ရန်ကုန်မြို့တွင်ရှိသော ပန်းခြံနှင့် အားကစားကွင်းများသည် မြို့ပြဆိုင်ရာအင်္ဂါရပ်များအတွက် မရှိ
မဖြစ်လိုအပ်ချက်ဖြစ်လာသည့်အပြင် ပန်းခြံသို့ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် လာရောက် ကြသော
အပန်းဖြေသူများအတွက် အပန်းဖြေရုံ ရည်ရွယ်ချက်အပြင် ထို့ထက်ပိုမိုသော မြို့ပြဆိုင်ရာ ဖွံ့ ဖြိုး
တိုးတက်မှု အကျိုးရလဒ်ကောင်းများ ကို ရရှိစေသည်ဟုလည်း ရန်ကုန်မြို့ခံ များက ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ တာဝန်
ရှိသူတစ်ဦးက ရှင်းလင်းပြောကြားခဲ့ရာတွင် ရန်ကုန်မြို့တော်၌ ပန်းဥယျာဉ်နှင့်အားကစားကွင်းများ
ဌာနမှ တာဝန်ယူထိန်းသိမ်းဆောင်ရွက်လျက်ရှိသော ပန်းဥယျာဉ်/ ပန်းခြံကြီး/ပန်းခြံငယ် စုစုပေါင်း
၅၈ ခြံရှိပြီး ၎င်းတို့အနက်မှ မဟာဗန္ဓုလပန်းခြံ၊ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်၊ ကန်တော်မင်္ဂလာ
ပန်းခြံ၊ မြိုင်ဟေဝန်ပန်းခြံ၊ အင်းယားပန်းခြံ၊ ကန်တော်ကြီးဝန်းကျင်ပန်းခြံများ(Forest Zone) ရှိ
ဗိုလ်ချုပ် အောင်ဆန်းပန်းခြံ၊ Rel-exation Zone ရှိ ပုလဲမဟာမြိုင်ပန်းခြံ၊ ပန်းကန်ကျွန်းပန်းခြံ၊
ငါးပြတိုက်ဟောင်းပန်းခြံ၊ မြကျွန်းသာအပန်းဖြေဥယျာဉ်၊ သခင်မြပန်းခြံ၊ ဆိပ်ကမ်းသာ ပန်းခြံ၊
အင်းယားကန်ဘောင်(ပြည်လမ်း/ကမ္ဘာအေး)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)ပန်းခြံနှင့် မြောက်ဥက္က
လာပမြို့နယ်ရှိ ကန်သာယာပန်းခြံတို့မှာ အများပြည်သူ အပန်းဖြေအနားယူ လည်ပတ်မှုများသည့်
ပန်းခြံများဖြစ်ကြောင်း သိရှိရသည်။
အားကစားကွင်းနေရာ စုစုပေါင်း ၈၇ နေရာရှိပြီး ဘောလုံး ကွင်း ၊ဖူဆယ်ဘောလုံးကွင်း၊ ဘောလီ
ဘောကွင်း၊ ပိုက်ကျော်ခြင်းကွင်း၊ ကိုယ်ကာယလေ့ကျင့်ရေးကွင်း၊ ခြင်း လုံးကွင်းနှင့် ကလေးကစား
ကွင်းများ အပါအဝင် ကစားကွင်းအရေအတွက်ပေါင်း ၁၂၇ ကွင်း တည်ဆောက်ထားရှိကြောင်း
သိရသည်။
"အားကစားကွင်းပေါင်း ၁၂၇ ကွင်း အနက် ၁၁၃ ကွင်းက ရာသီမရွေး ကစားနိုင်ပြီးကျန် ၁၄ ကွင်း
ကတော့ မိုး ရာသီကာလမှာ ကစားလို့မရပါဘူး၊ ဒါပေမယ့် ဒီ ၁၄ ကွင်းကိုလည်း ရာသီ မရွေးက
စားနိုင်ဖို့အတွက် ဘဏ္ဍာနှစ် အလိုက် ပြုပြင်မွမ်းမံဆောင်ရွက်သွား မှာ ဖြစ်ပါတယ်"ဟုလည်း အ
ဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။
လက်ရှိကာလတွင် ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ပြည်သူ့ ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်၊
မဟာဗန္ဓုလ ပန်းခြံနှင့် ကန်တော်မင်္ဂလာပန်းခြံ စသည့် ပန်းခြံ ၃ ခြံကို အဆင့်မြှင့်တင် လျက်ရှိ
ကြောင်းလည်း ၎င်းကပြော သည်။ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်တွင် စိမ်းလန်းစိုပြေသာ
ယာလှပရေးအတွက် မြေယာရှုခင်းအလှဆင်စိုက် ပျိုးခြင်း၊ ကြိုးတံတားမွမ်းမံ ပြုပြင် ခြင်း၊ ရေ
ပန်းကန်တည်ဆောက်ခြင်း၊ အများပြည်သူများ လေ့လာကြည့်ရှုနိုင်ရန် F27XY--ADZ လေယာဉ်
ပျံတစ်စင်း ပြသထားခြင်း၊ မဟာဗန္ဓုလ ပန်းခြံတွင် စိမ်းလန်းစိုပြေရေးအတွက် မြေယာရှုခင်း ပြုပြင်
ခြင်း၊ ရေပန်းအလှတည်ဆောက်ခြင်း၊ ခေတ်မီရောင်စုံ လျှပ်စစ်မီးများ တပ်ဆင်ခြင်း၊ လွတ်လပ် ရေး
ကျောက်တိုင်ဝန်းကျင်တွင် ခေတ်မီ ကျောက်ပြားများ အလှဆင်ခင်းကျင်း ထားခြင်း၊ ခြံစည်းရိုးကာ
ရံခြင်း၊ ကန်တော်မင်္ဂလာပန်းခြံတွင် ရေလယ်နားနေဆောင်အသစ် ဆောက်လုပ် ခြင်း၊ ကျောက်စီ
မြေထိန်းနံရံပြုလုပ် ခြင်းနှင့် မြေယာရှုခင်းအလှဆင်စိုက် ပျိုးခြင်း စသည့်အဆင့်မြှင့်တင်ခြင်း လုပ်
ငန်းများကို ဆောင်ရွက်လျက်ရှိ ကြောင်း ၎င်းကပြောကြားခဲ့သည်။
"အဆင့်မြှင့်တင်တဲ့ လုပ်ငန်းတွေကို ၂၀၁၂၁၃ ဘဏ္ဍာနှစ်မှာ စတင်ပြီး ၂၀၁၃၁၄ ဘဏ္ဍာနှစ်မှာ
လုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးမှာ ဖြစ်ပါတယ်၊ ပန်းခြံ တွေ အဆင့်မြှင့်တင်တဲ့လုပ်ငန်းအတွက်
၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ ကျပ် ငွေ ၂၀၃၄ သိန်းသုံးစွဲရန် လျာထားပါ တယ်၊ ၂၀၁၂၁၃ ဘဏ္ဍာနှစ်
သုံးစွဲငွေ ထက် ပိုမိုအသုံးပြုသွားမှာ ဖြစ်ပါ တယ်" ဟုလည်း ၎င်းတာဝန်ရှိသူက ပြောကြားခဲ့သည်။
သာကေတမြို့နယ် ၆ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်သည့်အပြင် ကျောက်စိမ်းကဖေးဆိုင်
ပိုင်ရှင်တစ်ဦး လည်း ဖြစ်သည့်အသက် ၆၄ နှစ်အရွယ်ရှိ ဦးကျော်ဝင်းက တိုင်းပြည် အားကစားတိုး
တက်ရန်အတွက်ဘောလုံးကွင်းများရှိရန် လိုအပ်ကြောင်း လည်း မြန်မာတိုင်း(မ်)သို့ ပြောသည်။
"တိုင်းပြည်အတွက် အားကစားတိုးတက်ဖို့ဆိုရင် ဘောလုံးကွင်းတွေရှိမှ အားကစားတိုးတက်မယ်၊
ဒါကြောင့် ဘောလုံးကွင်းတွေ များများရှိတာကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလက်ခံ တယ်၊ ဒါပေ
မယ့်ဒီနေရာမှာပြောချင်တာက ကျွန်တော်တို့အိမ်နားမှာ ရှိတဲ့ဘောလုံးကွင်းက စည်ပင်သာယာ
၀န်ထမ်းအိမ်ရာနဲ့ ကပ်နေတဲ့အတွက်ဘောလုံးက ခေါင်မိုးနဲ့ ထမင်းဟင်းချက်တဲ့ နေရာတွေကို
ထိမှန်တဲ့အတွက် မကြာခဏစကားများရန်ဖြစ် ကြတယ်၊ ဒါကြောင့်မို့လို့ ဒီလိုမဖြစ်အောင် ကစား
ကွင်းနဲ့အိမ်ရာကြားမှာ သွပ်ပြားနဲ့ ဖြစ်ဖြစ်ကာပေးစေချင်တယ်၊ နေ့စဉ်နဲ့အမျှ စကားများရန်ဖြစ်နေ
တော့ ဘေးပတ်ဝန်းကျင်က နေထိုင် သူတွေအတွက်လည်း မကောင်းဘူးပေါ့"ဟု ဦးကျော်ဝင်းက
ပြောသည်။
ဘောလုံးအားကစားကွင်း အရေအတွက် များများပေါ်ပေါက်လာခြင်း အားဖြင့် တိုင်းပြည်အတွက်
အားကစား ထူးချွန်သူများကို အမြောက်အမြား မွေးထုတ်နိုင်မည်ဟု ၎င်းကပြောသည်။
"စည်ပင်က ဘောလုံးကစားကွင်း တွေ ဖော်ထုတ်ပေးတာကို ကျေးဇူးတင်ပါတယ်၊ တခြားလုပ်ငန်း
လုပ်ရင် အကျိုးအမြတ် များများစားစားရမယ်ဆိုတာ သိပါလျက်နဲ့ အားကစားကွင်း ကို ဖန်တီးပြီး
လုပ်တာက သူတို့စေတနာ ပါ၊ ဒီလိုမဟုတ်ရင် အားကစားကွင်းအဖြစ် မထားဘဲ တစ်ခြားလုပ်ငန်း
လုပ် မှာပေါ့၊ နောက်ပြီးတော့ဘောလုံး ကစားကွင်းတွေရှိမှသာ လူတွေက ဘောလုံးကစားနိုင်မှာ
လည်း ဖြစ်ပါ တယ်"ဟု ၎င်းကပြောသည်။
ကန်တော်မင်္ဂလာပန်းခြံသို့ လာ ရောက်လည်ပတ်သည့် ဂျီတီစီ ကျောင်းသား ကိုသီဟဝင်းက
"ကျွန်တော်တို့က ဂျီတီစီကျောင်းသား တွေ ဖြစ်တဲ့အတွက် စာတွေနဲ့ နေ့စဉ်လုံးပန်းနေရပါတယ်၊
ဒီတော့ ပန်းခြံမှာ တစ်နေ့တာ အပန်းဖြေလိုက်တာက စိတ်ပင်ပန်းနွမ်းနယ်မှုတွေကို ပြေ ပျောက်
သွားစေတဲ့အပြင် ပေါ့ပါး လွတ်လပ်ပျော်ရွှင်မှုတွေကို ခံစားရစေ ပါတယ်၊စာကျက်မှတ်ဖို့လည်း ပိုမို
လွယ်ကူသွားတာပေါ့၊ ဒါကြောင့်မို့လို့ ပန်းခြံတွေကို လာရောက်လည်ပတ် တာက အချိန်ကုန်တယ်
လို့ မခံစားရတဲ့ အပြင် ဆိုးကျိုးလည်း မရှိပါဘူး"ဟု ၎င်းက ရှင်းပြခဲ့သည်။
















