Kabaraye Executive Residence ဇူလိုင်လတွင် စတင်မည်

Kabaraye Executive Residence ဇူလိုင်လတွင် စတင်မည်

မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရား လမ်းပေါ်တွင် တည်ဆောက်မည့် အထပ်ပေါင်း ၂၇ ထပ်
ပါ၀င်သည့် Kabaraye Executive Residence (KER) အဆင့်မြင့်အိမ်ရာ စီမံကိန်းတည်ဆောက်
ခြင်း လုပ်ငန်းများကို ဇူလိုင်လတွင် စတင်နိုင်မည်ဖြစ်ပြီး စီမံကိန်းကာလ နှစ်နှစ်ခွဲခန့် ကြာမြင့် နိုင်
မည်ဖြစ်ကြောင်း တည်ဆောက်သူ Living Square ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ဇွန်လ ဒုတိ
ယပတ်တွင်ပြော သည်။

"လက်ရှိအချိန်မှာ မြေကြီးစမ်းသပ် မှု စတင်နေပါပြီ။ ဇူလိုင်မှာတော့ ဆောက်လုပ်ရေးစတင်နိုင်မှာ
ဖြစ်ပါ တယ်"ဟု ၎င်းက ပြောသည်။ သို့သော် လည်း စီမံကိန်းတစ်ခုလုံးအတွက် ကုန်ကျစရိတ်
မည်မျှရရှိမည်ဆိုသည်ကိုမူ မသိရသေးကြောင်း ၎င်းက ပြော သည်။

အဆိုပါ စီမံကိန်းကို မြေ ၀.၅၀၂ ဧကပေါ်တွင် တည်ဆောက်အကောင် အထည်ဖော်မည်ဖြစ်ပြီး
၂၀၁၅ နှစ် ကုန် ခန့်တွင် ပြီးစီးမည်ဟု ခန့်မှန်းထား သည်။ အဆောက်အအုံကြမ်းခင်း ဧရိယာ
စုစုပေါင်းမှာ စတုရန်းပေပေါင်း ၄၈၀,၀၀၀ ကျော်ရှိသည်။ စီမံကိန်းတွင်အထပ်ပေါင်း ၂၇ ထပ်ပါ
ရှိပြီး မြေအောက်သုံးထပ်မှာ ကားပါကင်ဖြစ်သည်။ မြေညီမှ စတုတ္ထ ထပ်အထိမှာ ရှော့ပင်းမောလ်
နှင့် ကား ပါကင်ဖြစ်သည်။

ငါးလွှာမှ ရှစ်လွှာ အထိသည် ကားပါကင်ဧရိယာ သီးသန့် ဖြစ်သည်။ ကိုးလွှာမှ ၁၉ လွှာအထိမှာ
လူနေခန်းများ ဖြစ်သည်။ ကမ္ဘာအေး KER အဆင့်မြင့်အိမ်ရာ စီမံကိန်းတွင် လူနေခန်းစုစုပေါင်း
၁၀၀ ကျော်ပါရှိပြီး ကမ္ဘာအေး KER စတင်မိတ်ဆက်သည့် ဇွန်လ ၉ ရက်နေ့ တွင် အခန်းပေါင်း
၁၅ ခန်း ရောင်းချပြီးသွားပြီဖြစ်ကြောင်း သိရသည်။

အခန်းများကို ကုမ္ပဏီမှ တိုက်ရိုက် ချိတ်ဆက် ၀ယ်ယူနိုင်သလို ကမ္ဘောဇ ဘဏ်၊ မြန်မာ့ရှေ့ဆောင်
ဘဏ်တို့နှင့် ချိတ်ဆက်၍လည်း အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်ကြောင်းလည်း သိရှိရသည်။

အဆင့်မြင့်အိမ်ရာစီမံကိန်းတွင် ကားအစီးရေ စုစုပေါင်း ၂၇၀ ကျော် ရပ်နားနိုင်မည်ဖြစ်ကြောင်း
သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်