တည်နေရာ - ဇီဇဝါဥယျာဉ်အိမ်ရာ၊ တောင်ဥက္ကလာပမြို့နယ်။
ဈေးနှုန်း - ကျပ်သိန်း ၃၈ သိန်း (အငှား)။
ဖုန်း - ၀၉ ၈၆၁၃၃၈၈။
ဆက်သွယ်ရန် - ဖီးနစ် အိမ်၊ ခြံ၊ မြေ၊ ကားနှင့် အထွေထွေဝန်ဆောင်မှုလုပ်ငန်း။
ဒီတစ်ပတ်အတွက်တော့ လုံးချင်းလေးတွေနဲ့ တိတ်တိတ်ဆိတ်ဆိတ် ရှိလှတဲ့ ဇီဇဝါ ဥယျာဉ်
အိမ်ရာထဲက ခြံနဲ့ လုံးချင်းလေးကိုပဲ မိတ်ဆက်ပေးချင် ပါတယ်။
ဒီခြံကလေးက လူခြေတိတ်တဲ့ ဥယျာဉ်လုံးချင်းတွေထဲမှာရှိတဲ့အပြင် မြို့ထဲနဲ့လည်း မနီးမဝေးလေး
မှာပဲ တည် ရှိတဲ့အတွက် စာဖတ်သူတွေကို စိတ် ကြိုက်တွေ့စေမယ့် လုံးချင်းအိမ် ကလေးပါ။ဒီခြံ
က အငှားအတွက်ပဲ သီးသန်း ဖွင့်လှစ်ထားပြီး ခြံအကျယ်အဝန်းက စတုရန်းပေ ၈,၅၀၅ အကျယ်
အဝန်း ရှိတဲ့အပြင် ခြံထဲမှာ နှစ်ထပ်လုံးချင်း တိုက်ပုကလေးနှစ်လုံးကိုပါ ထည့်ပြီး ဆောက်ထား
ပေးပါတယ်။
ခြံဝင်း ကတော့ ရိုးရိုးကွန်ကရစ်ပဲ လောင်းထားပေးတဲ့အတွက် အမြင်တော့ နည်းနည်း ရိုးပါတယ်။
ခြံရဲ့ထောင့်ဘက်တစ်နေရာမှာတော့ အလှဆင် ရေတံခွန်တစ်ခုရှိပါတယ်။ အိမ်က တော့ အခုမှ
ဆောက်ပြီးကာစ တိုက်သစ်ပါ။
ခြံထဲမှာ အရွယ်အစား မတူတဲ့ နှစ်ထပ်တိုက်နှစ်လုံးပါရှိပြီး တစ်လုံးက နောက်တစ်လုံးထက် နှစ်ဆ
နီးပါး ပိုကျယ်ပါတယ်။ အိမ်နှစ်လုံးစလုံးကို အဖြူရောင်နဲ့ မီးခိုးရောင်နှစ်ရောင် စပ်ပြီး သုတ်ထားတဲ့
အိမ်က အနည်းငယ်မှောင်တဲ့ အရောင်ဘက်သွားပေမယ့် အမြင်တော့ ဆန်းစေမှာ ပါ။
နှစ်ထပ်တိုက်ကျယ်မှာတော့ ၀င်ဝင်ချင်း ဧည့်ခန်းကို တွေ့ရမှာဖြစ် ပါတယ်။ နောက်ပြီး အောက်
ထပ်မှာ ပဲ အခန်းကျယ် ဟောခန်းတစ်ခန်းရှိတာကို တွေ့ခဲ့ရပါတယ်။ နောက်ပြီးတော့ မီးဖိုချောင်
ကို တွေ့ရမှာ ဖြစ် ပါတယ်။ ထမင်းစားခန်းကို သီးသန့် မထားဘဲ မီးဖိုချောင်နဲ့ တွဲလျက် ထားထား
ပေးတဲ့အတွက် ထမင်းစား ခန်း သပ်သပ် မီးဖိုခန်းသပ်သပ်တော့ မရှိပါဘူး။
အောက်ထပ်မှာပဲ ရေချိုးခန်းအိမ်သာ သီးသန့်တစ်ခုပါတာကို သတိထားမိခဲ့ပါတယ်။ အိမ် ရဲ့
အောက်ထပ်မှာ အိပ်ခန်းတစ်ခန်းမှ မရှိဘဲ အိမ်ရဲ့အပေါ်ထပ်မှာပဲ အိပ်ခန်း စုစုပေါင်း သုံးခန်းဖွဲ့
ပေးထားပါတယ်။
အပေါ်ထပ်အိပ်ခန်းတွေမှာ ရေချိုးခန်း အိမ်သာတွဲလျက်အခန်းနှစ်ခန်းနဲ့ ရိုးရိုးအိပ်ခန်းတစ်ခန်း ရှိပါ
တယ်။ အိမ် ရဲ့ ကြမ်းခင်းတွေကို ကြွေပြားခင်းပေး ထားပြီး အိပ်ခန်းတွေကိုတော့ ပါကေး တွေ ခင်း
ပေးထားပါတယ်။
ဒီနှစ်ထပ်တိုက်ခန်းကျယ်ရဲ့ ဘေးဘက်မှာ အနည်းငယ်ထပ်ကျဉ်းတဲ့ နှစ်ထပ်တိုက်ခန်းလေးကို
တွေ့ရပါတယ်။ ဒီနှစ်ထပ်တိုက်ကလေးကတော့ အောက်ထပ်ကို ဘာပစ္စည်းမှ မထား ဘဲ အခန်း
ကျယ် သီးသန့်လုပ်ထားပါ တယ်။ အပေါ်ထပ်မှာတော့ ရိုးရိုး အိပ်ခန်းနှစ်ခန်းကို ဖွဲ့ထားပြီး သီးသန့်
ရေချိုးခန်းအိမ်သာ အပေါ်အောက် ပြုလုပ်ထားတာကို တွေ့ရပါတယ်။
ဒီအိမ်ကိုတော့ ကြွေပြားခင်းထားပြီး အပေါ်ထပ်ကို ရိုးရိုးလျှာထိုးပဲ ခင်းပေးထားပါတယ်။ အိမ်က
အရန်သင့် ပြင်ပြီးသား တိုက်သစ်ဖြစ်တဲ့အတွက် ငှားနေမယ့်လူတွေ အဆင့်သင့်တက်နေနိုင်ပြီး
တော့ ပရိဘောဂအစုံအလင်ပါတဲ့အတွက် စိတ်ပူစရာ မလိုပါဘူး။
ဒီအိမ် နှစ်ခုလုံးမှာ အခန်းတိုင်းကို လေအေးပေးစက်တွေ တပ်ဆင်ထားပေးပြီး စုစုပေါင်း ၁၁ လုံးပါ
၀င်ပါတယ်။ မီတာ ကတော့ ကိုယ်ပိုင်မီတာနဲ့ ကိုယ်ပိုင် ရေမီးပါ။
















