လူနေအိမ်ဆိုင်ရာ စည်းမျဉ်းဥပဒေ (The Residential Properties (First-hand Sales)
Ordinance) ကို ဧပြီလအကုန်ပိုင်းတွင် စတင် အသုံးပြုခဲ့ပြီး အဆိုပါ စည်းမျဉ်းသစ် အရ ဆောက်
လုပ်ရေးကုမ္ပဏီများ သည် လူနေအိမ်ရောင်းအားနှင့် ပတ်သက်သည့် အိမ်အရောင်းဆိုင်ရာ သတင်း
အချက်အလက်များကို ပုံမှန်စာရင်း ပြုစုတင်ပြရမည်ဖြစ် သည်။
စည်းမျဉ်းသစ်၏ အဓိကရည်ရွယ် ချက်မှာ လူနေအိမ်ဆိုင်ရာ သတင်း အချက်အလက်များနှင့်
ပတ်သက်ပြီး ပိုမိုပွင့်လင်းမြင်သာရှိအောင်နှင့် ပိုမိုတရားမျှတမှုရှိစေရန် ဆောင်ရွက်ပေးခြင်းဖြင့်
လူနေအိမ် ၀ယ်လက်များ၏ အကျိုးစီးပွားကို ကာကွယ်ပေးရန် ဖြစ်သည်။ အိမ်အရောင်းစာရင်း
များကို အသစ်ပြန်လည်ပြုစုခြင်းမျိုးမလုပ်ရ အောင် ဆောက်လုပ်ရေးကုမ္ပဏီအများစုသည်
အဆိုပါစည်းမျဉ်း အာဏာသက်ရောက်မည့် ဧပြီလကုန် မတိုင်မှီ ၎င်းတို့လက်ဝယ်ရှိအိမ်များ
ကို အကုန်ထုတ်ရောင်းရန် ကြိုးပမ်းသည့် အနေဖြင့် ဆောက်လုပ်ရေးကုမ္ပဏီ အများစုက အိမ်သစ်များကို လျှော့ဈေး ဖြင့် ရောင်းချခဲ့ကြသည်။
ဆောက်လုပ်ရေးကုမ္ပဏီများသည် တင်းကျပ်သည့် အိမ်အရောင်းဆိုင်ရာ စည်းမျဉ်းကို လိုက်နာရန်
အိမ်အရောင်း စာရင်းသစ်ကို ပြင်ဆင်နေသည့်အတွက် မေလတွင် လူနေအိမ် ဆောက်လုပ်ရေး စီမံ
ကိန်း ၃ ခုသာရှိပြီး အဆိုပါ စီမံကိန်း ၃ခုမှ ရောင်းချပေးနိုင်သည့် အိမ်အရေအတွက်သည် ၂၀၀
အောက်သာရှိရာ မေလ၏ လူနေအိမ်အသစ်ရောင်းအားသည် စံချိန်တင် ကျဆင်းသွားနိုင်သည်ဟု
မျှော်လင့်ရသည်။
ဆောက်လုပ်ရေးကုမ္ပဏီများက အိမ်ဈေးများကို လျှော့ဈေးဖြင့် ရောင်းချပေးခြင်းနှင့် လူနေအိမ်
အသစ်ဈေးကွက်တွင် အိမ်အသစ် များ ထပ်မရနိုင်ခြင်းတို့ကြောင့် အသေး စားနှင့် အလတ်စား
အရွယ်ရှိ လူနေ အိမ်များ အရောင်းအဝယ် ပိုကောင်း လာသည့်အတွက် အဆိုပါ အချိန်အတော
အတွင်းတွင် တဆင့် ပြန်ရောင်းသည့် အိမ်ဈေးကွက်မှ အိမ်ဝယ်လိုအားများ အနည်းငယ် ပြန်လည်
မြင့်တက်လာသည်ဟု Knight Frank ၏ အစီရင်ခံစာတွင် ဖော်ပြထား သည်။
(ပရောပါးတီးဝိုင်ယာ)















