မြေကာနံရံများဆောက်သည့်စနစ် လိုအပ်

မြေကာနံရံများဆောက်သည့်စနစ် လိုအပ်

အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ရာတွင် သင့်လျော်သည့်
မြေကာနံရံများကို ထောက်ကန်သည့် (ှအမကအအငညါ) နည်းပညာကို အသုံးပြုရန် အရေကြီး
ကြောင်း ဆောက်လုပ်ရေးကဏ္ဍမှ ပညာရှင်များက ပြောသည်။ "ကုမ္ပဏီက လက်ရှိဆောက်လုပ်
နေတဲ့ ရုံးခန်းတွေပါ၀င်တဲ့ အဆောက်အအုံစီမံကိန်းမှာ နည်းပညာ လိုအပ်ချက်အရ ဒီနည်းစနစ်ကို
ထည့်သွင်းအသုံးပြုတာ ဖြစ်ပါတယ်။

ကျွန်တော်တို့စီမံကိန်းနဲ့ ကပ်နေတဲ့ ပြည်လမ်းမကြီး ဘက်ခြမ်းမှာ မြေပြိုဆင်းခဲ့ရင် ရန်ကုန်မြို့ရဲ့
အဓိကလမ်းမကြီးတစ်ခု ထိခိုက်ပျက်စီးတာတွေမဖြစ်အောင် ဆောက်လုပ်ရေးကျင့်ဝတ်နဲ့အညီ
လုပ်ကိုင်ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်"ဟု MPRL (E&P) Group of Companies မှ အမှုဆောင်
အရာရှိချုပ် ဦးမိုးမြင့်က ရှင်းလင်းပြောကြားခဲ့သည်။

အထပ်မြင့်စီမံကိန်းများ ကြီးကြပ် စစ်ဆေးရေး ကော်မတီဥက္ကဌ ဦးသန်းမြင့်ကလည်း မြန်မာနိုင်ငံ
တွင် နောက်ထပ် ဆောက်လုပ်မည့် မြေအောက်တည်ဆောက်မှုပါ၀င်သော အထပ်မြင့်အဆောက်
အအုံ အားလုံးတွင် အဆိုပါနည်းစနစ်ကို မဖြစ်မနေထည့်သွင်း အသုံးပြုရန်လိုအပ်ကြောင်း
ပြောသည်။

ထိုနည်းစနစ်ကို မှန်မှန်ကန်ကန်မကျင့်သုံးခဲ့သဖြင့်စင်ကာပူကဲ့သို့နိုင်ငံမျိုးမှာပင် မြေပြိုကျခြင်း၊
အဆောက်အအုံများ ပြိုကျခြင်းများ ဖြစ်ခဲ့ကြောင်း ၎င်းက ပြောသည်။ အဆောက်အအုံအရည်
အသွေးဆိုင်ရာ အကြံပေး ပညာရှင်ဒေါက်တာစိုးသိန်းက "ရန်ကုန်မြို့လယ် ကားပိတ်တဲ့နေရာမှာ
တည်ဆောက်မယ့် မြေအောက်တည်ဆောက်မှုပါတဲ့ စီမံကိန်းတွေမှာ ဒီနည်းစနစ်ကို သုံရမှာပါ။

ဒီနည်းပညာကိုသုံးရင် ဘေးပတ်ဝန်းကျင်မှာရှိတဲ့ အဆောက်အအုံနဲ့ လမ်းတွေ ပျက်စီးဆုံးရှုံးတာ၊
အက်ကြောင်းတွေပေါ်တာတွေ မဖြစ်နိုင်ပါဘူး"ဟု ပြောသည်။ စင်ကာပူနိုင်ငံတွင်နှစ်ပေါင်း ၂၀ ခန့်
တာဝန်ထမ်း ဆောင်ခဲ့သည့် ဒေါက်တာစိုးသိန်းက စင်ကာပူနိုင်ငံတွင်တည်ဆောက်သည့် စီမံကိန်း
အများစုမှာအဆိုပါ နည်းပညာကို အသုံးပြုဆောက်လုပ်ထားကြောင်း ပြောသည်။

"စင်ကာပူနိုင်ငံမှာ စီမံကိန်းတွေတည်ဆောက်ဖို့ မြေနေရာ ရှားပါးတဲ့အတွက် စင်ကာပူရဲ့ဘယ်နေ
ရာမှာပဲဖြစ်ဖြစ် ဆောက်မယ်ဆိုရင် ဘေးမှာ အဆောက်အအုံတွေက ရှိပြီးသား ဖြစ်နေတယ်။
ဒီတော့ဆောက်လုပ်တဲ့ အထပ်မြင့် အဆောက်အအုံတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်မှာ ဒီနည်းစနစ်
ကိုသုံးပြီး ဆောက်လုပ်ရတာပါ။ ကျွန်တော့် အနေနဲ့ စင်ကာပူနိုင်ငံမှာ ရရှိခဲ့တဲ့အတွေ့အကြံုတွေကို
ပြန်လည်ဝေမျှလိုတဲ့အပြင်ဒီစနစ်ကို ဒီနိုင်ငံက ဆောက်လုပ်ရေး စီမံကိန်းတွေမှာ ပြန်လည်အသုံးချ
လိုပါတယ်"ဟု ၎င်းက ပြောသည်။

စီမံကိန်းတွင် ၁၇ ထပ်အမြင့်ရှိရုံးခန်းအဆောက်အအုံတာဝါအေနျင့် ခြောက်ထပ်အမြင့်ရှိ ကားအစီး
ရေပေါင်း ၁၆၀ ခန့်ရပ်နားနိုင်သည့် ကားပါကင်အဆောက်အအုံ တာဝါဘီတို့ပါရှိပြီး တာဝါနှစ်ခုလုံး
တွင် Strutting နည်းစနစ်ကို အသုံးပြုဆောက်လုပ်ထားပြီး မြေအောက်အမြင့် ၃၈ ပေစီ ပါရှိမည်
ဖြစ်သည်။

"ဒီစီမံကိန်း အနီးဝန်းကျင်မှာ အထပ်မြင့်အဆောက်အအုံတွေ မရှိဘူး။ စီမံကိန်းအရှေ့ဘက်မှာ
ပြည်လမ်း၊ ယြ်ဘက်မှာ ရိုးမရိပ်သာလမ်း၊ ညာဘက်မှာ ကိုယ်ပိုင်လမ်းသွယ်တစ်ခုရှိပြီး ရတနာပုံ
တယ်လီပို့ ရှိပါတယ်။ ဒါပေမယ့် ဒီအဆောက်အအုံတွေက အထပ်နိမ့် အဆောက်အအုံတွေပါ"
ဟု ဒေါက်တာစိုးသိန်းက ပြောသည်။

ပြည်လမ်းပေါ်ရှိ အဆိုပါစီမံကိန်းကို ၂၀၁၂ ခုနှစ်၊ ဗဖဖေါ်ဝါရီလတွင် စတင်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဒီဇင်
ဘာလတွင် ပြီးစီးရန် ရည်မှန်းထားပြီး ကုန်ကျစရိတ်မှာ ကန်ဒေါ်လာ သန်း ၄၀ ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်