ရန်ကုန်အိမ်ခြံမြေဈေးကွက် မြို့စွန်ဒေသများသို့ ဦးတည်လျက် အရောင်းအဝယ်ဖြစ်နေ

ရန်ကုန်အိမ်ခြံမြေဈေးကွက် မြို့စွန်ဒေသများသို့ ဦးတည်လျက် အရောင်းအဝယ်ဖြစ်နေ

ငွေလဲနှုန်းမြင့်တက်မှု၊ ရွှေဈေးနှုန်း မြင့်လာမှု၊ အချိန်အခါအလိုက် ရှိတတ် သော ကျောက်မျက်ပြပွဲ
စသည်တို့မှာ အိမ်ရာဈေးကွက်အပေါ် အများဆုံး လွှမ်းမိုးမှု ရှိနေသည့် သိသာထင်ရှား သော
အကြောင်းခြင်းရာများဖြစ်ပြီး မေလအတွင်း မြို့နယ်အစွန်အဖျား နေရာများအထိ ၀ယ်လိုအား
ရှိလာသည်နှင့်အတူ အိမ်ခြံမြေဈေးကွက် ပြန် ကောင်းလာသည်ကို တွေ့ရကြောင်း ရန်ကုန်
အခြေစိုက် အိမ်ခြံမြေအကျိုး ဆောင်များက ပြောသည်။

တာမွေမြို့နယ်ရှိ စိုင်းခွန်နောင်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးရန်အောင်
က နှစ်လယ်ကာလ မေလသည် ၀ယ်လိုအား အမြင့်ဆုံးလဖြစ်ကြောင်းပြောသည်။

"ပြီးခဲ့တဲ့လအနည်းငယ်နဲ့ နှိုင်းယှဉ် ရင် မေလအတွင်းမှာ ၃၀ ရာခိုင်နှုန်း ၀ယ်လိုအား မြင့်တက်လာ
တာကိုတွေ့ရပါတယ်။ အထူးသဖြင့် အစွန်အဖျားနေရာတွေဖြစ်တဲ့ ဒဂုံအရှေ့ပိုင်း မြို့နယ်၊ ဒဂုံဆိပ်
ကမ်းနဲ့ တခြား မြို့နယ် အစွန်အဖျားနေရာတွေမှာ ဖြစ်ပါ တယ်။

အစွန်အဖျားနေရာတွေမှာရှိတဲ့ မြေလွတ်အကွက်တွေရဲ့ ၀ယ်လိုအားဟာ ဧရာဝဏ်၊ ရတနာ
တန်ဖိုးမြင့် အိမ်ရာတွေကြောင့် ဖြစ်ပါတယ်။ ၀ယ်လိုအားမြင့်နေတဲ့ ဒီအစွန်အဖျား ဒေသတွေ
အတွက် ပိုကောင်းတဲ့ ဈေးကွက်အလားအလာကတော့ ရတနာအိမ်ရာအနီးမှာ တည်ဆောက်
မယ့် ဟိုတယ်စီမံကိန်းတစ်ခုပါပဲ။ ဟိုတယ်စီမံကိန်းကြောင့် ၀ယ်လိုအား တွေ ဒီထက်ပိုကောင်း
လာနိုင်ပြီး ရင်းနှီး မြှုပ်နှံသူတွေကို ပိုဆွဲဆောင်နိုင်မှာပါ"ဟု ဦးရန်အောင်က ပြောသည်။

ထို့ကြောင့် ဒဂုံဆိပ်ကမ်းရှိ ကျပ်၁၅ သန်း ဈေးရှိသော မြေကွက်လွတ် များမှာ ကျပ်သန်း ၃၀ အထိ
မြင့်တက်နိုင်ဖွယ်ကြောင်း ၎င်းကပြောသည်။ ဥရောပနိုင်ငံများမှ မြန်မာနိုင်ငံ အပေါ် ချမှတ်ထား
သော ပိတ်ဆို့ အရေးယူမှုများကို လျှော့ချခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်မှာ
ယခုအခါ အတက်ဘက်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ယင်းမှာ အိမ်ရာကဏ္ဍအတွက် ကောင်း
မွန်သော အလားအလာဖြစ်ကြောင်း ဦးရန်အောင်ကပြောသည်။

ကိုကာကိုလာနှင့် ဖော့ဒ်တို့ကဲ့သို့ အနောက် ကုမ္ပဏီများ ယခုအခါ မြန်မာနိုင်ငံ အတွင်း
ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် ခြင်းသည်လည်း ကောင်းမွန်သော သွင်ပြင်လက္ခဏာတစ်ခုပင်ဖြစ်
ကြောင်း ပြောသည်။

အိမ်ခြံမြေအခွန်ရာခိုင်နှုန်း ၃၇ ရာခိုင်နှုန်းအထိ တိုးမြှင့်မှုသည် ယခင် အိမ်ခြံမြေဈေးကွက် အရောင်း
အဝယ်တန့်ခဲ့ခြင်း၏ အဓိကအကြောင်းတစ်ခုဖြစ်ကြောင်း ၎င်းကပြောသည်။

"၂၀၁၂ ဩဂုတ်လကစပြီး ၀ယ်သူ က ပေးဆောင်ရတဲ့ ၀င်ငွေအခွန်ကို ၃၇ ရာခိုင်နှုန်းတိုးမြှင့်ခဲ့တာ
ကြောင့် အိမ်ခြံမြေလုပ်ငန်းအတွင်း အရောင်းအဝယ်တော်တော်များများ ရပ်သွားခဲ့ တယ်။ ဒါတွေ
ကြောင့် မြေကွက်တွေ ရောင်းတာ၊ ၀ယ်ယူတာတွေနဲ့ အဆင့်မြင့် လုံးချင်းအိမ်ရောင်းအား တွေမှာ
အတိုင်းအတာတစ်ခုအထိ ကျဆင်းသွားခဲ့တာပေါ့။ ဒါပေမဲ့ ကွန်ဒိုအခန်းတွေကျတော့ ကွန်ဒိုဥပဒေ
ကလည်း အခုအချိန်အထိ မထွက်သေးတော့ ၀ယ်သူက ၀င်ငွေခွန် ပေးစရာမလိုတော့ဘူး။
ဒါ့အတွက် ကြောင့် ၂၀၁၂ နှစ်လယ်ဈေးကွက် ဟာ ကွန်ဒိုတွေမှာသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်
လို့ ပြောရမယ်"ဟု ဦးရန်အောင်ကဆိုသည်။

၀ယ်သူများမှ ပေးဆောင်ရသော ၀င်ငွေခွန်သည် ၃၇ ရာခိုင်နှုန်းအောက် ကျဆင်းလာမည်ဆိုလျှင်
အိမ်ခြံမြေဈေးကွက်မှာ နှစ်ကုန်ပိုင်းအထိ အရှိန်အဟုန်ကောင်းနိုင်လာနိုင်ကြောင်း ၎င်းကဆက်
လက်ပြောသည်။

ကျပ်သန်း ၅၀၀ ကျော်တန်ဖိုးရှိ အဆင့်မြင့်အိမ်ရာများအား ဈေးကွက်အတွင်း အလုအယက်ရှာဖွေ
နေကြ သောကြောင့် ယခုအချိန်တွင် ဈေးကွက်တစ်ခုလုံးအနေဖြင့် အဝယ် လိုက်နေသော ကာလ
ဖြစ်ကြောင်း ဦးရန်အောင်က ပြောသည်။ "ဒီအဆင့်မြင့်အိမ်ရာတွေဟာ ၂၀၁၂ ကုန်ပိုင်းလောက်က
စပြီး အေး လာခဲ့ပေမယ့် လအနည်းငယ်လေးအတွင်းမှာ ၀ယ်လိုအားပြန်လိုက်တာ ကို တွေ့ရပါ
တယ်။

၀ယ်သူတွေက အခွန် လျှော့ချပေးမယ့် ကာလကို စောင့်နေကြတယ်လို့ ထင်တယ်။ ဒါကလည်း
မကြာခင်ဖြစ်လာတော့မှာလေ။ နောက် တစ်ချက်က ဒီလိုအဆင့်မြင့်အိမ်ရာ တွေကို ၀ယ်မယ်ဆို
ရင် ၀ယ်သူက ငွေကို သုံးလေးကြိမ်ခွဲပြီး ချေလို့ ရတယ်ဆိုတော့ ငွေအကုန်ပေးချေပြီးသွားတဲ့အ
ချိန်မှာ ၀ယ်သူတွေအတွက် အခွန်လျှော့ချပေးမယ့်အချိန်နဲ့ တိုက်ဆိုင်လို့ရှိရင် အခွန်ရာခိုင်နှုန်း
သက်သက်သာသာ နဲ့ ပေးဆောင်ရမှာလည်း ဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။

ထိုသို့သော တန်ဖိုး ကြီး အဆင့်မြင့်အိမ်ရာများသည် မရမ်း ကုန်း၊ သင်္ဃန်းကျွန်းနှင့် ကမာရွတ် မြို့
နယ်များတွင် အများဆုံး အဝယ်လိုက် ကြောင်းလည်း ၎င်းကပြောသည်။ မြန်မာနိုင်ငံအိမ်ခြံမြေဆိုင်
ရာ လုပ်ငန်းရှင်များ အသင်း၏ အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က အိမ်ခြံမြေဈေးကွက်
သည် မြို့စွန်ဒေသများအပေါ် ပိုမိုအာရုံစိုက်နေမှုများနှင့်အတူ ၀ယ်လိုအား ပုံမှန်ရှိနေကြောင်း
ရှင်းပြခဲ့သည်။

"ကျွန်မသိရသလောက်တော့ အိမ်ခြံမြေဈေးကွက်ဟာ အခုလအစောပိုင်း ကစပြီး ပြောင်းလဲလာ
ပါတယ်။ ကျပ်သိန်း ၁၅၀ ကနေ ကျပ်သိန်း ၃၀၀ အထိဈေးရှိတဲ့ မြေကွက်တွေ အများဆုံး အဝယ်
လိုက်နေတဲ့ ဒဂုံဆိပ်ကမ်းဧရိယာက ရတနာအိမ်ရာလိုမျိုး လူနေအိမ်ရာစီမံကိန်းကြီးတွေ ထပ်
ဆောက်ဖို့အတွက် ရည်ရွယ်ပြီး ရင်းနှီးမြှုပ်နှံသူတွေဟာ အစွန်အဖျားနေရာတွေမှာ မြေကွက်တွေ
ကို စိတ်ဝင်တစားရှာဖွေနေကြတယ်။ ဒါတင်မကသေးဘူး၊ သန်လျင်နဲ့ မြောက်ဒဂုံတို့ဟာလည်း
အဝယ်လိုက်နေတဲ့ နေရာတွေဖြစ်ပြီး အဲ့ဒီမှာ ၀ယ်လိုအားတွေလည်း သိသိသာသာ တိုးလာတာ
တွေ့ရတယ်"ဟု ဒေါ်မို့မို့အောင်က ပြောသည်။

၀ယ်သူများမှာ ၂၀၁၅ ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ နိုင်ငံအတွင်းသို့ အများအပြားလာ
ရောက် ကြမည်ဖြစ်သောကြောင့် စက်မှုဇုန် နှင့်နီးသော နေရာများကို ၀ယ်ယူနိုင် ရန် ရှာဖွေနေ
ကြသည်။

အကြောင်းမှာ အဆိုပါ နေရာများရှိ မြေကွက်များ သည် ဈေးနှုန်းအလွန်သက်သာပြီး ဂရန် မရှိသော
မြေကွက်များဖြစ်သောကြောင့် ၀ယ်ယူမှုအတွက် နိုင်ငံတော်အား အခွန်ပေးဆောင်စရာ မလိုအပ်ခြင်း
ကြောင့်ဖြစ်ကြောင်း ၎င်းကပြောသည်။

"သန်လျင်က စက်မှုဇုန်မှာ ဂျပန်က ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားတာဟာ ၀ယ်လိုအားမြင့်လာတဲ့
အချက်တစ်ခု ပါ။ နောက်တစ်ခုက ဒဂုံဆိပ်ကမ်း မြို့နယ်က ရတနာအိမ်ရာ တန်ဖိုးနည်းအိမ်ရာ
တွေမှာ လူတွေက ရင်းနှီးမြှုပ်နှံ ထားကြဖို့ လက်နှေးကြမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အခြေခံ
အဆောက် အအုံတွေ ဆောက်လုပ်မှုကြောင့် နောက်ဆိုရင် မြေဈေးတွေ အတိုင်း အတာတစ်ခု
အထိ မြင့်တက်လာမှာ ဖြစ်လို့ပါပဲ" ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်