SCG တည်ထောင်ခြင်း နှစ်တစ်ရာပြည့်အထိမ်းအမှတ် ရွှေတိဂုံတွင် လှုဒါန်းပွဲကျင်းပခဲ့

SCG တည်ထောင်ခြင်း နှစ်တစ်ရာပြည့်အထိမ်းအမှတ် ရွှေတိဂုံတွင် လှုဒါန်းပွဲကျင်းပခဲ့

အာဆီယံဒေသတွင်းရှိ နိုင်ငံများအကြား ဦးဆောင်နေသော စီးပွားရေးလုပ်ငန်းအစုအဖွဲ့တစ်ခုဖြစ်
သောထိုင်းနိုင်ငံအခြေစိုက် SCG ကုုမ္ပဏီအနေ ဖြင့်လုပ်ငန်းတည်ထောင်ခြင်း နှစ်တစ်ရာပြည့် အ
ထိမ်းအမှတ်အနေဖြင့် အလှုငွေကျပ်သိန်း ၁၀၀ နှင့်ဘိလပ်လပ်မြေအိတ် ၅၀၀ လှုဒါန်းပွဲအခမ်းအ
နားကို ရွှေတိဂုံစေတီတော်တွင် ဇွန်လ ၆ ရက်နေ့ ၌ ကျင်းပခဲ့သည်။

အဆိုပါလှုဒါန်းပွဲအခမ်းအနားကို ကုမ္ပဏီမှထုတ်လုပ်ရောင်းချသည့် ကုန်ပစ္စည်းများကို အဓိကတင်
သွင်းရောင်းချသူများနှင့် တရားဝင် ဈေးကွက်တွင်း ဖြန့်ချိခွင့်ရရှိထားသူများမှ ဦးစီးကျင်းပ ပေးခြင်း
ဖြစ်သည်။

SCG ကုမ္ပဏီသည် ရေရှည်တည်တံ့စွာ ဦးဆောင်နိုင်သော စီးပွားရေးလုပ်ငန်းအစုအဖွဲ့တစ်ခု
အနေဖြင့် အာဆီယံဒေသတွင်း နိုင်ငံများတွင်သာမက၊ ဈေးကွက်ယှဉ်ပြိုင်မှုများ မြင့်မားနေသော
ကမ္ဘာ့စီးပွားရေးဈေးကွက်မှာပါ ရေရှည်ရပ်တည်နိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင်လည်း SCG ကုမ္ပဏီမှ ထုတ်လုပ်သော ဘိလပ်မြေနှင့်ဆောက်လုပ်ရေးလုပ်ငန်း
သုံးကုန်ပစ္စည်းများကို ၀ယ်ယူသူများစိတ်တိုင်းကျပြီး အကောင်းဆုံးအရည်အသွေးရှိသော ကုန်
ပစ္စည်းများအဖြစ် အသိအမှတ်ပြုလက်ခံထားပြီးဖြစ် ကြောင်းလည်း သိရသည်။

၁၉၁၃ ခုနှစ်မှစတင်၍ တည်ထောင်ခဲ့သော SCG ကုမ္ပဏီ အနေဖြင့် နှစ်တစ်ရာပြည့်မြောက်ခဲ့ပြီ
ဖြစ်ရာ အဆိုပါအထိမ်းအမှတ်အဖြစ် ရွှေတိဂုံုစေတီတော်သို့ လှုဒါန်းပွဲအခမ်းအနားကို ထိုင်းနိုင်ငံနှင့်
မြန်မာနိုင်ငံမှ SCG ကုမ္ပဏီ ၀န်ထမ်းများအပါအဝင် ပြည်တွင်းမှတင်သွင်းရောင်းချသူများနှင့်တရား
၀င်ဈေးကွက် ဖြန့်ချိခွင့် ရရှိထားသူများမှ စုပေါင်းလှုဒါန်းခြင်းလည်း ဖြစ်သည်။

ထို့ ပြင် SCG ဆင်တံဆိပ်ဘိလပ်မြေ၊ CPAC နှင့် COTTO အမှတ်တံဆိပ် ဆောက်လုပ်ရေး လုပ်
ငန်းသုံး ပစ္စည်းများကို မြန်မာပြည် ပြည်တွင်း ဈေးကွက်တွင် ရောင်းချလျက်ရှိပြီး ပြည်သူလူထု၏
လူနေမှုဘဝတိုးတက်မြင့်မားရေးအတွက် အရည်အသွေးမြင့် ဘိလပ်မြေများ၊ဆောက်လုပ်ရေးလုပ်
ငန်းသုံးပစ္စည်းများနှင့် အထူးဝန်ဆောင်မှုလုပ်ငန်းများကိုလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရှိ
ရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်