အင်ပါယာစတိတ် အဆောက်အအုံ ကြီးကြပ်ရေးအဖွဲ့ Empire State Building
Realty Trust Inc သည် ကုမ္ပဏီ ပိုင်ရှယ်ယာများ အများပြည်သူအား ချရောင်းနိုင်ရန်အတွက်
ရင်းနှီးမြှုပ်နှံသူများထံမှ လိုအပ်သည့်မဲများရရှိခဲ့ပြီးဖြစ်သည်။ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုအသင်းတစ်
ခုအဖြစ် အဆိုပါအဆောက်အအုံကို အခြား အဆောက်အအုံ၂၀နှင့် ပေါင်းစည်းရန်မေလ ၂၇ရက်
နေ့အထိ အချိန်အတွင်းတွင် အင်ပါယာစတိတ်အဆောက်အအုံအသင်းရှယ်ယာရှင် ၈၀ ရာခိုင်နှုန်း
ကျော်က ထောက်ခံခဲ့ ကြသည်။
ရင်းနှီးမြှုပ်နှံသူများ၏ သဘောထားကိုကောက်ခံသည့် ဆန္ဒမဲပေးခြင်းကို ဆက်လက်ပြုလုပ်နေ
ဆဲဖြစ်သည်ဟု Malkin Holdings ၏ ပြောခွင့်ရပုဂ္ဂိုလ် Hugh Burns က ပြောကြားခဲ့သည်။
"ဒီလိုထောက်ခံမှုမျိုးတွေ ရစေခဲ့တဲ့ အဆိုပြုချက်တစ်စောင်ကို ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံသူတွေ
ဆီ ပို့ပေးဖြစ်တာ ကျွန်တော် တို့ ၀မ်းသာပါတယ်။အချိန်တန်ရင် တော့ သဘောတူညီချက် တောင်း
ဆိုတာကိုရပ်ဆိုင်းမှာပါ။ကုမ္ပဏီပေါင်းစည်းခြင်းနဲ့ ကုမ္ပဏီပိုင် ရှယ်ယာများ အများပြည်သူအား
ထုတ်ရောင်းခြင်းကို ချက်ချင်းဆောင ်ရွက်ဖို့ အဆိုပြုထားတာကို မထောက်ခံသေးတဲ့ ရင်းနှီးမြှုပ်
နှံသူအားလုံးကို ကျွန်တော်တို့ တိုက်တွန်းထားပါတယ်" ဟု Mr Burns က ပြောသည်။
အဆိုပါ သဘောတူညီချက်များ ရရှိခဲ့ခြင်းသည် ကုမ္ပဏီရှယ်ယာများ အများပြည်သူအား ရောင်း
ထုတ်မည့်စီမံချက်သည် ၎င်းတို့အား လျှော့တွက်ရာရောက်သည်ဟု စောဒကတက်နေသည့်
ရင်းနှီးမြှုပ်နှံသူအချို့နှင့် တစ်နှစ်ကျော်ကြာ အချေအတင်ဖြစ်နေသည့် Malkin Holding သဘာ
ပတိ Peter Malkin (၇၉)နှစ် နှင့် ၎င်း သားဖြစ်သူ အသက် ၅၀ ရှိပြီဖြစ်သည့် Molkin Holdings
ဥက္ကဌ Anthony Malkin တို့ အောင်မြင်မှုရရှိသည့် လက္ခဏာတစ်ရပ်ဖြစ်သည်။
အင်ပါယာစတိတ်အဆောက်အအုံအဖွဲ့၏ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ကျော်ကတည်းက ချမှတ်ခဲ့
သည့် သဘောတူညီချက်အရ ရှယ်ယာ ရောင်းချမှု သို့မဟုတ် ငွေကြေး မတည်မှု မပြုလုပ်မှီ ရှယ်
ယာရှင်၂၈၀၀ကျော်ထံမှ အားလုံး၏ သဘောတူညီချက် အပြည့်အဝရရန်လိုအပ်သည်။
အင်ပါယာစတိတ်အဆောက်အအုံ၏ ရှယ်ယာအများစုဖြစ်သည့် ခန့်မှန်းချေ အမေရိကန်ဒေါ်လာ
၂ဒသမ၅ ဘီလျံဖိုးကို Leona Helmsley က ရှယ်ယာ အများဆုံးပိုင်ဆိုင်သည့် တဆင့်ခံရှယ်ယာ
ရှင်ထံ လွဲပြောင်းပေးထားပြီဖြစ်ကြောင်းနှင့် အခြားသူများက ကန့်ကွက်နေသည့်ကြားမှာပင်
အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုအသင်းအပြောင်းအလဲကို ရှယ်ယာရောင်းချခြင်းတစ်ရပ်အဖြစ် စည်းမျဉ်း
များအရ ယူဆသည့် ကိစ္စကြီးတစ်ခုကို Molkin က အရဲစွန့် ဆောင်ရွက်နေသည်ဟု သဘော
ထားကွဲလွဲနေသည့် ရှယ်ယာရှင်များက ပြောကြသည်။
အဆိုပါ စီမံချက်ကို ထောက်ခံသူ ရင်းနှီးမြှုပ်နှံသူများက ယင်းစီမံချက်သည် လိုအပ်ပါက ၎င်းတို့၏
ရှယ်ယာများကို ရောင်းချ ခွင့်ရစေခြင်းဖြင့် ၎င်းတို့၏ ပိုင် ဆိုင်မှုများကို ငွေသားအဖြစ် အလွယ်တ
ကူပြောင်းလဲနိုင်သည်ဟု ပြောကြသည်။
မန်ဟက်တန်ရှိ အဆိုပါ မိုးမျှော်တိုက်သည် အလွန်ရှေးဆန်သည့်စည်းမျဉ်းများကြောင့် လိုအပ်
သည့် ဆောင်ရွက်ချက်များ မပြုလုပ်နိုင်အောင် ဖြစ်နေရပြီး အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုအသင်း၏
တစိတ်တပိုင်းအဖြစ် ပါ၀င်လိုက်ပါက စီးပွားရေး ရှေ့အလား အလာ ပိုကောင်းလာစေရန် ကြွေး
မြီများလျှော့ကျသွားပြီး ရှယ်ယာတန်ဖိုးများလည်း မြင့်တက်လာစေနိုင်ဖွယ်ရှိသည်ဟု Molkin
က ပြောကြားခဲ့သည်။
အခြားရုံးခန်းအဆောက်အအုံများ၏ ရှယ်ယာရှင်များကလည်း အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုအသင်း၏
တစိတ်တပိုင်းအဖြစ်ပါ၀င်ရန် ရွေးချယ်ခဲ့ကြသည်ဟု ြေူုငည က စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သို့
ပေးပို့သည့် စာတွင် ဖော်ပြထားသည်။ သီးခြားစီဖြစ်သည့် ရင်းနှီးမြှုပ်နှံသူများအုပ်စု ရခုမှ ၆ခုသည်
လိုအပ်သည့်ထောက်ခံမှု ၉၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးခဲ့ကြသည်။
စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ စာအရ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု အသင်းသည် ဆန္ဒမဲပေးခြင်း
အပြီးမသတ်ရသေး သော်လည်း ၎င်း၏ လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်နိုင်သည်။
ဆန္ဒမဲကောက်ခံခြင်း ပြီးစီပြီဟု Malkins က ကြေငြာလိုက်သည်နှင့် အင်ပါယာစတတ်အဆောက်
အအုံရှိ ထောက်ခံမဲ မပေးသေးဘဲ တင်းခံနေသည့် ရင်းနှီးမြှုပ် နှံသူများသည် တရားဝင် အကြောင်း
ကြားစာရရှိပြီး ၁၀ရက်အတွင်း ထောက်ခံမဲ ပေးရမည် ဖြစ်ပြီး ထောက်ခံမဲ မပေးပါက တစ်ခုလျှင်
ခန့်မှန်းချေ ဒေါ်လာ ၃၀၀,၀၀၀ ကျော် တန်ဖိုးရှိသည့် ရှယ်ယာတစ်ခုစီအတွက် စတိအဖြစ် ဒေါ်လာ
၁၀၀ ပေးပို့မည်ဖြစ်သည်။
"မဲဆန္ဒကောက်ယူတာကို နောက်နေ့မှာ သူတို့ ရပ်ပစ်လိုက်နိုင်ပါတယ်။ ထောက်ခံသူမဲအရေ
အတွက် လိုအပ်တဲ့နှုန်းထက် ကျော်သွားပြီဆိုရင် ကန့်ကွက်သူတွေ လည်း ဒီစီမံချက်ကို လိုက်
နာရမှာပါ" ဟု ရှီကာဂို ဥပဒေ အကြံပေးကုမ္ပဏီ Thompson Coburn မှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့်
David Kaufman က ပြောသည်။
Grand Central Terminal ပိုင်ရှင် Andrew Penson ပါ၀င်သည့် အင်ပါယာစတိတ်အဆောက်
အအုံရင်းနှီးမြုပ်နှံသူများအသင်းမှ ကန့်ကွက်သူတစ်စု သည် Malkin ၏ ဒေါ်လာ၁၀၀ သတ်မှတ်
ချက်သည် ကုမ္ပဏီဆိုင်ရာဥပဒေ (အယ်လ်အယ်လ်စီ)အရ တရားမဝင်ကြောင်းကြေငြာရန် ဥပဒေ
ကြောင်းအရ ကြိုးပမ်းခဲ့ရာ ပြီးခဲ့သည့်လတွင် နယူးယောက်ပြည်နယ်တရား ရုံးချုပ်က ပယ်ချ
ခဲ့သည်။
အဆိုပါ သတ်မှတ်ချက်သည် ထောက်ခံမဲပေးရန် မတရားအကြပ်ကိုင်သည်ဟု ၎င်းတို့က စောဒက
တက်ခဲ့ကြသည်။ တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ကို အဆိုပါအုပ်စုက အယူခံဝင်ခဲ့ပြီး ဆိုင်းငံ့ထားပေး
ရန် အဆိုပြုချက်တစ်ရပ်ကိုလည်း တင်သွင်းခဲ့သော်လည်း တရားရုံးက ပယ်ချခဲ့သည်။
"ဆန္ဒမဲကောက်ခံခြင်းဟာ နယူးယောက်ပြည် အယ်လ်အယ်လ်စီဥပဒေအရ တရားဝင်ကိစ္စဖြစ်
မဖြစ်ကို အင်ပါယာစတိတ်အဆောက်အအုံရင်းနှီးမြှုပ်နှံသူများအားလုံး စောင့်ကြည့်ရမယ်လို့
အယူခံတရားရုံးက ဆုံးဖြတ်ပေးထားပါတယ်" ဟု ကန့်ကွက်သူရင်းနှီးမြှုပ်နှံသူများအဖွဲ့မှ ခေါင်း
ဆောင်ဖြစ်သူ Richard Edelman က ပြောကြားခဲ့သည်။
(ဘလူးမ်ဘာ့ဂ်)
















