နိုင်ဂရု(ပ်) ကုမ္ပဏီမှ ၎င်းတို့ ကုမ္ပဏီ လက်အောက်ရှိ ၀န်ထမ်းသားသမီး များအား သတ္တမ
အကြိမ်မြောက် ကျောင်းသုံးပစ္စည်းနှင့် ဗလာစာအုပ် များ ပေးအပ်ထောက်ပံ့ခြင်း အခမ်း
အနားကို ဇွန်လ ၈ ရက်နေ့တွင် တာမွေမြို့နယ်ရှိ အောင်မြေဗောဓိဓမ္မရိပ်သာ၊အလိုတော်
ပြည့် ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
အဆိုပါ ကုမ္ပဏီများ အုပ်စုမှ ၂၀၁၃၁၄ ပညာသင်နှစ်အတွက် နိုင်ဂရု(ပ်)ကုမ္ပဏီများ အုပ်စုလက်
အောက်ရှိ ၀န်ထမ်းသားသမီး စုစုပေါင်း ၁,၄၄၀ ဦးအတွက် ငွေကျပ် သိန်း ၂၀၀ နီးပါးတန်ဖိုးရှိ
ကျောင်းသုံး ပစ္စည်းနှင့် အသုံးအဆောင်များအား အခမ်းအနားဖြင့် ပေးအပ်လှူဒါန်းခဲ့ သည်။
နိုင်ဂရု(ပ်)ကုမ္ပဏီများ အုပ်စုမှ ၂၀၀၇၀၈ ပညာသင်နှစ်မှစတင်၍ ပညာသင်နှစ်အလိုက် သူငယ်
တန်းမှ ဒသမတန်းထိ ပညာသင်ကြေး ထောက်ပံ့ ပေးအပ်ခဲ့ရာ ၂၀၀၇၀၈ ပညာသင်နှစ်မှစတင်၍
၂၀၁၂၁၃ ပညာသင်နှစ်အထိ ကျောင်းသား ကျောင်းသူစုစုပေါင်း ၃,၂၂၀ ဦး အတွက် ထောက်ပံ့
ကြေးငွေ စုစုပေါင်း ကျပ်သိန်း ၃၅၀ ကျော် ထောက်ပံ့ လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရှိရ သည်။
အခမ်းအနားတွင် ကျောင်းသား ကျောင်းသူများမှလည်း ကျေးဇူတင်စကားပြောကြားခဲ့ပြီး ကျောင်း
သား တစ်ဦးဖြစ်သည့် အထက(၃)လှိုင် သာယာမှ ဒသမတန်းကျောင်းသား မောင်အောင်သူမှလည်း
ကျောင်းသုံး ပစ္စည်းနှင့် ဗလာစာအုပ်များ ထောက်ပံ့လှူဒါန်းခြင်းအတွက် ကျေးဇူတင်စကား ပြန်
လည်ပြောကြားခဲ့သည်။















