ရွှေတောင် ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့သော ကမာရွတ်မြို့နယ်၊
လှည်းတန်းလမ်းဆုံ ရှိလှည်းတန်းခုံးကျော်တံတားကို မေလ ၃၀ ရက်နေ့တွင်ဖွင့်လှစ်လိုက်ပြီ
ဖြစ်သည်။
တံတားဖွင့်လှစ်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေ၊ ရန်ကုန်မြို့တော်
၀န်ဦးလှမြင့်နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အဆင့်မြင့်အရာရှိကြီးများနှင့်
တာဝန်ရှိသူများ၊ ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးအိုက်ထွန်းတို့ တက်ရောက် ခဲ့
ကြသည်။
"ရန်ကုန်မှာ တောင်မြောက်သွယ်တန်းနေတဲ့ အဓိကလမ်းမကြီးတွေ ရှိပါတယ်၊ အရှေ့ဘက်မှာ
ဆိုရင်ကမ္ဘာအေးဘုရားလမ်း.. . နောက်ပြီး ပြည်လမ်း၊ အင်းစိန်လမ်း၊ ဘုရင့်နောင် လမ်းတို့ ရှိပါ
တယ်၊ အစိုးရသစ်လက်ထက်မှာ ဈေးကွက်စီးပွားရေးနဲ့အညီ ဖွင့်လှစ်ပေးလိုက်တဲ့ အနေအထား
မှာ ကားတွေပိုမိုများပြားလာတဲ့အတွက် ပြည်လမ်းမှာဆိုရင် နေ့စဉ်ဖြတ်သန်း သွားလာနေတဲ့
ယာဉ် အရေအတွက် က ၄၀,၀၀၀ ကျော်ရှိပါတယ်၊ ဒါတွေကြောင့် ရန်ကုန်မြို့မှာ ရှိတဲ့ယာဉ်ကြော
ပိတ်ဆို့မှုအခက်အခဲကို ဖြေရှင်း နိုင်ဖို့အတွက် ခုံးကျော်တံတားတွေတည်ဆောက်ဖို့လိုအပ်လာ
တဲ့အတွက် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်"ဟု ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ
က ဖွင့်ပွဲအခမ်းအနားတွင် ရှင်းလင်းပြောကြားခဲ့သည်။
ကမာရွတ်၊ လှည်းတန်းလမ်းဆုံမှာ လမ်းငါးခွဆုံတွင် ရှိသည့်အတွက် ခုံး ကျော်တံတားတည်
ဆာက်ရာတွင် လျှပ်စစ်မီး၊ တယ်လီဖုန်းလိုင်းနှင့်မြေ အောက်ရေပေးဝေရေးလိုင်းများကို စနစ်တ
ကျ ဖယ်ရှားခဲ့ရသည့်အတွက် ထိုအတွက်အချိန် လေးလကျော်ငါးလ ခန့် ကြာခဲ့ကြောင်း
သိရသည်။
တံတား ကို ၂၀၁၂ မတ်လ ၁၁ ရက်နေ့တွင် ပန္နက်တင်မင်္ဂလာအခမ်းအနားပြု လုပ်ခဲ့ပြီး
တစ်နှစ်နှင့် သုံးလအကြာ ၂၀၁၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ မော်တော်
ယာဉ် များ လွယ်လင့်တကူ ဖြတ်သန်း သွားလာနိုင်ရန်အတွက် ယခုနှစ် သင်္ကြန်မတိုင်မီကတည်း
က လှည်းတန်းခုံးကျော်တံတားကို ဖွင့်လှစ်ပေး ထားခဲ့ကြောင်းလည်း ရန်ကုန်တိုင်း ဒေသကြီးဝန်
ကြီးချုပ်က ထည့်သွင်း ပြောကြားခဲ့သည်။
"ဒီတံတားကြီးပြီးစီးသွားရင် ယာဉ်ကြောပိတ်ဆို့တာတွေ ကောင်း သွားမယ်။ ဒါပေမယ့်
တစ်ချို့နေရာတွေဖြစ်တဲ့ မြေနီကုန်းလမ်းဆုံလိုနေရာ တွေ ကျန်နေတယ်၊ နိုင်ငံတော်ဘတ်ဂျတ်
ရတဲ့ပေါ်မူတည်ပြီး လုပ်ဆောင်သွားမယ်"ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ လှည်းတန်းခုံးကျော်တံတားသည် ယာဉ်သွားလမ်းအကျယ် ၄၄
ပေ၊ ၈ လက်မရှိပြီး တံတားအကျယ်မှာ ပေ ၅၀၊ ၈ လက်မရှိသည်။ တံတားအရှည်မှာ ၂,၅၀၇
ပေ ရှိပြီး ကုန်ကျစရိတ် ကျပ် ၁၄ ဒသမ ၄၈၇ ဘီလျံရှိကြောင်း သိရှိရသည်။
















