အသစ်ဖွင့်လှစ်ရန် တည်ဆောက်ထား သည့် ချမ်းမြေ့မင်္ဂလာ ငါးဈေးကြီးမှာ ရာနှုန်းပြည့်နီးပါး
ပြီးစီးနေသော်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဖွင့်လှစ်ခွင့်အမိန့်မရရှိ
သေးခြင်းကြောင့် မဖွင့်လှစ်နိုင်သေးကြောင်း ဈေးတည်ဆောက်သည့် တောက်ထွန်းကုမ္ပဏီမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။ချမ်းမြေ့မင်္ဂလာ ငါးဈေးကြီးသည် ရန်ကုန်မြို့၏ ဒုတိယမြောက်
ငါးဈေးကြီးဖြစ်ပြီး အကြီးဆုံးဈေးလည်း ဖြစ်သည်။
လှိုင်မြို့နယ်၊ ဘုရင့်နောင် လမ်းမကြီးပေါ်ရှိ သီရိမင်္ဂလာဈေးသစ်၏ဘေးတွင် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊
နှစ်လယ်ပိုင်းတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ကျပ်သိန်းပေါင်း ငါးသောင်းကျော်ခန့်
ကုန်ကျခဲ့ကြောင်း ၎င်းက ပြောသည်။
ဈေးရုံရှစ်ရုံပါ၀င်ကာ စုစုပေါင်းဆိုင် ခန်း ၄၃၂ခန်း ပါ၀င်ပြီး ဈေးရုံတစ်ရုံ လျှင် ဆိုင်ခန်းပေါင်း ၆၀
ပါ၀င်ပြီး တစ်ခန်းလျှင် ပေ ၁၉၀ ကျယ်ဝန်းသည်။ "ဒီငါးဈေးကြီးကို တောက်ထွန်း ကုမ္ပဏီနဲ့
ရန်ကုန်မြို့တော်စည်ပင် သာယာတို့ အကျိုးတူပူးပေါင်းပြီး ဆောက်ခဲ့တာပါ။
အခုဆိုရင် တော်တော်ပြီး နေပါပြီ။ ဈေးရုံတွေအပြင် လမ်းခင်းတာတွေကအစ အကုန် လုံးက ၁၀၀
ရာခိုင်နှုန်းနီးပါး ပြီးနေပါ ပြီ။ ရေခဲစက်ပြီးစီးဖို့ပဲ ၃၀ ရာခိုင်နှုန်း လောက် ကျန်ပါတော့တယ်။ အားလုံး
နီးပါး ပြီးနေပြီဆိုတော့ ကျွန်တော်တို့ ကုမ္ပဏီဘက်ကလည်း ဖွင့်ချင်နေပါပြီ။ ဆိုင်ခန်းတွေကိုလည်း
စရောင်းနေပြီး ၀ယ်ပြီးတဲ့သူတွေကလည်း ဈေး ကို ဖွင့်စေချင်ကြတယ်။ ဒါပေမယ့် စည်ပင်သာယာ
ဘက်က ဖွင့်ဖို့အတွက် ခွင့်မပြုမိန့် မပေးသေးဘူး။ ဘာကြောင့် လဲတော့ မသိဘူး။ ကျွန်တော်တို့က
လည်း အကျိုးတူ ပေါင်းလုပ်ရတာ ဆိုတော့ သူတို့ဘက်က ခွင့်ပြုမှ ဖွင့်လို့ ရမှာပါ" ဟု ၎င်းက
မြန်မာတိုင်း(မ်)ကို ပြောသည်။
တောက်ထွန်း ကုမ္ပဏီအနေဖြင့် လက်ရှိတွင် ဆိုင်ခန်း ၄၅ ခန်းခန့် ကြိုတင်ထားပြီးဖြစ်ကြောင်း
၎င်းက ပြောသည်။
ရန်ကုန်မြို့တွင် စံပြငါးဈေးကြီးတစ်ခုသာ ရှိသောကြောင့် ဈေးရောင်းချရာတွင် နေရာအခက်အခဲများ
ရှိသည့်အတွက် ယခုငါးဈေးသစ်ကြီးကို အမြန်ဆုံးဖွင့်လှစ်လိုခြင်းဖြစ်ကြောင်း ကုမ္ပဏီမှတာဝန်ရှိသူ
က ပြောသည်။
"ရန်ကုန်လိုမြို့ကြီးမှာ ငါးဈေး တစ်ခုတည်းရှိတယ်ဆိုတာ အဆင် မပြေပါဘူး။ ဒီငါးဈေးအသစ်သာ
ဖွင့် လိုက်မယ်ဆိုရင် ရောင်းချမှုပိုင်းတွေမှာ တော်တော်အဆင်ပြေသွားမှာပါ။ စံပြငါးဈေးက ဆိုင်
ခန်း ၂၀၀ ပဲရှိပြီး ဈေးသည်က ၅၀၀ လောက် ရှိနေတယ်။ ဒါကြောင့် ဒီငါးဈေးကို အမြန်ဖွင့်မယ်ဆို
ရင် ရောင်းတဲ့သူရော ၀ယ်ယူစားသုံးမယ့်သူတွေပါ အကုန်အဆင်ပြေသွားမှာပါ" ဟု ၎င်းကပြော
သည်။
အဆိုပါ ငါးဈေးအသစ်တွင် ငါးဈေး တစ်ခုအတွက် မရှိမဖြစ်လိုအပ်သည့် ငါးတံတားနှင့် ရေခဲစက်ပါ
တည်ဆောက် ထားခြင်းဖြစ်ပြီး အရေးပါသည့် သန့်ရှင်းရေးနှင့် ဈေးစီမံခန့်ခွဲမှု အပိုင်းကို ရန်ကုန်မြို့
တော် စည်ပင် သာယာကော်မတီက တာဝန်ယူပေးသွား မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
အဆိုပါ ဈေးကြီးဖွင့်လှစ်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စီစဉ်ဆောင်
ရွက်နေဆဲဖြစ်ပြီး လိုအပ်ချက်များ ရှိ နေသေးသည့် အဆောက်အအုံများအား ဆက်လက်ဆောင်
ရွက်နေခြင်းကြောင့် လတ်တလော မဖွင့်လှစ်နိုင်ခြင်းဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ
ရေးကော်မတီ၊ ဈေးများဌာနမှ တာဝန် ရှိသူက မြန်မာတိုင်း(မ်)ကို ပြောသည်။
ထို့ပြင် ဈေးဆိုင်ခန်းများအား စည်ပင်သာယာနှင့် တောက်ထွန်း ကုမ္ပဏီတို့က အချိုးကျ ပိုင်ဆိုင်
သည့် အတွက် ကုမ္ပဏီဘက်မှ ဆိုင်ခန်းများ အား ကြိုတင်ရောင်းချခွင့်ရှိပြီး ဆိုင်ခန်းအားလုံး
ရောင်းချပြီးစီးမှသာလျှင် ရန်ကုန်မြို့တော် စည်ပင်သာယာ ကော်မတီက ဖွင့်လှစ်မှုအား ဆောင်
ရွက် သွားမည်ဖြစ်ကြောင်း၎င်းကပြောသည်။
ဈေးသစ်ကို ှအနနူ ှအမကခအကမန ဖြင့် ဆောက်လုပ်ထားပြီး နိုင်ငံတကာအဆင့်မီအောင်
ဆောက်လုပ်ထားကာ ဖွင့်လှစ်နိုင်ခဲ့ပါက ရေချိုနှင့် ရေငန်ငါး ရောင်းချနိုင်မှု ဈေးကွက် ပိုမိုဖွံ့ဖြိုး
လာနိုင်ကြောင်းလည်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ တာဝန်
ရှိသူက ပြောသည်။
















