Panasonic Asia Pacific မြန်မာရုံးခွဲကို ရန်ကုန်မြို့တွင် ဖွင့်လှစ်

Panasonic Asia Pacific မြန်မာရုံးခွဲကို ရန်ကုန်မြို့တွင် ဖွင့်လှစ်

မြန်မာနိုင်ငံအတွင်း ဈေးကွက်ရှယ်ယာပိုမိုရရှိစေရန်နှင့် ၀ယ်ယူသုံးစွဲသူ များ၏ လိုအပ်ချက်များ
ကိုအဓိကဖြည့်ဆည်းပေးနိုင်ရန်အတွက် Panasonic Asia Pacific မြန်မာရုံးခွဲကို မြန်မာနိုင်ငံတွင်
လာရောက်ဖွင့်လှစ်ခြင်းဖြစ် ကြောင်း Panasonic ကုမ္ပဏီ၏ Asia Pacific Middle East Africa
Headquaters ၏ အုပ်ချုပ်မှု ဒါရိုက် တာ Mr.Yorihisa Shiokawa က ပြောသည်။

Panasonic ရုံးခွဲကို ဇွန်လ ၃ ရက် နေ့က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တွင် ဖွင့်လှစ်ခဲ့ခြင်း
ဖြစ်သည်။ " Panasonic ထုတ်ကုန်ပစ္စည်း တွေက မြန်မာပြည်သူတွေနဲ့ ရင်နှီး ကျွမ်းဝင်မှုရှိတာ
အတော်ကြာခဲ့ပါပြီ။

မြန်မာနိုင်ငံဟာ ကျွန်တော်တို့ အတွက်တော့ အလွန်ကိုအရေးပါတဲ့ ဈေးကွက်တစ်ခု ဖြစ်ပါတယ်။
ဒါကြောင့် လည်း မြန်မာနိုင်ငံရဲ့ အချက်အချာကျတဲ့ ရန်ကုန်မြို့မှာ ကုမ္ပဏီရဲ ့မြန်မာ နိုင်ငံရုံးခွဲကို
လာရောက်ဖွင့်လှစ်ပြီး မြန်မာပြည်သူပြည်သားတွေရဲ့အဓိက လိုအပ်ချက်နဲ့ကိုက်ညီတဲ့ ထုတ်ကုန်
ပစ္စည်းတွေကို မိတ်ဆက် ဖြန့်ဖြူး ရောင်းချမှာ ဖြစ်ပါတယ်"ဟု Mr.Yorhisa က ပြောသည်။

၎င်းက Panasonic အနေဖြင့် မြန်မာနိုင်ငံတွင် ယခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့် ၂၇
ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် လည်း ၀ိုင်းဝန်း
ကူညီမည့် ကုမ္ပဏီတစ်ခုအဖြစ် လည်း ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောသည်။

"၂၀၁၃ ခုနှစ်ဟာ မြန်မာနိုင်ငံ အတွက်တော့ အလွန်ဘဲစိတ်လှုပ်ရှားစရာကောင်းတဲ့နှစ်တစ်နှစ်
ဖြစ်ပါတယ်။ ဒေသတွင်း အကြီးမားဆုံးအားကစားပြိုင်ပွဲဖြစ်တဲ့ အရှေ့တောင် အားကစားပြိုင်ပွဲ
ကြီးကိုလည်း အိမ်ရှင် နိုင်ငံအဖြစ် လက်ခံကျင်းပမှာဖြစ်တဲ့အတွက် တစ်ခြားနိုင်ငံတွေရဲ့ အာရုံ
စိုက်မှုကိုလည်း ရနေပါတယ်။ ဒါကြောင့် လဲ Panasonic က ဒီပြိုင်ပွဲမှာ ကူညီပံ့ပိုးတဲ့ ကုမ္ပဏီ
တစ်ခုအနေနဲ့ ပါ၀င်ဖို့ဆုံးဖြတ်ထားပြီး အစိုးရနဲ့လည်း ညှိနှိုင်းဆွေးနွေးပြီးဖြစ်ပါတယ်"ဟု ၎င်းက
ပြောသည်။

မြန်မာနိုင်ငံ၏ အဓိကလိုအပ်ချက် များမှ တစ်ခုဖြစ်သည့် လျှပ်စစ်မီးလိုအပ်ချက်ကို ဖြည့်ဆည်း
ပေးနိုင်ရန်အတွက်လည်း နေရောင်ခြည်စွမ်းအင်သုံး ဆိုလာမီးအိမ်များကို ရောင်းချသွားမည်ဖြစ်
ပြီး အဆိုပါမီးအိမ်များတွင်လည်း လက်ကိုင်ဖုန်းကိုအားသွင်းနိုင်သည့်စနစ်လည်း ပါရှိမည်ဖြစ်
ကြောင်း ၎င်းက ပြောသည်။

Panasonic အမှတ်တံဆိပ် ကုန်ပစ္စည်းများကို ၁၉၇၉ ခုနှစ်မှ စတင်ခါ အရောင်းကိုယ်စားလှယ်
များမှတဆင့် မြန်မာနိုင်ငံတွင်း ဖြန့်ဖြူးပေးလျက်ရှိပြီး အဓိကအားဖြင့် အိမ်သုံးပစ္စည်းများဖြစ်သည့်
လေအေးပေးစက်၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ ထမင်းပေါင်းအိုးနှင့် အလှအပဆိုင်ရာ ပစ္စည်း
များမှာ ဈေးကွက်အတွင်း လူကြိုက်များသည့် ပစ္စည်းများ ဖြစ် သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်