စင်္ကာပူနိုင်ငံ အခြေစိုက် Global Network Pte ကုမ္ပဏီမှ စီစဉ်သော အပြည်ပြည်ဆိုင်ရာ စက်မှု
အင်ဂျင်နီယာပြပွဲ ကြီးအား မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် နှင့် ဇွန်လ ၁၃ရက်နေ့မှ ၁၅
ရက်နေ့ထိ တပ်မတော်ခန်းမတွင်ကျင်းပသွားမည် ဖြစ်သည်။
အဆိုပါပြပွဲကြီးအား မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ
အင်ဂျင် နီယာ အသင်းတို့မှလည်း ပူးပေါင်းပါ၀င်ခဲ့ပြီး နိုင်ငံပေါင်း ရှစ်နိုင်ငံမှ လုပ်ငန်းရှင်ပေါင်း ၅၀
ကျော်က ပစ္စည်း အမျိုးပေါင်း ၁,၀၀၀ ကျော်ကို ပြသသွားမည်ဖြစ်သည်။ပထမဆုံးအကြိမ် ကျင်း
ပမည့် အပြည်ပြည်ဆိုင်ရာ စက်မှုအင်ဂျင် နီယာပြပွဲကြီးသို့ ဥရောပ၊ အမေရိက နှင့် အာရှနိုင်ငံများ
ဖြစ်သော တရုတ်၊ကိုရီးယား၊ မလေးရှား၊ စင်္ကာပူ၊ ယိုးဒယား၊ တိုင်ပေနှင့် ဗီယက်နမ် နိုင်ငံ များမှ
ရေနံနှင့် သဘာဝဓာတ်ငွေ့ ဆိုင်ရာ ထုတ်ကုန်များနှင့် ၀န်ဆောင်မှု များ၊ သင်္ဘောတည်ဆောက်
ရေး လုပ်ငန်းဆိုင်ရာ ထုတ်ကုန်များနှင့် ၀န်ဆောင်မှုများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ထုတ်ကုန်
များနှင့် ၀န်ဆောင်မှုများအား ခင်ကျင်းပြသသွားမည် ဖြစ်ကြောင်း ပွဲစီစဉ်သော ကုမ္ပဏီမှ ပရော
ဂျက်ဒါရိုက်တာဖြစ်သူ မစ္စချောင် ကမ်လင်းက ပြောသည်။
"မြန်မာနိုင်ငံဟာ ပြည်ပရင်းနှီးမြှုပ်နှံသူတွေအတွက် အခွင့်အရေးတွေရှိလို့ အခုလို အပြည်ပြည်ဆိုင်
ရာ စက်မှုအင်ဂျင်နီယာပြပွဲကြီး ကျင်းပဖို့ စီစဉ်ခဲ့တာပါ" ဟု ၎င်းက မြန်မာတိုင်း(မ်) ကိုပြောသည်။
အဆိုပါ ပြပွဲသည် မြန်မာနိုင်ငံ အတွက် စက်မှုဆိုင်ရာဖွံ့ဖြိုးတိုးတက် နိုင်မည့် အခွင့်အရေးများ
ရရှိနိုင်မည် ဖြစ်ပြီး နိုင်ငံတကာမှ စီးပွားရေးလုပ် ကိုင်သူများနှင့်လည်း တိုက်ရိုက်ဆက် သွယ်နိုင်
မည်ဖြစ်သည်။
ထို့ပြင် ပြပွဲ သို့ တက်ရောက်လိုသူများတွင် စီးပွား ရေး လုပ်ငန်းရှင်များအား ဦးစားပေး တက်
ရောက်စေမည်ဖြစ်ပြီး ပြပွဲမှတဆင့် နိုင်ငံတကာ ကုမ္ပဏီများနှင့် ချိတ်ဆက် နိုင်မည်ဖြစ်သည်။















