Live Life ဒီဇိုင်းမဂ္ဂဇင်းစတင်ဖြန့်ချိ

Live Life ဒီဇိုင်းမဂ္ဂဇင်းစတင်ဖြန့်ချိ

Live Life မီဒီယာမှ ထုတ်ဝေဖြန့်ချိ သော ဆောက်လုပ်ရေးနှင့်ဗိသုကာအထူးပြု Live Life ဒီဇိုင်း
မဂ္ဂဇင်းကို ပထမဆုံးအကြိမ်အဖြစ် အုပ်ရေ ၁,၀၀၀ ကို ဇွန်လ ဒုတိယပတ်မှ စတင်ဖြန့်ချိလိုက်ပြီ
ဖြစ်ကြောင်း Live Life မီဒီယာမှ ဈေးကွက်ရှာဖွေရေးနှင့် ဖြန့်ချိရေး တာဝန်ခံ ကိုနန္ဒာက မြန်မာ
တိုင်း(မ်)သို့ ဇွန်လဒုတိယပတ်တွင် ပြောသည်။

"ကျွန်တော်တို့ ကုမ္ပဏီက ဗိသုကာ နဲ့ ဆောက်လုပ်ရေးပိုင်းကို အဓိက ဦးစားပေးလုပ်တယ်၊
နောက်ပြီး တော့ အတွင်းပိုင်းအလှဆင်တာတွေ လုပ်တယ်၊ မြန်မာပြည်မှာလူတွေက ဆောက်
လုပ်ရေးလုပ်ငန်းသာလုပ်နေ ကြတယ် နည်းပညာနဲ့ပတ်သက်ပြီး ဗဟုသုတမရှိကြဘူး၊ ကိုးကား
စရာ စာအုပ်မရှိဘူးလို့ ပြောလို့ရတယ်၊ မဂ္ဂဇင်းပုံစံမျိုးနဲ့မရှိဘဲနဲ့ နိုင်ငံခြားက လာတဲ့စာအုပ်တွေ
အနေနဲ့တော့ ရှိချင်ရှိမယ်၊ ကျောင်းသုံးစာအုပ်အနေနဲ့ ရှိ ချင်ရှိမယ်၊ ပေါ့ပေါ့ပါးပါးနဲ့ ဖတ်လို့ရတဲ့
ပညာရပ်ဆိုင်ရာ စာအုပ်မျိုးဆိုတာ မရှိဘူး၊ဒါကြောင့်ကျွန်တော့်တို့ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ
က ဒီစာအုပ်ကိုထုတ်ဝေဖို့အတွက် စီစဉ်လိုက်ရတာ ဖြစ်ပါတယ်"ဟု ကိုနန္ဒာက ပြောသည်။

အဆိုပါ မဂ္ဂဇင်းကို ဇွန်လ ၈ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့မှ စတင်ကာ
ဖြန့်ချိလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ မဂ္ဂဇင်း ကို သုံးလတစ်ကြိမ် ထုတ်ဝေမည် ဖြစ်ပြီးတစ်
နှစ်လျှင် လေးအုပ်ထုတ်ဝေ မည်ဖြစ်သည်။ ဒုတိယအကြိမ်ကို စက်တင်ဘာ ပထမပတ်တွင် ထုတ်
ဝေ မည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်