေးချယ်ခဲ့ကြပြီး အသင်း အထွေထွေအတွင်းရေးမှူး
အဖြစ် ဦးရန်ဝင်းအား ရွေးချယ် တင်မြှောက်ခဲ့ကြသည်။















