နိုင်ငံတကာအင်ဂျင်နီယာပြပွဲတွင် ပြည်ပကုမ္ပဏီများ၏လာရောက်လုပ်ကိုင်လိုမှု အားနည်းနေ

နိုင်ငံတကာအင်ဂျင်နီယာပြပွဲတွင် ပြည်ပကုမ္ပဏီများ၏လာရောက်လုပ်ကိုင်လိုမှု အားနည်းနေ

မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် နိုင်ငံတကာမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာလုပ်ငန်းများ
အပါအဝင် စက်မှုအင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ နိုင်ငံတကာ စက်မှုအင်ဂျင်နီယာပြပွဲ အား ကျင်း
ပနိုင်ခဲ့ပြီး အဆိုပါပြပွဲ ကြောင့် ပြည်ပနိုင်ငံအမြောက်အမြား၏ ကုမ္ပဏီများထံမှ စိတ်ဝင်စားမှုများ
ရရှိ ခဲ့သော်လည်း ၎င်းတို့ဘက်မှ ပြည်တွင်း ၌ လက်တွေ့လာရောက်လုပ်ကိုင်ရန်မှာ အလွန်အား
နည်းကြောင်း ပြပွဲအတွင်း ၀င်ရောက်ပြသသည့် ပြည်တွင်းပြည်ပ ကုမ္ပဏီများက ပြောသည်။

"ဒီပြပွဲက နိုင်ငံတကာအင်ဂျင် နီယာပြပွဲဆိုပေမယ့် ထင်ထား သလောက် လာပြီးပြတဲ့နိုင်ငံက
နည်း တာ တွေ့ရတယ်။ လာပြတဲ့နိုင်ငံတွေ က မြန်မာနိုင်ငံကလုပ်ငန်းတွေကို စိတ်ဝင်စားမှုများ
တာကိုတော့ တွေ့ရ တယ်။ ဒါပေမယ့် တစ်ကယ်လာပြီး ဒီမှာ ရင်းနှီးမြှုပ်နှံဖို့၊ ပူးပေါင်းပြီး စီးပွား
ရေး လုပ်ကိုင်ဖို့ကတော့ အခုထိတစ်ခုမှဖြစ်မလာသေးဘူး။ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ဒီပြပွဲ
မှာလာပြတယ်ဆိုတာကလည်း ပြည်တွင်းရေနံ နဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ကျွန်တော်တို့
ကုမ္ပဏီတစ်ခုရှိတယ်ဆိုတာကို နိုင်ငံတကာကလာပြတဲ့ ကုမ္ပဏီ တွေ သိစေချင်တာကြောင့်
၀င်ပြဖြစ် တာပါ။ သူတို့ဘက်ကို လေ့လာကြည့် တော့လည်း သူတို့တွေက ကျွန်တော် တို့နိုင်ငံ
မှာ လာပြီးစီးပွားရေးလုပ်ဖို့ တော်တော်စိတ်ဝင်စားတယ် ဒါပေ မယ့် တရားဝင်ဝင်ရောက်လာတာ
မျိုး က အရမ်းနည်းပါတယ်"ဟု ပြပွဲတွင် ၀င်ရောက်ပြသသည့် United Engineering Group of
companies မှ ပြပွဲတာဝန်ခံဖြစ်သူ ဦးဖိုးအေးက မြန်မာတိုင်း(မ်)ကို ပြောသည်။

အဆိုပါပြပွဲအတွင်း ပြသသည့်သုံးရက်တာအတွင်း ပြည်တွင်းကုမ္ပဏီများနှင့် ပြည်ပကုမ္ပဏီများ
အချင်းချင်း အပြန်အလှယ်ဆက်သွယ်မှုအထိုက်အလျောက်သာရရှိခဲ့ကြောင်း ပြပွဲတွင် ၀င်ရောက်
ပြသသည့် ပြည်တွင်း ကုမ္ပဏီတစ်ခုမှ ပြောသည်။"ပြပွဲရဲ့ အကျိုးရလဒ်ကိုပြောမယ်ဆိုရင်တော့
ကုမ္ပဏီတစ်ခုနှစ်ခုရဲ့ စိတ်ဝင်စားမှုနဲ့ အချိတ်အဆက်လေးတွေကိုတော့ ရလိုက်တယ်။

ကျွန်တော်တို့ ကုမ္ပဏီက Technical Training ဆိုတော့ ကျွန်တော်တို့ဘက်လူတွေကို သူတို့
သဘောကျကြတယ်။ နောက်ပြီး ဆိုလာကုမ္ပဏီတစ်ခုနဲ့လည်း စကား ပြောဖြစ်တယ်။ သူတို့
ကလည်း ကျွန်တော်တို့ကုမ္ပဏီကိုစိတ်ဝင်စား တာကို တွေ့ရတယ်။ သူတို့ဘက်က ပူးပေါင်းလုပ်
ချင်တဲ့ သဘောလေးတွေ လောက်တော့ တွေ့ရတယ်။ အရမ်း ပြတ်ပြတ်သားသားကြီးတော့
မဟုတ် ဘူးပေါ့နော်။ နောက်ပိုင်းဆက်ပြီး ကမ်းလှမ်းလာမလားဆိုတာတော့ မပြောတတ်သေးဘူး"
ဟု ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အခြားနိုင်ငံများမှ ကုမ္ပဏီများ အနေနှင့်လည်း မြန်မာနိုင်ငံသို့ လာရောက်ပြသခြင်းမှာ မြန်မာနိုင်ငံ
၏ ပွင့်လင်းမြင်သာမှုများကြောင့် ပြောင်းလဲလာသည့်အတွက် မြန်မာနိုင်ငံတွင် စီးပွားရေးလာရောက်
လုပ်ကိုင်ရန်စိတ်ဝင်စားပြီး လေ့လာခြင်းဖြစ်ကြောင်း စင်ကာပူအခြေစိုက် Borger ကုမ္ပဏီမှ တာဝန်
ရှိသူတစ်ဦးက ပြောသည်။

"ကျွန်တော်တို့ကုမ္ပဏီက rotary loabe pumps တွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီပါ။ ကျွန်တော်တို့
မြန်မာနိုင်ငံ မှာ လာပြီးပြသတဲ့ သဘောကတော့ ဒီ နိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ် ငန်းတွေ၊ စက်မှုအင်ဂျင်နီယာလုပ်ငန်း တွေကို လေ့လာချင်လို့ နောက်ပြီး ဒီက လူတွေရဲ့စိတ်ပါ၀င်စားမှုတွေ
ကို သိချင်လို့ပါ။ ဒီမှာလာပြီး ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်ဖို့ဆိုရင်တော့ ကျွန်တော်တို့ အရင်ဦးဆုံးဒီက
ဒေသခံတွေနဲ့ ပူးပေါင်းပြီး လုပ်ကြည့်ချင်ပါတယ်။ အဲလိုပူးပေါင်းမယ်ဆိုရင်လည်း ဒီဘက်က ဒေသ
ခံလုပ်ငန်းရှင်တွေနဲ့ သေသေချာချာ လေ့လာဆွေးနွေးပြီးမှ လုပ်လို့ ရမှာပါ" ဟု ၎င်းကပြောသည်။

အဆိုပါနိုင်ငံတကာ အင်ဂျင်နီယာပြပွဲအား မြန်မာနိုင်ငံတွင် လာမည့်နှစ်၌ပြသရန်အတွက် အစီအ
စဉ်ရှိသည့်အတွက် ပြည်တွင်းလုပ်ငန်းရှင် များအနေဖြင့် နောင်ကျင်းပမည့်ပွဲများတွင် ယခုထက်ပို
မိုသည့် ကြိုတင်စီစဉ်မှုများ၊ ကြော်ငြာများနှင့် ၀င်ရောက်ပြသမည့်ကုမ္ပဏီများအား စနစ်တကျစီစဉ်
သင့်ကြောင်း ပြောသည်။

"ဒီလိုပြပွဲမျိုးက အချိန်အများကြီး ပေးပြီး စီစဉ်သင့်တယ်။ ဒီပြပွဲက အရမ်း အချိန်ကပ်မှ ကျင်းပမယ်
ဆိုပြီး စီစဉ် ဖြစ်သွားတာ။ တခြားနိုင်ငံတွေမှာ ဆိုရင် ဒီလိုပွဲမျိုးကို တစ်နှစ်လောက် အချိန်ယူပြီးပြင်
ကြတာ။ နောက်ပြီး ဒီပွဲကိုစီစဉ်တဲ့ စင်ကာပူကကုမ္ပဏီ အနေနဲ့ကလည်း ပထမဦးဆုံးအကြိမ်ဆိုတော့
အဆင်မပြေတာတွေ ရှိမှာ ပေါ့။ ကျွန်တော်တို့ မြန်မာနိုင်ငံအင်ဂျင် နီယာ အသင်းအနေနဲ့လည်း ဒီပွဲ
မှာ ပူးပေါင်းပါ၀င်ပြီး ကူညီထားပါတယ်။ ကြော်ငြာအားလည်း နည်းသွားတယ်လို့ ပြောလို့ရတယ်။
ပထမနှစ်ရက်မှာဆို လူတော်တော်နည်းတယ်။

ဒါတောင် ကျွန်တော်တို့အသင်းရဲ့ အဖွဲ့ဝင်ကုမ္ပဏီတွေကိုလည်း ဒီပွဲမှာ လာရောက်ကြည့်ရှုဖို့ဖိတ်
ခေါ်တာတွေ လုပ်ခဲ့ ပါတယ်" ဟု မြန်မာနိုင်ငံ အင်ဂျင် နီယာအသင်းမှ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သူ
ဦးဖိုးအေးကပြောသည်။

နိုင်ငံတကာ အင်ဂျင်နီယာပြပွဲတွင် ပြည်တွင်းကုမ္ပဏီပေါင်း ၁၀ ခုနှင့် ပြည်ပကုမ္ပဏီပေါင်း ၅၀ တို့
ပါ၀င် ပြသခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်