ဒူဘိုင်းအိမ်ရာစီမံကိန်းများအား ရင်းနှီးမြှုပ်နှံသူများ စိတ်မဝင်စား

ဒူဘိုင်းအိမ်ရာစီမံကိန်းများအား ရင်းနှီးမြှုပ်နှံသူများ စိတ်မဝင်စား

ဒူဘိုင်းမြို့ကြီးမှာ စီမံကိန်းကြီးများဖြင့် တဖန်ပြန်လည်အသက်ဝင်လာခဲ့သော်လည်း အိမ်ရာ
ရင်းနှီးမြှုပ်နှံသူ ကြီးများ မရှိသည်ကိုတွေ့ရသည်။ဒူဘိုင်းမြို့အတွင်း မြင့်တက်လာ သော အိမ်
ဈေးနှုန်းများ၊ ရှော့ပင်းစင်တာများနှင့် ခရီးသွားလုပ်ငန်းဈေးကွက်များ ပြန်လည်ကောင်းမွန် လာ
ခြင်းတို့သည် အိမ်ရာဆောက်လုပ် သူများအား ၂၀၀၈ခုနှစ်အတွင်း အာရပ်စော်ဘွားများနိုင်ငံ၏
အိမ်ရာဈေးကွက် ပြိုလဲခဲ့ချိန်မှစပြီး မတွေ့ရတော့သည့် တန်ဖိုးကြီးမားသည့် စီမံကိန်းကြီး များကို
ထုတ်ဖော်ကြေညာကြရန် နှိုးဆွ ပေးနေသည်။

အစိုးရ၏ ကြွယ်ဝ ချမ်းသာမှု၊ အငြိမ်းစားနှင့်အာမခံရန်ပုံ ငွေများမှာ အိမ်ခြံမြေနှင့် ပတ်သက် သော
ကဏ္ဍတစ်ခုခုအတွင်း သုံးဖြုန်းထားသည်တိုင်အောင် ယခုအချိန် အထိ ဆက်လက်ရှိနေဆဲဖြစ်
သည်။

"ဒူဘိုင်းအိမ်ရာဈေးကွက်ဟာ အားအင်မရှိတဲ့ ကက်စီနိုတွေနဲ့ နာမည်ကြီးလာခဲ့တဲ့ ဈေးကွက်တစ်ခု
ပါပဲ"ဟု CBRE Global Investors မှ အာရှဒေသဆိုင်ရာ အမှုဆောင်ချုပ် ရစ်ဂျက်ပရိုက်စ်ကပြော
သည်။

ဒူဘိုင်း၏ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၊ အစိုးရတာဝန်ရှိသူများနှင့် ခေါင်းဆောင် အာရပ်စော်
ဘွား မိုဟာမက်ဘင်ရာရှိဒ်အဲလ်မက်တမ် တို့က ပြီးခဲ့သည့် ခြောက်လ အတွင်း ဒေါ်လာဘီလျံ ၄၀
တန်ဖိုးရှိသော အိမ်ရာစီမံကိန်းများကို ငွေကြေးမည်ရွေ့မည်မျှ ထောက်ပံ့ပေးမည်ဟု သော အသေး
စိတ်အချက်အလက် အနည်းငယ်ဖြင့် ထုတ်ဖော်ပြောကြား ခဲ့သည်။ပြည်တွင်းပြည်ပဘဏ်များမှ
အဆိုပါစီမံကိန်းများအတွက် ငွေထုတ် ချေးချင်သည့် ဆန္ဒမရှိသည့်အပြင် အဖွဲ့အစည်းအလိုက်
ရင်းနှီးမြှုပ်နှံမှုများလည်း မရှိသည့်အတွက် ၎င်းစီမံကိန်းဘယ်လောက်များများ အကောင်အထည်
ဖော်နိုင်မည်လဲဆိုသည်မှာ သံသယမကင်းဖွယ်ဖြစ်နေသည်။ဈေးကွက်ပြိုလဲမှု၏ ရလဒ်ဆိုးများ
ကြောင့် ကမ္ဘာ့အကြီးဆုံး ချားရဟတ်နှင့် ဟိုတယ်အလုံး ၁၀၀ ဆောက်လုပ် မည့် ခရိုင်သစ်ကဲ့သို့
စီမံကိန်းသစ်ကြီး များသည် အဖွဲ့အစည်းအလိုက် ရင်းနှီး မြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကို မရရှိဘဲ
ဖြစ်နေပြီး အစဉ်တစိုက် လိုအပ်မြဲဖြစ်နေသော အဆင့်မြင့် ရုံးခန်းနေရာလွတ်များနှင့် နိုင်ငံခြား သား
ယာယီအလုပ်သမားများသာ အဓိကပါ၀င်သော မြို့လူဦးရေတို့ ကြောင့် ရင်းနှီးမြှုပ်နှံသူများအား
အခြား စီးပွားရေးကဏ္ဍတစ်ခုခုအပေါ်သို့သာ အာရုံထားကြရန် စေ့ဆော်နေသည်။

ပြီးခဲ့သည့်နှစ်က နော်ဝေးမှ ကာတာ သို့ ထည့်ဝင်သည့် အစိုးရကြွယ်ဝ ချမ်းသာမှု ရန်ပုံငွေများ
ကြောင့် ရင်းနှီး မြှုပ်နှံမှုများစာရင်းတွင် ထိပ်ဆုံး ရောက်ခဲ့သည့် အိမ်ခြံမြေကဏ္ဍသည် ၂၀၁၁ ခုနှစ်
က ၁၄ ရာခိုင်နှုန်းရှိခဲ့ရာ မှ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး၏ ၂၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ ကြောင်း
အစိုးရချမ်းသာကြွယ်ဝမှု ဆိုင်ရာ ရန်ပုံငွေဗဟိုဌာန၏ ထုတ်ပြန် ချက်တစ်ခုအရသိရသည်။

"ဒူဘိုင်းဟာ အစိုးရရန်ပုံငွေအဖွဲ့ တွေက စိတ်ဝင်စားမှုတွေကို သိပ်ပြီး မဆွဲဆောင်နိုင်တော့ပါဘူး။"
ဟု အဆိုပါ ရန်ပုံငွေဗဟိုဌာန၏ ညွန်ကြား ရေးမှူး ဗစ်တိုးရီးယား ဘာဘာရီက ပြောသည်။

"လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဒူဘိုင်းအိမ်ရာဈေးကွက် တဟုန်ထိုး တိုးတက်မှုနဲ့ ဆုတ်ယုတ်
ယိုယွင်းလာမှုတို့အပြင် အိမ်ရာမြေ ကဏ္ဍအတွင်း အစိုးရပိုင်အဖွဲ့အစည်းကြီးတွေရဲ့ စိတ်ဝင်စားမှု
တွေနှင့် နေ ထိုင်မှု နှုန်းထားတွေမှာ ၂၀၀၇၊ ၂၀၀၈ က ရရှိခဲ့တဲ့ နှုန်းထားတွေနား မရောက်ရှိသေး
တွေကြောင့် ဒူဘိုင်းဈေးကွက်ဟာ ဒူဘိုင်းအစိုးရပိုင်မဟုတ်သော ရန်ပုံငွေ အဖွဲ့ကြီးတွေအတွက်
အရမ်းကို အစိမ်း သက်သက်လို ဖြစ်စေတာပေါ့"ဟု ၎င်းကပြောသည်။ယခင်အိမ်ရာဈေးကွက် ပြို
ကွဲမှုကို ကြုံတွေ့ခဲ့ရသော နိုင်ငံခြားဘဏ်များ၊ စိတ်ဝင်စားမှုနည်းပါးသော စီမံကိန်း များ၊ စည်းမျဉ်း
စည်းကမ်းများနှင့် အချိန်ဆွဲနေကြသော ပြည်တွင်း ငွေချေးလုပ်ငန်းများနှင့် ယခင်အကြိမ် က ဆုံး
ရှုံးနစ်နာမှုများအပြင် အဖွဲ့ အစည်းအလိုက် ရင်းနှီးမြှုပ်နှံမှုများ မရရှိခြင်းတို့က အိမ်ရာဆောက်လုပ်
သူ များအတွက် ငွေကြေးဆိုင်ရာ အခက် အခဲများကို ဖြစ်ပေါ်စေသည်။

Dubai World Corp and Dubai Holding ကဲ့သို့ နိုင်ငံပိုင်ကုမ္ပဏီများမှ ချေးငွေများနှင့်ပတ်သက်
ပြီး ပြန်လည် ဆွေးနွေးမှုများပြုလုပ်နေခြင်းကြောင့် HSBC Holdings၊ Royal Bank of Scotland
နှင့် Standard Bank စသည့် ဘဏ်ကြီးများအပါအဝင် စီးပွား ရေးတိုးတက်မှုကာလအတွင်း ဒူဘိုင်း
တွင် အများအပြားဖွင့်လှစ်ခဲ့သော ဘဏ်ကြီးများသည် ၎င်းတို့၏ ရင်းနှီး မြှုပ်နှံမှုများ ပြန်လည်ကောင်း
မွန်လာ ရန်အတွက် အကြိတ်အနယ် လုံးပန်း နေကြရသည်။

"ဒူဘိုင်းဟာ ပြီးခဲ့တဲ့အိမ်ရာကဏ္ဍ တိုးတက်မှုကြီးကြောင့် ကျန်ရှိခဲ့တဲ့ ကြွေးမြီတွေထက် မိမိတို့
အဖွဲ့အစည်းအသီးသီးရဲ့ ရှယ်ယာတန်ဖိုးအပေါ်ကို သာ မှီခိုအားထားရတော့မယ်"ဟု ရင်းနှီးမြှုပ်နှံ
မှုဘဏ် Exotic မှ အရှေ့ အလယ်ပိုင်းနှင့် မြောက်အာဖရိက ဆိုင်ရာ ညွန်ကြားရေးမှူး Gus
Chehayeb ကပြောသည်။

"နိုင်ငံတကာ ငွေချေးလုပ်ငန်းတွေ ဟာ ဒီတစ်ချိန်မှာတော့ ဒီလိုစီမံကိန်း မျိုးတွေအတွက် အရင်လို
ပြင်းပြင်းပြပြ ဆန္ဒတွေ မရှိကြတော့ဘူး"ဟု ၎င်းက ပြောသည်။ဒူဘိုင်းခေါင်းဆောင် စော်ဘွားမိုဟာ
မက်က မီတာ၂၁၀ရှိ ဒူဘိုင်မျက်လုံး ဟုခေါ်သော ချားရဟတ်ကြီး၊ ဟိုတယ် တစ်လုံး၊ စားသောက်
ဆိုင်များနှင့် မိသားစုအပန်းဖြေစင်တာတစ်ခု ပါ၀င် သော Bluewaters စီမံကိန်းကို ဖေဖော် ၀ါရီလ
က ထုတ်ဖော်ကြေညာခဲ့သည်။ နို၀င်ဘာလကလည်း ၎င်းမှ မိုဟာမက် ဘင်ရာရှိဒ်မြို့တော်အတွက်
စီမံကိန်းတစ်ခုကို ကြေညာခဲ့သည်။

ယင်းစီမံ ကိန်းကြီးမှာ ဒူဘိုင်းအိမ်ရာကဏ္ဍပြိုလဲမှုအပြီးနောက် အိမ်ရာလုပ်ငန်းအား ပြန်လည်ဖွံ့ဖြိုး
စေရန် ရည်ရွယ်သည့် အကြီးဆုံးအိမ်ခြံမြေဆိုင်ရာ ဆောက်လုပ်ရေးစီမံကိန်းကြီးဖြစ်သည်။

အဆိုပါခရိုင်အသစ်သည် Hyde Park ထက်ကြီးမားပြီး အိမ်များ၊ ဟိုတယ်များ၊ လူလုပ်ကမ်းခြေ
များနှင့် ပန်းခြံများ ပါ၀င်မည်ဖြစ်သည်။ ၎င်းလထဲမှာပင် အပန်းဖြေဥယျာဉ်ကြီး ၅ခုဆောက်လုပ်
မည့် ဒေါ်လာ၂ဒသမရဘီလျံ တန်ဖိုး ရှိ Dubai Adventures Studios စီမံ ကိန်းနှင့် ပတ်သက်၍
လည်း ၎င်းက အတည်ပြုပြောကြားခဲ့သည်။"ဒီစီမံကိန်းတွေဟာ တကယ်တော့ လေထဲမှာ တိုက်
အိမ်ဆောက်နေတာ တွေပဲဖြစ်ပါတယ်"ဟု CBRE မှ မစ္စတာပရိုက်စ်က ပြောသည်။

(ဘလွန်းဘ့ာခ်)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်