သွားလာရေး အဆင်ပြေတဲ့နေရာမှာရှိတဲ့ လသာမြို့နယ်က ကွန်ဒိုတိုက်ခန်း

သွားလာရေး အဆင်ပြေတဲ့နေရာမှာရှိတဲ့ လသာမြို့နယ်က ကွန်ဒိုတိုက်ခန်း

ဒီတစ်ပတ်ရဲ့ စိတ်ကြိုက်အိမ်ကတော့ မြို့ထဲ ကလူစည်ကားတဲ့နေရာမှာရှိတဲ့ ကွန်ဒိုတိုက်ခန်းလေးနဲ့
မိတ်ဆက်ပေးချင်ပါတယ်။

ဒီအခန်းလေးက လသာမြို့နယ် တရုတ်တန်းမှာရှိတဲ့ အတွက် ညဘက်အထိလူစည်ကားတဲ့နေရာ
တစ်ခုပါ။ သွားရေးလာရေး လည်း အဆင်ပြေတယ်ဆိုတော့ စာဖတ်သူတွေ သဘောကျစေမှာပါ။
ဒီကွန်ဒိုတိုက်ခန်းက ၁၂ လွှာ ရှိပြီးတော့ အခုပြောမယ့် အိမ်ကလေး ကတော့ ၁၀ လွှာမှာ တည်ရှိ
ပါတယ်။

ဒီအိမ်ကလေးရဲ့ အကျယ်အဝန်း ကတော့ စတုရန်းပေ ၂,၄၄၈ ကျယ်ဝန်း တဲ့အတွက် မိသားစုတွေ
အတွက် ကျယ်ကျယ်ဝန်းဝန်းနဲ့ နေနိုင်တဲ့ အိမ်ကလေးလို့ ထင်ပါတယ်။ဒီတိုက်ခန်းရဲ့ ၀င်ဝင်ချင်းမှာ
တော့ ဧည့်ခန်းကိုတွေ့ ရမှာဖြစ်ပြီး ဧည့်ခန်းကို ကျယ်ကျယ်လေးဖွဲ့စည်းပေးထားတယ် ဆိုတော့ ပရိ
ဘောဂတွေ ကိုယ့် စိတ်ကြိုက်ထည့်ပြီး အလှဆင်နိုင်မယ်လို့ ထင်ပါတယ်။ ဧည့်ခန်းရဲ့ နောက်ဘက်
ကိုဆက်သွားရင် အိပ်ခန်း နှစ်ခန်း ကို တွေ့ရမှာဖြစ်ပြီး နောက်ဆုံးခန်းကတော့ မီးဖိုခန်းကို တွေ့ရမှာ
ဖြစ်ပါတယ်။

အိပ်ခန်းနှစ်ခန်းမှာတော့ တစ်ခန်းကတော့ ရိုးရိုးအိပ်ခန်းဖြစ်ပြီး နောက်တစ်ခန်းကတော့ ရေချိုးခန်း
နဲ့ အိမ်သာတွဲလျက်ပါတဲ့ အခန်း တစ်ခန်းပါ။ အိပ်ခန်းတွေက များများ တော့ မပါပေမယ့် အိမ်က
မပြင်ရသေး တဲ့ အကြမ်းထည်ပဲ ရှိသေးတယ် ဆိုတော့ ကိုယ့်စိတ်ကြိုက်ပုံစံလေးတွေ တော့ ဆက်
ထည့်လို့ ရပါသေးတယ်။

အိမ်အတွင်းပိုင်းတွေကိုတော့ မပြင် ရသေးဘဲ အကြမ်းထည်အနေနဲ့ပဲ ရှိနေတဲ့အတွက် ၀ယ်မယ့်သူ
တွေရော ငှားမယ့်သူတွေရော ချက်ချင်းတက်နေ နိုင်မယ့် အိမ်အနေအထား မဟုတ်ပါဘူး။ ဒါပေမယ့်
၀ယ်မယ့်သူတွေ အတွက်တော့ ကိုယ့်စိတ်ကြိုက်ပုံစံ လေးတွေ ပြင်ဆင်နိုင်တယ်လို့ ထင်ပါ တယ်။
အိမ်က တိုက် ၁၀ လွှာ မှာရှိတဲ့ အတွက် လေကောင်းလေသန့်တော့ ရစေမှာပါ။ ၀ရံတာကို တစ်
၀က်ပုံစံ ဆောက်ထားတဲ့အတွက် ၀ရန်တာ မှာ အလှပန်းအိုးတွေ စိုက်တတ်တဲ့ သူတွေအတွက်တော့
သိပ်နေရာ များများစားစား မရှိတာကို တွေ့ ခဲ့ရပါ တယ်။

ဒီအိမ်ကလေးကို အရောင်းရော အငှားပါ ဖွင့်လှစ်ပေးထားပါတယ်။ မြို့ထဲပိုင်း တရုတ်တန်းလိုနေရာ
မျိုးမှာ ရှိတဲ့အတွက် ကားလမ်းအဆင်ပြေ မယ့်အပြင် ကျောင်းတက်ရုံးဆင်း ဈေးဝယ်လို့လည်း အ
ဆင်ပြေမယ့် နေရာတစ်ခုလို့ ထင်ပါတယ်။

ဒါပေမယ့် မြို့တွင်းမှာဖြစ်တဲ့အတွက် အရမ်းတော့ တိတ်ဆိတ်နေမယ်လို့ မထင်ပါဘူး။ဒီကွန်ဒိုတိုက်
ခန်းလေးမှာ ရေမီး အပြည့်အစုံပါ၀င်မယ့် အပြင် ကိုယ်ပိုင် မီတာလည်း ပါ၀င်ပါတယ်။

ဒီအိမ် ကလေးကို သဘောကျလို့ ၀ယ်ယူချင် တာပဲဖြစ်ဖြစ် ငှာရမ်းချင်တာပဲဖြစ်ဖြစ် ဖီးနစ် အိမ်၊ ခြံ၊
မြေ၊ ကားနှင့် အထွေထွေဝန်ဆောင်မှုလုပ်ငန်းကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်